ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Wednesday, April 10, 2013

အကြမ်းဖက်ရန် တို့ မီး ရှို့ မီးများသို့ 




အင်္ဂလိပ်မြန်မာ ပထမ နယ်ချဲ့ စစ်ပွဲက စပြီး
ကိုလိုနီ အုပ်ချုပ်မှုစနစ်နဲ့  စခဲ့တဲ့ စစ်ပွဲ ။

ကိုယ့်မင်း ကိုယ်ချင်းနဲ့  အုပ်ချုပ်နိုင်ဖို့ 
မြန်မာရှင်ဘုရင် ကာလကစပြီး ခုခံရေး စစ်ပွဲတွေ
မြန်မာပြည် အနှံ့ အပြားမှာ တိုက်ခဲ့ကြရတယ် ။

ခင်ဗျားတို့  ကျွန်တော်တို့ 
ဘိုးဘွားဘီဘင်တွေ အပါအဝင်
တိုင်းရင်းသားပေါင်းစုံက
အသက်တွေ သွေးတွေ ပေးပြီး
နှစ် ၁၀၀ ကျော်ကိုလိုနီစနစ်ကို
နည်းမျိုးစုံနဲ့ ဆန့် ကျင်ခဲ့ရတယ် ။

မြန်မာပြည် လွတ်လပ်ရေး နောက်ဆုံး အဆင့်မှာ
ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ပြီး
တိုင်းရင်းသားခေါင်းဆောင်အများစုနဲ့ 
လွတ်လပ်ရေး မဟာဗျူဟာချမှတ်ပြီး ၁၉၄၈မှာ
တရားဝင် လွတ်လပ်ရေး ယူပေးနိုင်ခဲ့တယ် ။
ဗိုလ်ချုပ်အောင်ဆန်းကို မစော်ကားပါနဲ့ 

ဒီလွတ်လပ်သော မြန်မာနိုင်ငံအတွင်းမှာ
ဘိုးဘွားဘီဘင်နေထိုင်လာကြပြီး
အတူတကွ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့
တိုင်းရင်းသား အားလုံးကို ဌါနေတိုင်းရင်းသား အဖြစ်
ထိုက်ထိုက်တန်တန် ဂုဏ်ပြုတယ် ။
ဒီနိုင်ငံမှာ မွေးလာခဲ့တဲ့
ခင်ဗျားအတွက် ကျွန်တော့် အတွက် မွေးဖွားပေးလိုက်တဲ့
မိဘတွေကို ကျေးဇူးတင် ဂုဏ်ယူမိတယ် ။

၁၉၆၂ ခုနှစ်မှာ မြန်မာပြည်ဟာ
စစ်အာဏာရှင် လက်အောက်ကို ကျရောက်ခဲ့တယ် ။
တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးက
နှစ်ပေါင်းများစွာ နည်းမျိုးစုံနဲ့ တော်လှန်ခဲ့ကြတယ် ။

အရေးအခင်းပေါင်းများစွာနဲ့  သွေးမြေကျခဲ့ကြရတယ် ။

၁၉၈၈ မှာ တတိုင်းပြည်လုံး
ဒီမိုကရေစီ တောင်းဆိုပွဲကြီးနဲ့ 
သမ္မတ ၃ ဆက် ပြုတ်ကျသွားခဲ့ရတယ် ။

ကျွန်တော်တို့  ကိုယ်တိုင်
ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ်ရွေးချယ်ပြီး
နယ်စပ်တွေမှာ ဆက်လက် လက်နက်ကိုင်ခဲ့တယ် ။
အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရတယ် ။ 


ဂျပန်တွေဆီမှာ ပါးရိုက်ခံပြီးသင်တန်းတက်ခဲ့တဲ့
ရဲဘော်သုံးကျိတ် ဝိဥာဉ်တွေနဲ့ အတူ
ကြံ့ ကြံ့ ခံပြီး တိုက်ပွဲဝင်လာတာ ၂၅ နှစ် ရှိလာခဲ့ပြီ ။

ဒီကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို
ဗဟိုပြု ခေါင်းဆောင်စနစ်နဲ့ 

ခွန်အားတွေ အင်အားတွေ တည်ဆောက်ခဲ့ကြရတယ် ။
ဒေါ်အောင်ဆန်းစုကြည်ကို  မစော်ကားပါနဲ့ 

နိုင်ငံတကာရဲ့  အကူအညီနဲ့ 
မြန်မာပြည်ကို ဒီမိုကရေစီ စနစ်တည်ဆောင်ဖို့ 
စတင်ပြောင်းလဲလာတဲ့ ကာလရောက်လာပါပြီ ။

ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေးကို လေးစားလိုက်နာမဲ့
တိုင်းရင်းသားအားလုံးနဲ့ လူထုအားလုံးကို
ဆက်လက်ပြီး လက်တွဲသွားမှာပါ ။

မြန်မာ့ လွတ်လပ်ရေး သမိုင်း
မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲ သမိုင်းမှာ
အုပ်တချပ် သဲတပွင့် မလုပ်ခဲ့ဘဲ မပါဝင်ဘဲ

အချောင်သမား စိတ်ဓါတ်ရှိသူတွေနဲ့  လက်မတွဲလိုပါ ။

ကျွန်တော်တို့ စိတ်နှလုံးထဲက ခေါင်းဆောင်ကို စော်ကားသူတွေ
ကျွန်တော်တို့ ချစ်တဲ့ မြန်မာပြည်ကို ရောင်းစားသူတွေ ကို


ဆက်လက် သည်းခံပြီး လက်တွဲ ရှင်းပြရန်မလိုဟု
ပြတ်သားစွာ ဆုံးဖြတ်လိုက်ပါသည် ။

မြန်မာပြည်တွင်းမှာ အေးချမ်းစွာ နေထိုင်လိုကြသော
စစ်ဖိနပ်အောက်က တိုင်းရင်းသား ညီအကိုမောင်နှမများကို
အစ္စလာနိုင်ငံများ အားကိုးနဲ့  နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ကာ
အကြမ်းဖက်သည့် နိုင်ငံသားများ ဖြစ်အောင်
လှုံဆော်နေသည်ကို ရပ်ကြစေလိုပါသည် ။
ထို့ အတူ အင်တာနက်မှ
ပြည်တွင်းကို တို့ မီးရှို့ မီး လုပ်နေသော
လူများလည်း ရပ်တန်းက ရပ်စေလိုပါတယ် ။
ဘာသာရေးကို ဘန်းပြပြီး
ထင်ပေါ်ကျော်ကြားမှု တည်ဆောက်နေသူများ
ရပ်တန်းက ရပ်ကြပါ ။ 

မြန်မာပြည်မှာ တရားဥပဒေ ကျင့်သုံးဖို့  ကြိုးစားကြပါ ။

အမိမြန်မာပြည်သတင်းကို ပုဆိန်ရိုးလုပ်ပြီး
ဗီဒီယို သတင်းများ ဓါတ်ပုံများ လုပ်ကြံ ဖြန်ဝေမှုများရပ်ကြပါ ။
မြန်မာပြည်ကို ဘာသာရေး စစ်မြေပြင်ဖြစ်အောင် မလုပ်ကြပါနဲ့  ။

ဒီကနေ့  မြန်မာပြည် အခြေအနေဟာ
လှုံ့ ဆော်မှုတွေကြောင့် မလိုလားအပ်တဲ့
အကြမ်းဖက်မှုတွေ ဖြစ်လာနေပါတယ် ။

အစ္စလာမ်နိုင်ငံများနဲ့  စစ်ဖြစ်အောင်
သတင်းပေးလုပ်နေသည်ဟု ယူဆသူ အားလုံးကို
ကျွန်တော် ဖေ့ဘုတ်သူငယ်ချင်း စာရင်းထဲမှ
ရှာဖွေပြီး ဖြုတ်ပါတော့မည် ။
အကြမ်းဖက်ရန် အားပေးသူများကိုလည်း
ထိထိရောက်ရောက် တစုံတခု ပြုလုပ်မည်ဖြစ်ပါသည် .

မြန်မာပြည်တွင်းက တိုင်းရင်းသားလူထုများ
ယဉ်ကျေးမှုနဲ့ အတူယဉ်တွဲနေထိုင်လိုသော
သူများ အားလုံးကို ကြိုဆိုပါတယ် ။

No comments:

Post a Comment