ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Sunday, February 5, 2012

Ko Moe Thee gave the permission to kill ? ? ?

English email read for under ,

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-)(အောင်မိုးဝင်း )

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-) ကို ရေးနေရင်းက
ဖြည့်စွက်ချက် တခုကို ထည့်ပေးရတော့မယ် ဆိုတာ သဘောပေါက်ခဲ့ကြတယ်။
ဒီလိုထည့်ဖို့ရာ အကြောင်းဖန်လာခြင်းရဲ့အဓိကအကြောင်းရင်းကတော့

ကိုမိုးသီးဇွန် ဗဟိုကော်မတီ ရဲ့ ၁၉၉၂ ( မတ်လ) မှာ ထုတ်ဝေခဲ့တဲ့စာတစောင်နဲ့
သူ့ရဲ့ စရိုက်လက္ခဏ၊ ပြောဆိုနေမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂမှ ရဲဘော်များ နဲ့ မြောက်ပိုင်းဒေသမှ ထွက်ပြေးလွတ်မြောက်လာသူများ သေသေချာချာဖတ်စေချင်ပါတယ်။

ကျောင်းသားခေါင်းဆောင်လို့ ကြွေးကြော်နေတဲ့သူတွေဟာ
မြောက်ပိုင်းဒေသမှာ နှိပ်စက်ဖမ်းဆီးခံခဲ့ရ၊
အသတ်ခံခဲ့ရတဲ့သူတွေအပေါ်
ဘယ်လိုသဘောထားသလဲ ဆိုတာ သိစေချင်လို့ပါ။
စာရဲ့ အဆုံးသတ်မှာ တင်ပြထားတဲ့ ဒေါက်တာနိုင်အောင်ရဲ့စာ ဟာ
ဒီဆောင်းပါးရဲ့ အဓိကအချက်အလက် လို့ ပြောလိုက်ချင်ပါတယ်။

ရှေ့ဆက်ရမဲ့ခရီး
ကျနော်နဲ့ မအေးအေးစိုးဝင်း တို့နှစ်ယောက်
မနေ့ကမှ တေ့တေ့ဆိုင်ဆိုင် ဖုံးစကားပြောဖြစ်ကြတယ်။
သူနဲ့ကျနော်က ဖေ့ဘွတ်ပေါ် မှာသာ တယောက်ရေးတာတယောက် ဆွေးနွေးခဲ့ကြပေမဲ့
လူပုဂ္ဂိုလ်ချင်းအရ အဆက်အသွယ်မရှိခဲ့ပါဘူး။

ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ လုပ်ရပ်တွေကြောင့်ပဲ ကျနော်တို့တတွေ ဖုံးဆက်ဖြစ်ကြတယ်။
ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေအတွက် ကျနော်တို့ကြားမှာ
ရှင်းရှင်းလင်းလင်း သွားချင်တာကြောင့် တယောက်နဲ့တယောက်
ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ကြခြင်းဖြစ်တယ်။

မြောက်ပိုင်းဒေသမှ အစုလိုက်အပြုံလိုက် လူသတ်မှုကိစ္စကိုဆွေးနွေးကြတဲ့အခါမှာ
အုပ်စုတိုက်ပွဲပုံစံအသွင်ကူးပြောင်းချင်တဲ့၊
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအစွန်းရောက်တဲ့ သူတွေအားလုံးကို ရှောင်ပြီး
ကျနော်တို့က လုပ်ချင်ပါတယ်။
အုပ်စုတိုက်ပွဲပုံစံနဲ့ချည်းကပ်တဲ့အရာမှန်သမျှဟာ အမှန်တရားကို မရောက်နိုင်ပါဘူး။
ဒါကြောင့် ကျနော်က မအေးအေးစိုးဝင်း ကို
ကိုမိုးသီးဇွန်အပေါ် ထားတဲ့သဘောထားတွေကို မေးခဲ့တော့ သူ့အဖြေက ရှင်းပါတယ်။

သူက အမှန်တရားဘက်ကပဲ ရပ်တည်မယ်၊
ဘယ်သူ့လူမှ မဟုတ်ဘူး လို့ ဆိုပါတယ်။
ကိုမိုးသီးဇွန်ရဲ့ သဘောထားတွေ၊
လုပ်နည်းလုပ်ဟန်တွေကိုလည်း ကျနော့်ကို ရှင်းပြပါတယ်။
မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့လည်း သေသေချာချာမေးမြန်းဖြစ်ပြန်တယ်။

ကိုမိုးသီးဇွန်တို့ ထုတ်ပြနေတဲ့စာဟာ
မငယ် ( နန်းအောင်ထွေးကြည်) ဆီက ရခဲ့တာလား။
ကိုယ့်အတွက် အသက်ရှုပေါက်ရမဲ့စာတစောင်ကို ထုတ်ပေးခဲ့ရဲ့သားနဲ့
ဘာကြောင့် သူက အခုလို ကိုယ်ချင်းစာစိတ်မဲ့တဲ့စကားတွေပြောနေသလဲ။
အစုံပါပဲ။
အားလုံးတိုင်ပင်ပြီးတဲ့အခါ ကျမှ၊
ဒီအကြောင်းအရာတွေကို မိတ်ဆွေတွေ သိထားသင့်တယ် ထင်လို့ ရေးပြလိုက်တာပါ။
မဟုတ်ရင် သူကပဲ အမှန်တရားကို ချစ်သယောင်ယောင်၊
နစ်နာနေသူတွေဘက်ကပဲ ပြတ်ပြတ်သားသားရပ်တည်နေသယောင်ယောင်
နှမ်းဖြူးဟန်ဆောင်နေမှာစိုးလို့ပါ။

မြောက်ပိုင်းကိစ္စအပေါ်မှာ
၁၉၉၂ တုံးက မြောက်ပိုင်းလူ့သတ်မှုတွေအပေါ်မှာ၊
ကိုနိုင်အောင့် အုပ်စုက ဘယ်လို၊
ကိုမိုးသီးအုပ်စုက ဘယ်လိုသဘောထားတယ် ဆိုတဲ့

ကြေငြာချက်တွေဟာလည်း မဖြစ်မနေဖတ်ရမှာဖြစ်သလို၊
ဒီကနေ့လက်ရှိမှာ အဲ့ဒီလူတွေက မြောက်ပိုင်းလူသတ်မှုအပေါ်မှာ ဘယ်လို သဘောထားတယ်၊
ကိုယ်ချင်းစာစိတ် ဘယ်လိုရှိတယ် ဆိုတာကိုလည်း သိဖို့လိုပါလိမ့်မယ်။

တကယ်တော့ စာရွက်စာတမ်းတွေအားလုံးက ကျနော်တို့လက်ထဲမှာ အကုန်ရှိပြီးသားပါ။
ကိုအောင်ထူး ရဲ့ လက်မှတ်နဲ့ထိုးထားတဲ့စာ၊
ဒေါက်တာနိုင်အောင်ရဲ့စာတွေအပြင်၊
ကိုမိုးသီးဇွန် ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အမည်ပေးထားတဲ့စာတွေလည်း
ကျနော်တို့ဆီမှာ ဖိုင်တွဲနဲ့သိမ်းထားပြီးသားပါ။

တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ မသိတာကြောင့် ဝင်မပါချင်တာတပိုင်း၊
မြောက်ပိုင်းကိစ္စကိုသာ အရင်ရှင်းချင်တာ တပိုင်းကြောင့် အဲ့ဒီ အဆင့်ကို ထိကို မထိခဲ့တာပါ။

ဒါပေမဲ့ အခုတော့ ကိုမိုးသီးဇွန် တို့ ဘက်က ၁၉၉၂ တုံးက စာကို ထုတ်ပြနေတာကြောင့်
ကြားဖြတ်ရှင်းပြရမဲ့အဆင့် ကို ရောက်လာခဲ့ပါတယ်။

ကိုမိုးသီးဇွန်၊
နန်းအောင်ထွေးကြည် နဲ့ ကိုထိန်လင်း
၂၀၀၉ ခုနှစ်မှာ နန်းအောင်ထွေးကြည် တယောက်၊ထိုင်းကို ပြန်တော့
ကိုမိုးသီးဇွန် နဲ့ ထိုင်းနယ်စပ်က ဒီမိုကရေစီရေးလှုပ်ရှားသူ တချို့ နဲ့ ဆုံခဲ့ပါတယ်။
ကိုမိုးသီးဇွန်ကိုယ်တိုင်
နန်းအောင်ထွေးကြည်တည်းခိုတဲ့နေရာကို လိုက်ခဲ့ပြီး “ ဟာ ဟုတ်တယ်၊
ဒီကောင်တွေ ရက်စက်လွန်းတယ်။
ဒီ မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ရမယ်” လို့ အာဘောင်အာရင်းသန်သန်ပြောခဲ့ပါတယ်။

ဒီကနေ့ ကိုမိုးသီးဇွန်တို့ အုပ်စု ရတဲ့ ၁၉၉၂ စတိတ်မန့်ဆိုတာ
နန်းအောင်ထွေးကြည်က ရတာလား။
( ဒါမှမဟုတ်) ကိုမိုးသီးဇွန်တို့ရဲ့ သုသေသနဋ္ဌာနကြီးက ရတာလား။
ကာယကံရှင်တွေ အသိကြဆုံးပါ။

ကိုအောင်နိုင်ဦးက ဋ္ဌေးနိုင် ဘယ်လို အသတ်ခံခဲ့ရတယ်ဆိုတာတွေတောင် 
နန်းအောင်ထွေးကြည်ကို ရှင်းပြခဲ့တာမို့လား။

ကိုထိန်လင်း တယောက် ထိုင်းကို ပန်းချီပြပွဲသွားတဲ့အခါမှာလည်း၊
ကိုမိုးသီးဇွန်တို့အုပ်စုက မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ဖွင့် ချဖို့ တိုက်တွန်းခဲ့သေးတယ် လို့ သိရပါတယ်။

ဒီလို အာဘောင်အာရင်း သန်သန်ပြောခဲ့တဲ့ ကိုမိုးသီးဇွန်ဟာ
ကိုထိန်လင်းနဲ့ ကျနော်တို့တတွေ မြောက်ပိုင်းကိစ္စကို စတင်ရေးလာ ကတည်းက
သွေးရူးသွေးတန်းနဲ့ လိုက်ကန့်ကွက်ခဲ့ပါတယ်။

သူနဲ့ရင်းနှီးတဲ့ကျောင်းသားတချို့ကို ဒီကိစ္စတွေထဲမှာ မပါဖို့ တိုက်တွန်းခဲ့တယ်။

“ရေးသားနေတဲ့ သူတွေဟာ ရန်သူအကြိုက်လိုက်လုပ်နေတယ်။”
“ ABSDF ကို တိုက်ခိုက်နေတယ်” ဆိုတဲ့ ဝါဒဖြန့်ချီရေးတွေအပြင်
“ကာယကံရှင်တွေက မရေးပဲ ဘာလို့ မအေးတို့က ဆွေ့ဆွေ့ခုန်နေတာလဲ”

ဆိုတဲ့စကားမျိုးတွေ ကိုလည်း မအေးအေးစိုးဝင်းကို ပြောခဲ့တယ် လို့ သိရပါတယ်။

တိုင်းပြည်ရဲ့ရန်သူဆိုတာ ဘယ်သူလဲ
တိုင်းပြည်ရဲ့ ရန်သူဆိုတာ
အာဏာရှင်ဖြစ်တဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုတင်ခေါ်ဆိုတာ မဟုတ်ပါဘူး။
သူတို့လိုပဲ အာဏာရူး၊ နေရာရူး ပြီး ကိုယ်ခေါင်းဆောင်မဖြစ်ရင်
ကျန်တဲ့သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားနေတဲ့
သဘောထားသေးသိမ်သူ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။

ခေါင်းဆောင်ရူးရင်းရူးရင်းနဲ့ ဘယ်သူတွေ မြောင်းထဲရောက်ကုန်ကြပြီလဲ။
အမေရိကားကျောင်းသား အစည်းအဝေးတချို့မှာ
“ပြည်တွင်းပြန်ဝင်ဖို့အတွက် ကျနော့ကို ကိုယ်စားလှယ်ပေးကြပါခင်ဗျား”
လို့တောင်းနေရတဲ့အဆင့်ကို ဘယ်သူတွေရောက်ကုန်ကြပြီလဲ။
ကိုယ့်ဘာသာ ပြန်သုံးသပ်စေ ချင်ပါတယ်။

ကာယကံရှင် ဆိုတာဘယ်သူလဲ
ကာယကံရှင်ဆိုတာ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့
အသတ်ခံရသူတွေကိုမှ ကာယကံရှင်လို့ခေါ်တာ မဟုတ်ပါဘူး။
လုပ်ဖေါ်ကိုင်ဘက် ဗကသ ( အထက်ဗမာပြည်) ရဲဘော်များကလည်း၊
သူတို့ရဲဘော်တွေဟာ ရန်သူ့သူလျှိုမဟုတ်ကြောင်း
ပြတ်ပြတ်သားသား ရပ်တည်ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။
ကျနော်တို့ဟာ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါတိုင်း
ကိုယ့်ရဲ့ရဲဘော်တွေဘက်က တာဝန်ယူ ရပ်တည်လေ့ရှိပါတယ်။
မျက်နှာလွှဲခဲပစ်လုပ်လေ့မရှိပါဘူး။
ဒါမှာလည်း ရဲဘော်ရဲဘက်စိတ်ရှိတယ်ခေါ်မှာပါ။
ကိုထွန်းအောင်ကျော် နဲ့ စိုးဝင်းသန်းဟာ
ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့အတွက်

ဗကသ ရဲဘော်တွေကလည်း
သူတို့ရဲ့ သမိုင်းရေးဆိုင်ရာ ကိစ္စတွေကို တာဝန်ယူ ရပ်တည်သွားကြမှာပါ။

ကိုမိုးသီးဇွန်ဘဝမှာ ကိုယ့်အပေါ်ကောင်းခဲ့တဲ့
လူတွေအပေါ် ရဲဘော်ရဲဘက်စိတ်ရှိခဲ့ပါသလား။
မိုးထဲလေထဲမှာ ချကြွေးပစ်ခဲ့အဖြစ်မျိုးဘယ်နှစ်ခါ လုပ်ခဲ့ပါသလဲ။

ကိုဇော်ထွန်း ( ဆေးတက္ကသိုလ်) ဘယ်လိုသေခဲ့ပါသလဲ။
မြောက်ပိုင်းကိုရောက်သွားတဲ့ တောင်ပိုင်းက
ABSDF ရဲဘော်တွေရဲ့လုံခြုံရေးကိုရော တာဝန်ယူခဲ့ဘူးပါရဲ့လား။

ထပ်ပြီးပြောလိုက်ပါမယ်။
မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်မှုဟာ အမျိုးသားရေးပါ။
မတရားမှုကို ဆန့်ကျင်သူ၊
ယဉ်ကျေးမှု ရှိသူအားလုံး ပါဝင်ပိုင်ခွင့်ရှိပါတယ်။

အောင်ပွဲကို ရပြီဆိုပဲ
ကိုမိုးသီးဇွန် ရဲ့ နီးစပ်တဲ့သူတယောက်က ဆိုပါတယ်။
“ ဒီမိုကရေစီ အောင်ပွဲရခါနီးခါမှ မြောက်ပိုင်းလူသတ်မှုအပုပ်တွေကို ဖေါ်နေကြတယ်” တဲ့။
နေစမ်းပါအုံး။

“အောင်ပွဲရခါနီးပြီ” ဆိုတဲ့စကားနဲ့
“၂၀၀၈ အခြေခံဥပဒေအောက် အားလုံးဒူးထောက်ရေး” ဆိုတဲ့စကား
ကွဲပြားအောင်လုပ်ဖို့လိုပါလိမ့်မယ်။

လူငယ်တွေကို မီးရှို့ခိုင်း၊
ခဲနဲ့ပေါက်ခိုင်း မင်းမဲ့စရိုက်လှုံ့ဆော်မှုတွေပြောပြီး
ပြည်တွင်းကို ပြန်ဝင်ဖို့ ချောင်းနေတဲ့
ခပ်ညံ့ညံ့ကျောင်းသားခေါင်းဆောင်တယောက်လို
အလုပ်မျိုး ကျနော်တို့ မလုပ်ခဲ့တာတော့ သေချာပါတယ်။

ကြွေးကြော်သံတွေ ရမ်းရမ်းကားကားပြောပြီး မေ့ပျောက်လွယ်၊
ဒူးထောက်လွယ်တဲ့သူတွေ၊ မဟုတ်ခဲ့တာလည်း သေချာပါတယ်။

ဗကသ ( အထက်ဗမာပြည်) အပေါ် သဘောထား

တကယ်တော့ ကျနော်ထိုင်းနယ်စပ်ကို ရောက်ခါစ ၁၉၉၈ လောက်မှာထိ
ကိုမိုးသီးဇွန်ဟာ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ညီလာခံတွေကို
ခါးခါးသီးသီး ငြင်းပယ်လေ့ရှိပါတယ်။

သူပါခဲ့တဲ့ သြဂတ်စ် (၂၈) ဗကသ လောက်ကိုသာ သမိုင်းလို့ထင်ပြီး
ကျန်တဲ့ ဗကသ သမိုင်းတွေကို “ ဘယ်သူ့ကို ကိုယ်စားပြုလို့လဲ” ဆိုတဲ့
မေးခွန်းတွေထုတ်ပြီး သူများတွေရဲ့ သမိုင်းကို အထင်သေးသူဖြစ်တယ်။

လက်မခံသူဖြစ်တယ်။ ဗကသ၊ လူ့ဘောင်သစ်၊ ABSDF စတဲ့အဖွဲ့တွေအားလုံးကို
သူတယောက်တည်းပဲ ပိုင်ဆိုင်သယောင်ယောင်
လက်ဝါးကြီးအုပ် မင်းမူချင်သူတယောက်ဖြစ်တယ်။

ကိုထွန်းအောင်ကျော်ဟာ မန္တလေးမှာ ထင်ရှားတဲ့ခေါင်းဆောင်တယောက်လို့ သိခဲ့မယ် ဆိုရင်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ရဲ့ ညီလာခံကိုလည်း သိနေသင့်ပါတယ်။

ကျနော်တို့ပြောတဲ့ ဗကသ သမိုင်း ဟုတ်မဟုတ်
လက်ရှိအသက်ထင်ရှားရှိနေတဲ့ ကိုကိုကြီး၊ ကိုပြုံးချို တို့ကို မေးလိုက်ပါ။

ဒါကြောင့် ၁၉၉၂ မှာ ထုတ်ဝေခဲ့တဲ့ ကိုမိုးသီးဇွန် အုပ်စုရဲ့
မြောက်ပိုင်းဒေသ လူသတ်မှုအပေါ် သဘောထားကို ကြေငြာချက်ကို ဖတ်ပြီး
လူတွေရဲ့ ရင်ထဲမှာ မေးခွန်းတွေရောက်လာပါတယ်။
ဗဟိုကော်မတီရဲ့သဘောထားကတော့ ထားလိုက်ပါတော့။
ဘာမှ မှတ်ချက်မပေးချင်ပါ။
ဗဟိုကော်မတီထဲမှာ ကျနော်တို့အပေါ် သဘောထားမှန်တဲ့သူတွေ ရှိနေလို့ပါ။

ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ စရိုက်လက္ခဏာကတော့ ကြေငြာချက်နဲ့ကွာဟနေပါတယ်။
ကိုမိုးသီးဇွန်ဟာ မြောက်ပိုင်းလူသတ်မှုကို တကယ်ရှုတ်ချချင်တဲ့ ဆန္ဒရှိတယ်ဆိုရင်
ဘာဖြစ်လို့ အခုချိန်မှာ ခံစားခဲ့ရသူတွေဘက်က ကိုယ်ချင်းစာစိတ် တစက်မှ မရှိခဲ့တာလဲ။

ဘာလို့ အဖြစ်မှန်ရေးသားနေသူတွေကို နည်းပေါင်းစုံလိုက် တိုက်ခိုက်နေတာလဲ။
ဘာကို ကြောက်နေတာလဲ။
လူတော်တော်များများကတော့ ကိုဋ္ဌေးနိုင် အသတ်ခံရတဲ့ အမှုဟာ မြောက်ပိုင်းကိစ္စ နဲ့ ဆက်နွယ်နေတာကြောင့်
သူ့ဆီကို အမှုပတ်လာမှာ စိုးလို့ လို့ ဆိုကြပါတယ်။
ကျနော်တို့အုပ်စုမှာတော့ အဲ့ဒီထက် စိတ်ဝင်စားစရာကောင်းတဲ့ စာတစောင်ရှိနေပါတယ်။
ဒီစာတစောင် နဲ့ ၁၉၉၂ ဗဟိုကော်မတီက ထုတ်ဝေတဲ့ သဘောထားကြေငြာချက်ကို
နှိုင်းယှဉ်ပြီး ဖတ်လို့ရနိုင်အောင်လို့ပါ။

ဒေါက်တာနိုင်အောင်ရဲ့စာ

တကယ်တော့ ဒီစာကို အပြင်မှာထုတ်ပြဖို့ စိတ်ကူးတစက်မှ မရှိခဲ့ပါဘူး။
ဒေါက်တာနိုင်အောင်က ကိုသန်းဝင်းရဲ့စာကို တုန့်ပြန်ခဲ့တဲ့အခါ
ကျနော့ဆီကို ( cc) တွဲပြီး ပို့ပေးခဲ့ပါတယ်။
ကျနော်က စည်းထားပါတယ်။
ဒီလို ပုဂ္ဂိုလ်ရေးယုံကြည်လို့ ပေးတဲ့စာ ကို ထုတ်ပြလေ့မရှိပါဘူး။
ဒါပေမဲ့ ကိုသန်းဝင်း က အဲ့ဒီစာကို ထုတ်ဖေါ်ပြောခဲ့ပြီး ဖြစ်သလို၊
ကိုမိုးသီးဇွန် ရဲ့ ကြောက်လန့်တကြား လိုက်လံတားဆီးခဲ့တဲ့ လုပ်ရပ်တွေကို
သံသယဖြစ်ခဲ့လို့ ဒီစာကိုထုတ်ပေးလိုက်ပါတယ်။
အရေးကြီးတဲ့ စာကြောင်းကို လိုင်းတားပေးထားပါတယ်။
ဒေါက်တာနိုင်အောင့် ရဲ့ စာအရဆိုရင်တော့
“ မြောက်ပိုင်းလူသတ်မှုကို အမိန့်ပေးသူဟာ ကိုမိုးသီးဖြစ်ပါတယ်” တဲ့။

ကိုသန်းဝင်းနဲ့ အပြန်အလှန်ရေးတဲ့စာ အဆုံးသတ်ခါနီးမှာ ဟော့သလိုရေးထားပါတယ်။
“အဖွဲ့နှစ်ဖွဲ့ မကွဲခင်မှာ ရန်သူ့သူလျှိုတွေကို သတ်ဖို့ ကိုမိုးသီးက ခွင့်ပြုခဲ့တာကို မင်းသိသလား။
စာရွက်စာတမ်းတွေအားလုံးကို ငါတို့ သိမ်းထားပါတယ်”

Do you know that Ko Moe Thee gave the permission to
execute the spys in northern before the split?
We have kept all documents.

ကိုနိုင်အောင်ရဲ့စာဟာ လွန်ခဲ့တဲ့ (၂) နှစ် ၂၀၁၀ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါတယ်။
အဲ့ဒီကာလတုံးက ကိုသန်းဝင်းဟာ ကိုမိုးသီးနဲ့ ကိုနိုင်အောင်ဆီကို အိပ်ဖွင့်ပေးစာတွေရေးနေတဲ့အချိန်ပါ။

သူတို့ဖြစ်နေတဲ့ကိစ္စက ကျနော်နဲ့ဘာမှ မပတ်သက်ပါဘူး။
ဒါပေမဲ့ မြောက်ပိုင်း ကိစ္စတွေပါလာတိုင်း ကျနော်နဲ့သက်ဆိုင်မယ် ထင်လို့
ကိုနိုင်အောင်က ကျနော့်ကို စာတွဲပို့ပေးလိုက်တယ် လို့ ယူဆပါတယ်။
မြောက်ပိုင်းကိစ္စတွေကို ကျနော်နဲ့ ဒေါက်တာနိုင်အောင် အေးအေးဆေးဆေး ပြောဖြစ်ကြပါတယ်။
ကျနော်တို့အမြင်တွေတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ဆွေးနွေးခဲ့ကြပါတယ်။

ကိုမိုးသီးဇွန်ကတော့ ၁၉၉၈ ကာလ၊ ထိုင်းနယ်စပ်မှာကတည်းက
မြောက်ပိုင်းလူသတ်မှုအကြောင်းစကားစတိုင်း အပြောမခံခဲ့ပါ။
ဒါဟာ ကျနော်တွေ့ခဲ့ရတဲ့ ABSDF ခေါင်းဆောင်နှစ်ယောက်ရဲ့ သဘောသဘာဝဖြစ်ပါတယ်။
ကျန်တဲ့ကိစ္စတွေ၊ စာရွက်စာတမ်းတွေကတော့ ကာယကံရှင်တွေကသာ ဆက်ပြီး ဆွေးနွေးကြပါလိမ့်မယ်။

ဒီအပေါ်မှာ ကျနော့သဘောထား ဘာမှ မပေးချင်ပါ။ ဒေါက်တာနိုင်အောင်ရဲ့စာကို တွဲပြီး တင်ပြလိုက်ပါတယ်။

--- On Wed, 2/10/10, Naing Aung wrote:

From: Naing Aung dna_freeburma@yahoo.com
Subject: Re: Open Letter to Moe Thee Zun and Naing Aung [1 Attachment]
To: "Aung Moe Win" , "Than Win"
Date: Wednesday, February 10, 2010, 10:34 PM
Dear Ko Than Win,

If it is true that you are writing letters attacking Ko Moe Thee and me and
started to involve in non-sense and time wasting wrangling,
here is my first and last response.
First of all, I don't usually reply those letters written by
those based on their self claimed status and out of frustration.
But I don't want the ordinary people to hate more and more of
88 generation over your furious over you are wrong and I am right, clean and clever.
If Moe Thee claimed the social event as political one, please talk to Ko Moe Thee.
I criticized him face to face, I don't attack in front of the people who don't need to know.
Secondly, if you want to talk about history of ABSDF,
please remember what you have done to ABSDF.
Don't you know that there are thousand of
ABSDF will point the fingers on you during your administration.
Thirdly, most of decisions of ABSDF were made by committee,
I never acted alone like you did. But I take the responsibility as chair of ABSDF
whether I agreed the decision or not. I still do.
Fourthly, I am not saying I am right all the time,
people has rights and wrongs. It is important to learn and correct.
Whether you like it or not,
I am still working for the movement.
People like you who left ABSDF cannot tell that I have destroyed ABSDF.
How many members left when I assumed Chairmanship?
You are the one who supported ko Moe Thee after the split even knowing what
ko Moe Thee's behavior as you mentioned.

Do you know that Ko Moe Thee gave the permission to execute the spys in northern before the split?

We have kept all documents.
In one day, those will be explained to family but during the movement time,
I have only one enemy.
So i want you to get matured.
Please swallow your personal guilty feeling and support in best way you can.
If you don't satisfy on what the people in the movement doing,
please do some constructive and positive works.

Nobody can stop you if you are doing good.
Please don't make the ordinary people to hate your revolution more than you did.
Please don't post this email without my authority.

best,
DNA



Posted by ခွပ်ဒေါင်းအော်သံ at 9:29 PM 0 comments



Friday, February 3, 2012
မြောက်ပိုင်းမှာ အသတ်ခံရသော ရဲဘော်များအတွက် 
အမှတ်တရဖြစ်မြောက်ကိုယ်မတီအစည်းအဝေး




The Voice Weekly
မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ ဖြစ်မြောက်ရေး ကော်မတီ၏ လုပ်ဖော်ကိုင်ဖက်များ တွေ့ဆုံညှိနှိုင်းခြင်းနှင့်
မီဒီယာများသို့ အကူအညီ တောင်းခံခြင်း
အခမ်းအနား သတင်းဓာတ်ပုံများ။
အဆိုပါ အထိမ်းအမှတ်ပွဲကို ၁၂ - ၂ -၂၀၁၂ နေ့တွင်
မြဝတီကျောင်းတိုက်တွင် ကျင်းပပြုလုပ်မည်ဟု
ABSDF တွင် ဗန်းမော်ခရိုင်မှူး လုပ်ခဲ့သူ ဦးညီညီကျော်က ပြောကြားသည်။

[ဘုရားကြီး အလယ်တိုက်၊မန္တလေး၊ ဖေဖော်ဝါရီ ၃]


ကျောင်းသားတပ်မတော် နာမည်ပျက်သွားအောင် ဖျက်စီးမည့်
ဒုတိယ အကြိမ်ဗဟိုကော်မတီညီလာခံ အတွင်းက အာဏာရူး အချို့  ၁၉၈၉


(ဒီစာတွေ ဒီဓါတ်ပုံတွေကို ဒီလိုဖြေရှင်းချက်တွေ အတွက်
မှတ်တမ်းတင်ရ လိမ့်မယ်လို့ တော်လှန်ရေး လုပ်ခဲ့တဲ့
အနှစ် ၂၃ နှစ် အတွင်း တခါမှ မစဉ်းစားမိခဲ့ဖူး ။

မေးချင်ဘဲ မေးနေရတယ် ။
မဖတ်ချင်လဲ ဖတ်နေရတယ် ။
နားမထောင်ချင်လဲ နားထောင်နေရတယ် ။
မရေးချင်လဲ ရေးနေရတယ် ။
မပြောချင်လဲ ရှင်းပြနေရတယ် ။
မတင်ချင်လဲ တင်ပြနေရတယ် ။
အသက်တွေပေးခဲ့ဖူးတာ
မလုံလောက် သေးဖူး ။
နာကျည်းမှု သက်ပြင်းတွေ ရှုရင်း
ရင်ထဲမှာ ဆတ်ဆတ်တုန်အောင် ခံစားနေရင်း
အလိုလိုကျလာတဲ့ မျက်ရည်တွေ မှင်တွေဖြစ်လာရင်း
အမှန်တရား နှလုံးသားက အမိန့် ပေးတဲ့ အတိုင်း
နောင်လာနောင်သားတွေ အတွက်
ဒီမိုကရေစီ ကြိုးစားမှု
သမိုင်း စာမျက်နှာတခုက
အာဏာရှင် မှိုတက်တာတွေ
ရှာဖွေပေးနေရပြီ ။






 


No comments:

Post a Comment