ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Monday, February 20, 2012

အသားထဲက လောက်


၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီး
မြန်မာပြည် လွတ်လပ်ရေး ။
ဒီမိုကရေစီရရှိရေး ။
လူ့ အခွင့်အရေး အတွက်
အသက်တွေပေး ။
ဘဝတွေ စတေးပြီး
နှစ်ပေါင်းများစွာပေးဆပ်ရင်း
ကျောင်းသားတပ်မတော် မှာ တာဝန်ထမ်းဆောင်ခဲ့ကြတယ် ။
အသက်ပေးပြီး အောက်ခြေက တာဝန်ယူခဲ့တဲ့
ရဲဘော်ကျောင်းသားတွေ နာကျည်းချက်ကို
အမြန် အကောင်အထည် ဖေါ်ကြပါ ။
နာကျည်းသွားတဲ့ ကျောင်းသားရဲဘော် တယောက်က
ချဉ်ပေါင်းဟင်းနဲ့  ဝက်သားဟင်း လဲဖို့ ဝန်မလေးဖူး။

ထွက်လာတဲ့ လောက်ရော 
 ပုတ်သွားတဲ့ အသားရော 
မိမိဒါးနဲ့  မိမိဖါသာ လှီးထုတ်ရဲလို့ 
တော်လှန်ရေး ကျောင်းသားဘဝ ဖြစ်လာခဲ့တာ ။ 
လူထု အတွက် ဒီမိုကရေစီ အစိုးရနဲ့  
လူ့ အခွင့်အရေးတွေ အတွက် အသက်ပေးခဲ့တဲ့
 ကျောင်းသားတပ်မတော်ရဲ့  
အဖွဲ့ ဝင်ဟောင်းတွေ မသေဘဲ 
ကျန်နေသေးတဲ့ တပ်ဖွဲ့ ဝင်တွေ အတွက် 
လူသတ်မျက်နှာကာကို ချွတ်ချလိုက်ပါ ။
အဖွဲ့ အစည်း အကာအကွယ်တွေ ခဝါချလိုက်ပါ ။










 
 
 
 
 
 
 
 
 

No comments:

Post a Comment