ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Friday, January 27, 2012

ပြန်စာ မလာတာ ၂ နှစ်ရှိနေပြီ ။

To: dawngwin@cslxoinfo.com
Subject:  နံပါတ် ၁၂၇ ပြန်လည်စစ်ဆေးစေလိုပါတယ်။
Date: Mon, 22 Feb 2010 09:41:38 +0100
သို့
စစ်ရေးချုပ် (စစ်ရုံးချုပ်)
(ကျောင်းသားတပ်မတော်) လေးစားစွာ အကြောင်းကြားပါသည်။
http://www.absdf888 8.org/wp- content/uploads/ 2008/09/death. pdf

နံပါတ် ၁၂၇ မှာရှိသော ကိုဌေးနိုင် ၂၁၄ သဲသာထ
ကိုယ်ကိုကိုယ် သတ်သေ ဟုဖေါ်ပြထားပါသည်။

ဖေါ်ပြပေးတာကိုကျေးဇူးတင်ပါတယ်။
သေခဲ့တဲ့ ရက်စွဲ လ ခုနှစ် မရှိပါ။
မျက်မြင်သက်သေများအရ ဆိုလျှင် မျက်မြင်သက်သေများ အမည် စာရင်းလိုချင်ပါသည်။
ကိုယ်ကိုကိုယ် သတ်သေ ရတဲ့အထိ ဖြစ်ခဲ့ရတဲ့ အခြေအနေ တခုလုံးကိုသိချင်ပါတယ်။
ထိုတပ်ဖွဲ့ ဝင် စာရင်းများ လိုချင်ပါသည်။
ကျွန်တော် လူတယောက် သမိုင်းတခုရဲ့ ဖြစ်ရပ်မှန်ကို
နောက် လူငယ်များသိစေရန်ရည်ရွယ်ပါသည်။

ကျွန်တော် အဖွဲ့ အစည်းတွေ ထဲဝင်ရင်
ထောက်လှန်းရေးထင်ပြီး အသတ်ခံရတာဟု ကြားဘူးပါတယ်။
အခြေအနေဖြစ်ရပ်မှန်ကို မသိခဲ့ပါ။
၂၀၁၀ မှ ကိုသန်းဝင်းနဲ့ အခြားစာများ အရ သိရပါတယ်။
တပ်ဖွဲ့ တခု၏ ဖမ်းဆီးမှုအောက်တွင်ဖြစ်ပွားခဲ့ပါတယ်။

လူတယောက်ကို လုပ်ကြံပြီး နှိပ်စက်တာ တော့ မဖြစ်သင့်တဲ့ သမိုင်းပါ။
အစစ အရာရာ သက်သေများ ခိုင်လုံအောင် ရှာနေပါတယ်။
ပြည့်စုံရင် တရားစွဲမှာပါ။
ဒီကာလ တခုအတွင်း မှာ
နံပါတ် ၁၂၇ မှာရှိသော
ကိုဌေးနိုင် ၂၁၄ သဲသာထ ကိုယ်ကိုကိုယ် သတ်သေ
ဟုဖေါ်ပြထားချက်ကို တခုခု ဖြစ်စေချင်ပါသည်။

အရာရာကို ပေးဆပ်နေဆဲ တိုက်ပွဲ ဝင်နေဆဲ တပ်ဖွဲ့ ဝင်များကို မထိခိုက်စေချင်ပါဘူး ကျောင်းသားတပ်မတော် အနေဖြင့်
ကိုဌေးနိုင်နှင့် ပါတ်သက်ပြီး ပြန်လည်စစ်ဆေးစေလိုပါတယ်။

ဖြစ်နိုင် လျှင် အများသိ အောင် ဖြန့် ဝေပေးပါ။

ကျောင်းသားတပ်မတော် ကို
နိုင်ငံတကာ ပိုသိပြီး ယုံကြည်မှု တိုးတက်စေရန်ဖြစ်ပါတယ်။
သက်သေခံချက် အသံ
http://tayzathura.blogspot.com/2010/02/blog-post_8068.html 

  တရားတဲ့ တိုက်ပွဲတိုင်း နိုင်ရမယ် လေးစားစွာဖြင့် ဌေးတင့် ဌေးနိုင် အကို

No comments:

Post a Comment