ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Thursday, December 8, 2011

Aljazeera မှတင်ဆက်သော Inside Story Burma

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဟီလာရီကလင်တင် မြန်မာနိုင်ငံသို့လာရောက်ခြင်းအပေါ် မြန်မာနိုင်ငံရဲ့အခြေအနေများကိုဆွေးနွေး ထားတာ စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီဆွေးနွေးချက်တွေထဲမှာပါသလို၊ စစ်အာဏာရှင်တွေဟာ၊ နိုင်ငံရေးအကျဉ်းသားတွေကို bargaining chip အရောင်းအဝယ်လုပ်ရာတွင်အသုံးပြုသောပစ္စည်းတွေလိုသာသဘောထားတယ်ဆိုတာ သိပ်မှန်တယ်။ ပြည်တွင်း တိုက်ပွဲပုံစံက လုံးထွေးသွားတဲ့ လမ်းပေါ်ရောက်သွားပါပြီ ။ တော်လှန်ရေး မျက်မှန်တတ်မှသာ ကိုယ့်လူ သူလူ ကွဲပြားမဲ့  အခြေအနေတခု ရောက်တော့မှာပါ ။ ကျွန်တော်တို့  အင်မတန် သတိကြီးစွာ ထားပြီး အရာရာကို စဉ်းစားကြပါ။ အာဏာရှင်ကို ဆန့် ကျင်တယ်လို့  ပြောတဲ့ အဆင့်ကနေပြီး တဖြေးဖြေး နိုင်ငံရေး လှုပ်ရှားခွင့် နဲ့  ဒုတိယ လူတန်းစား အင်အားနဲလာတဲ့ ပြည်တွင်းကို သတိပြုဖို့ လိုပါတယ် ။ ပြည်သူလူထု၏ဆန္ဒ မပါဘဲ အတင်းအဓမ္မအတ ည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တရားမဝင် အတင်းအဓမ္မ အနိုင်ယူခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ တို့ဖြင့်၊ ဝန်ကြီးချုပ် နှင့် ဗလာဗလာဝန်ကြီးများ မတိုင်မှီအထိ၊ အလွန်တရာ ရက်စက်ကြမ်းကြုတ်သောစ စ်အာဏာရှင်များမြန်မာပြည်ကို သေနတ်အားကိုးဖြင့်အုပ်ချုပ်သည်ဆိုတာကိုတွေ့ရမည်။ အဲဒီအခြေအနေကနေ၊ ဒီဘက်ခြမ်း၊ အရပ်သားအစိုးရလိုလို၊ အပြောင်းအလဲလုပ်သယောင်ယောင်အစိုးရလိုလို ဘက်ကိုကူးပြောင်းလာတာဘာ့ကြောင့်လဲ? (က) အာဏာရှင်များအတွင်း၊ သဘောထားတင်းမာသူနှင့်ပြော့ပြောင်းသူများအကြားတင်းမာမှုများ ပိုမိုကြီးထွား လာခြင်း၊ (ခ) မြန်မာပြည်တွင်အလွန်အကျွံလူ့အခွင့်အရေး ချိုးဖေါက်မှုများ ကြောင့် ကုလသမဂ္ဂထောက်ခံသော လူ့အခွ င့်အရေးစုံစမ်းမှုကော်မရှင် commission of inquiry ကိုလက်ခံရတော့မည့်အခြေအနေသို့ဆိုက်ရောက်လာနေ ခြင်း (ဂ) အရှေ့ အလယ်ပိုင်း လူထု အုံကြွမှုများကို အနောက်နိုင်ငံများ အကူအညီနှင့် အာဏာရှင်များ ကျဆုံးခြင်း စသည့်အခြေအနေများကြောင့်၊ အာဏာရှင်များမလိုလားသည့်အခြေအနေသို့မဆိုက်ရောက်မှီ၊ အလျှင်အမြန် အာဏာရှင်တမတ်သားပါဝင်သော အရပ်သားအစိုးရတခုပေါ် လာခြင်းဖြစ်ပေမည်။ အာဏာရှင်တဖြစ်လဲ သိန်းစိန်အစိုးရရဲ့၊ အရေးတကြီးလိုအပ်ချက်တွေကဘာလဲ? (က) အာစီယံဥက္ကဌ ဖြစ်ဖို့ (ခ) စီးပွါးရေးပိတ်ဆို့မှု့တွေပွင့်ဖို့ (ဂ) အမေရိကန်နဲ့ဆက်ဆံရေးအဆင်ပြေသယောင် သရုပ်ဆောင်ဖို့ (ဃ) NLD ကို ပါလီမန်ထဲမှာ ပါဝင်ပတ်သက်နေဖို့ အထက်ကအခြေအနေတွေအတိုင်း သူတို့ လမ်းပြမြေပုံအတိုင်းလျှင်၊ ၎င်းတို့ဟာ နိုင်ငံတကာက အသိအမှတ်ပြုပေးရမယ့်၊ မြန်မာနိုင်ငံ ရဲ့ပြုပြင်ရေးအစိုးရအဖြစ်အသတ်မှတ်ခံရမှာဖြစ်တယ်။ အဲဒီလိုတွေဖြစ်လာရင် ၎င်းတို့ရဲ့အတိတ်ကလုပ်ဆောင် ခဲ့တာတွေကိုခဝါချ နိုင်လိမ့်မယ်လို့၊ စစ်အာဏာရှင်တွေယုံကြည်နေကြတယ်။ အဲဒါကြောင့်၊ အာဏာရှင်တွေဟာ၊ ၎င်းတို့လုပ်ဆောင်ဖို့လိုအပ်တဲ့၊ အဆင့်တိုင်းမှာပိုင်နိုင်စိတ်ချလောက်တဲ့အ ခြေအနေမျိုးဖြစ်အောင်လုပ်တယ်။ ဥပမာ။ ။ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်အလက်တွေကိုကြည့်ခြင်းအားဖြင့်၊ ၂၀၁၀ ရွေကောက်ပွဲကိုအတင်းအဓမ္မ အနိုင်ယူခြင်းအားဖြင့် ၎င်းတို့ရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတွေကိုထိန်းထား နိုင်ခဲ့တယ်။ ယခုလက်ရှိအခြေအနေတွေကြည့်လျှင်၊ အာဏာရှင်လက်သစ်တွေဟာ၊ လုံးဝအသာစီးကိုရနေကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ဟာ၊ မူလကရည်ရွယ်ချက်ရှိတယ်။ ယခုလိုချင်တာလေးများရသွာပြီးတဲ့နောက်၊ မသိသလိုဟန်ဆောင်ချင်လာတယ်။ ဒါပေမယ့်၊ မလွှတ်ပေးပါဘူးလို့မပြောရဲဘူးလို့ထင်တယ်။ ဘာဘဲဖြစ်ဖြစ်၊ အာဏာရှင်တွေရဲ့ စိတ်ထဲမှာ အမြဲတမ်း insecure ဖြစ်နေစေမယ့်အရာတွေကတော့၊ ၈၈၈၈ ဆိုတဲ့အင်အားစုနဲ့၊ ၈၈၈၈ ကိုဖြိုခွင်းခဲ့ခြင်းအမှု၊ ၂၀၀၃ ဒီပဲယင်းသတ်ဖြတ်မှု နဲ့၊ ၂၀၀၇ သံဃာတွေကိုချေမှုန်းခြင်းတို့ဟာ၊ ၎င်းတို့အတွက်အရိပ်မဲတွေအဖြစ်တည်ရှိနေခဲ့တယ်။ အဲဒီအထဲမှာမှ၊ အဓိကအကျဆုံးဖြစ်တဲ့၊ ၈၈၈၈ဆိုတာကို၊ လုံးဝ ပြည်ဖုံးကားချလိုက်ချင်တာဟာ၊ အာဏာရှင်တွေရဲ့ အကြီးမားဆုံး ဆန္ဒဖြစ်တယ်။ ဒါ့ကြောင့်၊ ၈၈ ခေါင်းဆောင်တွေရဲ့သဘောထားတွေကိုသိထားပြီးသည့်အပေါ်မှာ၊ ယခုလိုမြန်မာ့နိုင်ငံရေးကိုနောက်ပြန်မလှည့်တော့ဘူးလို့ကြေငြာပြီး၊ နိုင်ငံရေးအရပွင့်လင်းမှုတချို့နဲ့သွားနေတဲ့အချိန်မှာ၊ ၈၈ အုပ်စုတွေရဲ့ကြိုးပမ်းမှု့ကြောင့်၊ သမိုင်းဘီးကိုတပတ်ပြန်လည်သွားတဲ့အခြေအနေမျိုးကိုပြန်ရောက်သွားမှာ၊ စိုးရိမ်ပြီး၊ ပြန်မလွှတ်ပေးရဲသေးတာဖြစ်တယ်။ အဲဒါအပြင်အခြေအနေအရ၊ ပြန်လွှတ်ပေးစရာမလိုတဲ့အခြေအနေတွေပေးလာ မယ်ဆိုရင်လည်းပြန်မလွှတ်ပေးဖို့အစီအစဉ်ရှိပြီးသားဖြစ်ပုံပေါ်တယ်။ အဲဒါတွေအပြင် နိုင်ငံတကာမှာရှိနေတဲ့၊ ၈၈ အင်အားစုတွေကိုလည်း၊ စာရင်းထဲတောင်မထည့်တော့ဘဲ၊ လစ်လျှူရှုထားတယ်ဆိုတာ၊ အားလုံးတွေ့မြင်တဲ့အတိုင်းပါဘဲ။ ဒါဆိုရင်၊ အာဏာရှင်တွေကတော့၊ ၎င်းတို့ရွှေ့ရမယ့်အကွက်ကိုရွှေ့လိုက်ပြီးပြီ။ ကျွန်တော်တို့ ၈၈ အင်အားစု တွေအနေနဲ့ရွှေ့မယ့်အကွက်ကို၊ အာဏာရှင်တွေစောင့်နေကြတယ်ထင်တယ်။ အားလုံး အဖက်ဖက်ကနေပြီး သတိကြီးစွာနဲ့  အာဏာရှင်တွေ မသိနိုင်တဲ့ အကွက်တွေနဲ့  ဆက်လက်လှုပ်ရှားဖို့ လိုတယ် ။

No comments:

Post a Comment