ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Thursday, February 10, 2011

Myint Aung Dismissed, Placed Under House Arrest






Lt-Gen Myint Aung, Burma's former adjutant general, who was appointed defense minister by junta chief Snr-Gen Than Shwe last week, has been placed under house arrest in Naypyidaw after formally declining the ministerial position, according to sources in the Burmese capital.

“Thura” Myint Aung was thought to be in line for the position as commander-in-chief of the armed forces—a title held currently by Than Shwe—but the military junta strongman has not stepped down.



Myint Aung
“He reportedly said that he did not want to be the defense minister under the possible new Commander-in-Chief Lt-Gen Min Aung Hlaing,” a military source said.

Myint Aung graduated from the elite Defense Services Academy (DSA) Intake 18 while Min Aung Hlaing was from DSA Intake 19; Myint Aung therefore being one year senior to Min Aung Hlaing.

Sources in Naypyidaw concur that Myint Aung was popular and respected among his peers and subordinates while Min Aung Hlaing is generally seen as “arrogant.”

Lt-Gen Ko Ko will now take over as head of the Defense Ministry, it was announced at Parliament on Wednesday.

After turning down the cabinet position last week, Myint Aung was dismissed from his role as lieutenant-general then placed under house arrest and separated from his family, a source said, adding that houses in Rangoon and Naypyidaw and a vehicle that had been provided for him have been retaken.

A businessman close to Myint Aung's family said that his family members were back home in Rangoon earlier this week, but that Myint Aung did not appear.

Along with more than one dozen senior military officials, such as Gen Shwe Mann, Gen Tin Aung Myint Oo, Lt-Gen Tin Aye and Lt-Gen Ko Ko, 55-year-old Myint Aung was removed from his military position in late August.

However, Myint Aung, Ko Ko and some others continued to serve in military uniform while Shwe Mann, Tin Aung Myint Oo and Tin Aye shed their uniforms to take part in November's general elections.

At the time, rumors from Naypyidaw suggested that Than Shwe favored Myint Aung and Ko Ko to succeed him and and his deputy, Vice Snr-Gen Maung Aye, respectively.

Myint Aung’s last public appearance was on Nov 7 when MRTV evening news showed him and his wife voting at a polling station in Naypyidaw alongside other generals and their wives.

Under the autocratic rule of Than Shwe, the rise and fall of many military generals has been swift and at times seemingly arbitrary.

Related Article: Succession Rumors Swirl in Naypyidaw






ဧရာဝတီ Thursday, 10 February 2011 18:51 .သမ္မတ ဦးသိန်းစိန်ကို အစိုးရ အုပ်ချုပ်ရေး အာဏာလွှဲပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပါဝင်သော နိုင်ငံ့ဥသျှောင် အဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ်ကွပ်ကဲမည် ဖြစ်ကြောင်း နေပြည်တော်အခြေစိုက် သတင်း ရပ်ကွက်မှ စုံစမ်းသိရှိရသည်။


နိုင်ငံ့ဥသျှောင် အဖွဲ့တွင်ပါဝင်မည့် ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး
မြန်မာနိုင်ငံကို အဓိက ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်မည့် အဖွဲ့အစည်းများအဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော နိုင်ငံတော်လုံခြုံရေးကောင်စီ အဖွဲ့ဟူ၍ ၂ ဖွဲ့ ရှိလာမည် ဖြစ်သည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်၊ ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီ ဥသျှောင်အဖွဲ့ ဆိုတာက နိုင်ငံတော်ရဲ့ အဆင့်အမြင့်ဆုံးသော အဖွဲ့အစည်းကြီးပေါ့။ အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ်တာမျိုးထက် အကြံပေးအဖွဲ့ဆိုတဲ့ ပုံစံနဲ့ အစိုးရ အဆက်ဆက်ကို ကူညီအကြံပေးတာမျိုး လုပ်မယ်လို့ သိရမယ်။ ဒါပေမယ့် အဲဒီအဖွဲ့ရဲ့ သြဇာအာဏာက တော်တော်ကြီးမား ပါလိမ့်မယ်” ဟု စစ်တပ်အသိုင်း အ၀န်းနှင့် နီးစပ်သူတဦးက
ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဖြစ်ပေါ်လာမည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့ ပါဝင်သော အဖွဲ့ဝင် ၁၁ အဖွဲ့ဖြစ်သည်။

နောက်ဆုံးသိရသော သတင်းများအရ လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် နအဖက အရပ်သားအစိုးရကို အာဏာလွှဲပြောင်း ပေးမည်ဖြစ်ကြောင်း၊ ယခုအခါ နေပြည်တော်၌ အစည်းအဝေးများ ထိုင်နေပြီဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ရဲချုပ်ရာထူးကို ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းအားလည်းကောင်း၊ ရဲ အထူးသတင်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်အား ဗိုလ်မှူးကြီး တင်စိုးအားလည်းကောင်း ခန့်အပ်လိုက်ပြီဖြစ်သည်။

စစ်တပ်အတွင်း ရာထူးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကြီးစဉ်ငယ်လိုက် မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယုံကြည်သူများသာ အဓိက ရာထူးများ ရရှိနေခြင်းကြောင့် မကျေနပ်မှုများဖြစ်ပေါ်နေကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းမှ သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ် မဖြစ်ခဲ့သည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စောဒကတက်သော ဒုတိယဗိုလ် ချုပ်ကြီး သူရမြင့်အောင်သည် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ရန် အဆိုပြု ထားခဲ့သူဖြစ်ပြီး ယခုအခါ တပ်မှ အထုတ်ပယ် ခံထားရကြောင်း သတင်းရရှိသည်။

No comments:

Post a Comment