ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Sunday, January 2, 2011

သို့  မောင်မင်းချင်း မောင်ရှေးရှု




သို့ 
ဒါးမနောက်ပိတ်ခွေ ပညာရှင်
မောင်မင်းချင်း
မောင်ရှေးရှု

http://www.blogger.com/img/blank.gif
http://www.kyaymon.info/2010/12/blog-post_9612.html

http://www.kyaymon.info/2010/12/blog-post_30.html


www.myanmar.mmtimes.com/2010/news/498/news05.html


ဒီမိုကရေစီကျင့်စဉ် ဆိုသည့်အထဲတွင် ပကတိ အခြေအနေပေါ်တွင်
အပြန်အလှန် ဆွေးနွေးခြင်း အဖြေရှာခြင်း ပေါ် အခြေခံသည်ဟု
ယုံကြည်မိသည့်အတွက် ဒီစာရေးသားလိုက်ပါတယ် ။

ဒေါ်စုကြည်၏ စိတ်ထားကို သရုပ်ခွဲခြင်း
ဦးအောင်ဆန်းဦး ဒေါ်အောင်ဆန်းစုကြည် ဟု
မြန်မာဓလေ့ ထုံးစံနှင့်အညီ
ယဉ်ကျေးသော မြန်မာများအချင်းချင်း ခေါ်ဝေါ် ရေးသားကြပါသည် ။

မိသားစုအမည် အသုံး မပြုသော မြန်မာပြည်တွင်
မိဖ နာမည်များနှင့် တွဲပြီး သုံးလာသည်မှာ အစဉ်အဆက်ဖြစ်ပါသည်။
ဒေါ်စုကြည်ဆိုသည့် အမျိုးသမီး၏ မိဘများမှာ
ဘယ်လိုအတန်းအစားမှ ဖြစ်ပါသလဲ ဟုအရင် မိတ်ဆက် ရေးသားစေချင်ပါသည် ။

ယနေ့  ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီး၏ နိုင်ငံရေးအခြေအနေ လမ်းကြောင်းသည်
လူသားများ နေ့ စဉ်ဘဝ ရပ်တည်ရှင်သန်ရေးအတွက် မှန်ကန်သော
အခြေအနေ တရပ်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ် ။
လူတဦး အဖွဲ့ အစည်း တခု အတွက်မဟုတ်ဘဲ
လူတိုင်းပါဝင် နိုင်သော ကမ္ဘာ့ပြည်ထောင်စု နိုင်ငံတော်သစ်ဖြစ်ပေါ် လာရန်
ပကတိ အခြေအနေကို သိမြင်ရန်လိုအပ်ပါသည် ။

လက်တွေ့ကျသော အမှန်သုံးသပ် ရှုမြင်သော ပကတိ အရှိတရားများဟာ နိုင်ငံသူ၊ နိုင်ငံသား အားလုံး အလေးအနက်ထား ကြည့်တတ် မြင်တက်ရမည့် အခြေခံ သဘောတရား တစ်ရပ်လည်း ဖြစ်ပါတယ်။
ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ မျက်မှောက်ကာလ ကမ္ဘာ ပေါ်တွင် ဖြစ်ပျက်နေသော နိုင်ငံရေး ပဋိပက္ခများနှင့် ပြုပြင်ပြောင်းလဲရေး စီမံမှု အောက်တွင် သွေးထွက်သံယိုမှုများ၊ ပူဆွေးသောက ဗျာပါဒများ နေ့စဉ်နှင့်အမျှ တွေ့မြင် ကြားသိနေရမှုများနှင့် ချိန်ထိုးနှိုင်းစာပါလျှင် အလွန်တရာမှ နူးညံ့ညင်သာသော
လျှို့ ဝှက် နှိပ်စက်နည်းများဖြင့် အသွင်ကူးပြောင်းရေး စနစ်ဟု ဆိုနိုင်ပါတယ်။

လူအချင်းချင်း မယုံသင်္ကာ ဖြစ်အောင်လုပ်တာတွေ၊ လျို့ ဝှက် နည်းမျိုးစုံနဲ့ သတ်ဖြတ် နေတာတွေ၊ ဆူပူအုံကြွအောင် ပြဿနာကို လွတ်ထားပေး တာတွေနဲ့ အများဆိုင် သက်မဲ့ရုပ်ဝတ္ထု ပစ္စည်းတွေ ကို ကိုယ်ကျိုးရှာ သိမ်းပိုက်နေမှု တွေဟာ တကယ်တော့
ဒီမိုကရေစီနဲ့ လုံးလုံးလျားလျား ဆန့်ကျင်နေတဲ့ မင်းမဲ့ စရိုက်များသာ ဖြစ်ပါတယ်။
ဥပဒေကို မျှော့ကြိုးလို သုံးရုံမက ဥပဒေမဲ့  ဖမ်းဆီး ထောင်ချ နှိပ်စက်သတ်ဖြတ်ခြင်းများက
အာဏာကို အလွဲသုံးစား လုပ်နေကြတာ ဖြစ်ပါတယ် ။

ယနေ့ မြန်မာနိုင်ငံရေး လှုပ်ရှားမှုများမှာလည်း
စည်းကမ်းရှိသော ဒီမိုကရေစီ စကားလုံးကို
ရေလဲသုံးပြီး မင်းမဲ့စရိုက်ဖြစ်တဲ့ အာဏာရှင် နယ်ပယ်စားလေး တွေ
ခေါင်းထောင်လာဖို့ နာမည်ခံ လွတ်တော်မှတဆင့်
နည်းလမ်းမျိုးစုံနဲ့ ပြန်လည် အသက် သွင်းနေကြပြန်ပါတယ်။

မြန်မာပြည်မှာ Purple Revolution ဖြစ်ပြီး နိုင်ငံတကာကို ဆူပူအုံကြွမှု၊ အသက် သွေးတွေနဲ့ လိမ်းခြယ်ရယူလိုနေတဲ့ NLD နဲ့ ဒေါ်စုကြည်ရဲ့ လုပ်ရပ်တွေလို့ ဖြစ်အောင်
စီမံအကွက်ချပေးနေသူများက မည်သူတွေပါလည်း ။
သူမတို့ရဲ့ မူရင်းစိတ်ထားကို အထင်းသား မြင်တွေ့နိုင်စေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် တွေဟာ
မြန်မာနိုင်ငံရဲ့ ပြည်သူ တွေကို တိုက်ရိုက် အကျိုးပြုနေ စေတယ် ဆိုတာ
လွန်ခဲ့သော နှစ်ပေါင်း (၂၀)တာ ကာလအတွင်းမှာ အထင်းသား မြင်နိုင်ပါတယ်။

အဲဒီလို အကျိုးတရားတွေ မြန်မာပြည်အပေါ် သက်ရောက်အောင် အာဏာပိုင်တွေရဲ့  လုပ်ရပ်တွေထဲက အထင်ရှားဆုံးနဲ့ ပြည်သူကို လှည့်စားမှုတွေဟာ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်-

(က) မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတကာကနေ ပိတ်ဆို့အရေးယူရန် တောင်းဆိုမှု၊ (Sanctions) လုပ်ရန် အခြေအနေဖန်တီးမှုများ။

(ခ) မြန်မာနိုင်ငံကို အမေရိကန် အပါအဝင် အနောက်နိုင်ငံများက
လူတွေကို လူလို့ မသတ်မှတ်ဘဲ တိရိစ္ဆာန်များလို ဝါးလုံးများဖြင့်
သေနပ်များဖြင့် အကြိမ်ကြိမ် သတ်ဖြတ်နေမှုအပေါ်
စီးပွားရေးအရ ပိတ်ဆို့နေချိန်တွင် နယ်စပ်ကုန်သွယ်ရေး၌
တရုတ် နိုင်ငံနှင့် အဓိကထား ရသမျှကို တိုင်းပြည်ကို ငွေ စာရင်းမပြဘဲ
ကိုယ်ကျိုး မိသားစုချမ်းသာရေး လုပ်ကိုင်နေချိန်တွင်
ဒေါ်အောင်ဆန်းစုကြည်က တရုတ်သံတမန် အချို့နှင့်
သတင်းထောက်များအား တွေ့ဆုံ၍ မြန်မာ- တရုတ် ကုန်သွယ်နေမှုအား
မြန်မာပြည်တွင်းမှ
လူတဦးချင်းစီ၏ အကျိုးစီးပွားကို ရှေ့ ရှုပြီး ကိုယ်ကျိုးရှာ
စီပွားရှာမှုကို ရပ်တန့်ပိတ်ဆို့ပေးရန် တောင်းဆိုမှု။


(ဂ) ၂၁ ရာစု ပင်လုံဟု ပြောနေသော ဒုတိယ ပင်လုံညီလာခံကို
စတန့်ထွင် ဖော်ထုတ်ပြီး
တိုင်းပြည်ပြိုကွဲရေးကို ဦးတည် ဆောင်ရွက်နေပြောခါ
တကယ်တိုင်းပြည်ကို စီးပွားရေး ကို လက်ဝါးအုပ်မူနဲ့
သွေးခွဲထားတာ ဘယ်သူ ဖြစ်နိုင်သလဲ ။
(၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ပင်လုံညီလာခံ ကျင်းပရခြင်းမှာ
တိုင်းပြည် လွတ်လပ်ရေး ရရှိရေးနှင့် ကမ္ဘာမှာ ဖြစ်ပေါ်နေသော
နိုင်ငံရေး၊ စစ်ရေး အခြေအနေများအရ
မိမိနိုင်ငံ၊ မိမိလူမျိုး အတွက် ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ယနေ့ ပထဝီ နိုင်ငံရေး အခြေအနေနှင့် ကမ္ဘာ့နိုင်ငံများ၏
နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခြေအနေ အရ
လူ့ အခွင့်အရေးကို လေးစားကြပြီး လူထု စီးပွားရေး အကျိုးတူ
ဒေသအုပ်စုတွေ ဖွဲ့ ပြီး ဥပဒေတွေနဲ့  ပူးပေါင်း ဆောင်ရွတ်နေချိန်တွင်

ဒုတိယ ပင်လုံညီလာခံကို ဖန်တီးခြင်းသည်
တိုင်းပြည် ပြိုကွဲရေးကိုသာ ဦးတည်နေခြင်း ဖြစ်သည်ဆိုသည်မှာ
အာဏာလက်မလွတ်လိုသော လူတစု တဖွဲ့ ၏ စဉ်းစားချက်သာဖြစ်သည် ။
)

(ဃ) ဒေသတွင်းရှိ လူထု၏ အခြေအနေမှန်နှင့် လိုအပ်ချက်များကို
နားလည်ရန်မကျိုးစားဘဲ ဒေသတွင်းရှိ စီးပွားရေး လောဘသမားများ၏
တောင်းဆိုချက်များကိုသာ ဥပဒေသတ်မှတကာကွယ် ပေးခြင်းဖြင့်သာ
အစဉ်တစိုက် အုပ်ချုပ်လာသော အာဏာပိုင်များကို သိရှိလာစေရန်
ထိပ်တိုက်တွေ့ ဆုံ ဖြေရှင်း ရင်ဆိုင်ရေးနှင့်
ဒေသတွင်း လူထုအကျိုးပျက်ပြားစေသေ
အာဏာအလွဲသုံးစားအုပ်စု အလုံးစုံ ပျက်သုဉ်းရေး။

(င) ၁၉၉၀ ပြည့်ရွေးကောက်ပွဲ သည် မြန်မာ့ တပ်မတော်မှ ဦးစီးကျင်းပပေးခဲ့ပြီး
လုပ်သားပြည်သူ တိုင်းရင်းသားများ၏ ယုံကြည်ချက် ရလဒ်အား
ပြန်လည်အသက်သွင်းရေး။ လူထုဆန္ဒ မစော်ကားရေး


ဒေါ်စုကြည် အနေနဲ့ Sanction တွေဟာ မြန်မာပြည်သူတွေကို တကယ် ထိခိုက်နစ်နာ နေပါတယ်ဆိုရင်
သူမအနေနဲ့ ပြန်ရုပ် သိမ်းအောင် လုပ်ပေးပါမယ်လို့ မီဒီယာတွေမှာ
ပြောနေတာကို ကြားသိနေရမှာ ဖြစ်ပါတယ်။
ဒီ Sanction တွေဟာ ပြည်သူကို တကယ် ထိခိုက်စေတယ်။

နစ်နာစေတယ်ဆိုတာ Noble ဆုရှင်ကြီး ပညာတတ်ကြီး မသိဘူး ဆိုတာ မဖြစ်နိုင်ပါ။
သိသိရက်နဲ့ သူမ NLD Hero ဖြစ်ရေးအတွက်
နိုင်ငံမျက်နှာ၊ ပြည်သူမျက်နှာကို မထောက်ထားပဲ လုပ်ခဲ့တာ ဖြစ်ပါတယ်လို
့ထင်မြင်တာဟာ နွားခြေရာခွက်ထဲက ဖါးသငယ်ရဲ့  ပညာအဆင့်အတန်းနဲ အသိပညာပါ ။

၁၉၆၂ ခုနှစ်ကစတင်ပြီး တိုင်းပြည်ကို စီးပွားရေး တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့ပြီး
၁၉၈၈ နောက်ပိုင်းမှ သာ အိမ်နီးနားခြင်းနိုင်ငံတွေက
တဆင့် အုပ်စုကိုယ်ကျိုးစီးပွားရေးတွေက တဆင့်ထဲ ဖွင့်နေတာပါ ။
ချည်မျှင်နဲ့ အထည်ချုပ်စက်တွေကို မဆလခေတ်က ဂျာမဏီနိုင်ငံမှ
စီးပွားရေးအုပ်စုတစုမှ ဈေးကွက်စီးပွားရေးမူနဲ့ 
ဦးးနေဝင်းက မျက်စိပိတ်နားပိတ်နေတဲ့မြန်မာပြည်က
( သမိုင်း ပုလိပ် စကိုင်း ရွှေတောင် စတဲ့ နေရာတွေမှာ
ဈေးပေါတဲ့ လုပ်အားခကို လိုချင်လို့  ရင်းနှီးခဲ့တာပါ )
အကျိုးအမြတ် အားလုံးဟာ စာရင်းပျေက်ပြီး
အုပ်ချုပ်သူ လူတစုချမ်းသာရေးဖြစ်နေပါတယ်


နောက်တစ်ချက်က သူမပြောနေတဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတာကလည်း
သူမ နေအိမ် အကျယ်ချုပ် မထွက်ခင်ကတည်း က
ဦးဝင်းတင် တို့ လက်မှတ်ထိုးပြီးသားလို့ ကြားသိရပါတယ်။
၁၉၆၂ နှစ်ကထဲက ဦးနေဝင်းစစ်တပ်ကို နိုင်ငံရေးသမားတချို့ က
သူတို့ လမ်းစဉ် အာင်မြင်ရေး အတွက် လမ်းပြခဲ့လို့  ပင်လုံစာချုပ်ကို တရာခံလုပ်ပြီး အာဏာသိမ်းခဲ့တာပါ ။
နောက်ဆက်တွဲ က နယ်စပ်တွေမှာ သေနပ်သ အမြေက်သံစစ်ပွဲများနဲ့ 
စစ်ပြေး ဒုက္ခသည်တွေ သန်းကျော်နေပါတယ်

NLD အသိုင်းအဝန်း ကြားမှာလည်း ဦးဝင်းတင်ကရဲရဲကြီး ဦးဆောင်နေပါတယ် ။
ပြဿနာမူလဖြစ်တဲ့  ပင်လုံဆိုတာလည်း သူတို့အုပ်စု သူတို့ဖာသာ
အန်တီ မထွက်ခင် လက်မှတ်ထိုးပြီးမှ မြန်မာနိုင်ငံအတွက် မှန်ကန်သော
အဖြေရှာပြီး ငြိမ်းချမ်းစွာ နေထိုင်နီူင်စေရန် အန်တီကို လက်လျှိုခိုင်း တာ။
အန်တီ သတိထားရမှာက အန်တီနားက အနီတွေဘဲ စသဖြင့်
သူလို့ချင်း ခွက်စောင်း ခုတ်နေကြတာကို မြင်နိုင်ကြား နိုင်သလိုပါဘဲ ။
အာဏာပိုင်ဆိုသူတွေလဲ အချင်းချင်း ခွက်စောင်းခုတ်ကြရင်း ဦးခင်ညွန့်  အပါအဝင်
ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်အားလုံး ထောင်ထဲမှာ ဆိုတာကြားရမှာပါ ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်ဟာ
မြန်မာနိုင်ငံနှင့် နိုင်ငံသားတွေ အပေါ် ပကတိရိုးသားနေပြီး
ပြသနာရဲ့ အဖြေမှန်ကို မှန်ကန်စွာ ရှာဖွေသုံးသပ်နေခါ
ပြည်သူများ တပ်မတော်သားများ အပြင်
လက်ရှိ အာဏာရူးစီးပွားရေးသမားများ အားလုံးကို စုစည်းပြီိး
ဗိုလ်ချုပ်ကြီးတွေ လိုလားကြိုးစားနေသော
ငြိမ်းချမ်းသော နိုင်ငံတော် ကြီးတည်ဆောက်နိုင်အောင်
တဖက်တလမ်းမှ ကြိုးစားနေသူဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည် ။

မောင်နတ်ပုလင်းကွဲ

တပ်မတော်သည် နိုင်ငံတော် လုံခြုံရေး နှင့် ကာကွယ်ရေး တာဝန်ကို
သမိုင်းပေး တာဝန်အရ ဆောင်ရွက်နေခြင်းသာ ဖြစ်သည်
လွတ်လပ်ရေး ရပြီးသည် မှစ၍ နယ်ချဲ့တို့၏ ပယောဂ သွေးခွဲမှုကြောင့်
အမည်ခံကာ အချင်းချင်းဝါဒရေးရာ အုပ်စုအားပြိုင်တွေကို စားပွဲပေါ်မှာ
မရှင်းကြဘဲ လမ်းမတော် ဖိုးတုတ် လူမိုက်နည်းတွေက တဆင့် သေနပ်တွေကိုင် ရှင်းကြရာက
တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲပြား ကြကာ လက်နက်စွဲကိုင်
တိုက်ခိုက်ခြင်းကြောင့် ပြည်တွင်းစစ်များ ဖြစ်ပွားလျက် ရှိသည်မှာ ယနေ့ တိုင်အောင်ပင်။

ဤပြည်တွင်း စစ်၏ စစ်ဘေး စစ်ဒဏ်ကြောင့် တပ်မတော်သားများ
သေဆုံးထိခိုက် ဒဏ်ရာ ရရှိသည့် အပြင် စစ်မြေပြင်တွင်
အပြစ်မဲ့ ပြည်သူများပါ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ ခံစားရပါတယ်။
နောက်ဆုံး စစ်တပ်မှ လာတဲ့သူတွေက တိုင်းပြည်ကို
စစ်ဥပဒေတွေနဲ့ အုပ်ချုပ်တဲ့  ဆင့်ရောက်သွားပါတယ် ။
ထို့အပြင် ပြည်တွင်းစစ်၏ ဆိုးကျိုးကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်မှုများ
ထိခိုက် ကျဆင်းခဲ့ရကာ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ အဖြစ်သို့ ရောက်ခဲ့ဘူး ပါတယ်။

တပ်မတော်သည် မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမျှ
အငြိုးအာဃာတ ထားပြီး တိုက်ခိုက်နေခြင်း မဟုတ်။
တပ်မတော်အတွင်းမှ စီးပွားရေး စစ်ဗိုလ်များ ချမ်းသာရေးတခုတည်းကိုသာ ရှေးရှုပါသည် ။
သမိုင်းပေး တာဝန်အရ နိုင်ငံ ကာကွယ်ရေးနှင့်
လုံခြုံရေး တာဝန်များကို ထမ်းဆောင် နေခြင်းသာ ဖြစ်ပါကြောင်း။
တပ်မတော်အတွင်းမှ ကိုယ်ကျိုးရှာ စစ်ဗိုလ်အုပ်စုတွေက ခေတ်အဆက်ဆက် တိုက်ခိုက်ပြီး
တပ်မတော်ကို ဘန်းပြ ခုတုံးလုပ်ခါ ဆွေစဉ်မျိုးဆက် မသေချာသောဘဝ ချမ်းသာပြီး
အာဏာမလွဲလိုတော့ပါ ။
ပြည်သူလုထု တိုင်းရင်းသားအပေါင်းတို့ ကလည်း
သမိုင်းမှ ပေးအပ်လာသော တာဝန်များအရ
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
မှန်ကန်သော ဦးဆောင်မှုအောက်မှ ညီညာစွာ
ရှောက်လှမ်းရန်သာရှိပါတော့သည် ။

၂၀၁၀ နှစ်သစ်ရဲ့  ပထမနေ့ ရက်တွေက စပြီး မနက်၉နာရီက ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဈေးရောင်းပွဲ အခမ်းအနားအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်..။ ယနေ့မှ၍ လွတ်လပ်ရေးနေ့ထိ မြို့နယ်အသီးသီးမှ အဖွဲ့ချုပ်ဝင်များမှ လာရောက် ရောင်းချမှာဖြစ်ပါတယ်...။ မည်သူမဆိုလာရောက် ဝယ်ယူအားပေးနိုင်ပြီး ရရှိသည့် အမြတ်ငွေများအား အဖွဲ့ချုပ်ရံပုံငွေအတွက် အသုံးပြုမှာ ဖြစ်ပါတယ်..။ ထိုနောက် ဒေါ်အောင်ဆန်းစုကြည်မှ မြို့နယ်အသီးသီးရဲ့ဈေးအရောင်းဆိုင်တွေကိုလိုက်ကြည့်ပြီး စာအုပ်များအား ၀ယ်ယူအားပေးခဲ့ကြောင်း သိရှိရပါတယ်။









ဌေးတင့်
နယ်သာလန်

No comments:

Post a Comment