ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Sunday, December 12, 2010

Burma Army for 21 Pinlon

၂၁ရာစု ပင်လုံညီလာခံသည် မြန်မာ့ တပ်မတော်ထွက်ပေါက်

မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီစံနစ်အောက်မှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုကို
ဦးဆောင် ဦးရွက် ပြုလုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များ
ရှမ်းပြည် ပင်လုံမြို့လေးတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်
လွတ်လပ်ရေးကို အတူတကွ ယူပြီး မြန်မာနိုင်ငံအဖြစ် ဒေသ တခုအဖြစ်
သတ်မှတ်ခါ ပူးပေါင်းဆောင်ရွတ် နေထိုင်ရေးမူ ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
ဗြိတိသျှတို့က အုပ်ချုပ်ရေးလွယ်ကူစေရန် ပြည်မနှင့် တောင်တန်းဒေသဟူ၍
ခွဲထားခြင်းကြောင့် တိုင်းရင်းခေါင်းဆောင်များက ပြည်မတခုထဲလွတ်လပ်ရေးရပြီး
ပြည်နယ်များ နယ်ချဲ့ လက်အောက်တွင် ဆက်လက် မရပ်တည်လိုသောကြောင့်
လက်မှတ်ရေးထိုးပေးခဲ့သည် ။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တိုင်းရင်းသား ခေါင်းဆောင်များ၏
အနာဂါတ် အမျှော် အမြင် ရှိသည့်အတွက်ကြောင့် ယနေ့အထိ မြန်မာနိုင်ငံ ဟူသော
တိုင်းပြည်ဒေသတခုတွင် တိုင်းရင်းသားများ အားလုံး စုစည်းနေထိုင်သည့် ဒေသ
အနေအထားသို့ ရှိနေခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပါ။
မတ်လ (၂) ရက်နေ့ ၁၉၆၂ နှစ်တွင် ဗိုလ်နေ၀င်းက
အတ္တလောဘကြီးသော တဝက်တပျက် ပညာတတ် နိုင်ငံရေး ခေါင်းဆောင်များ၏
လမ်းပြ အကြံပေးချက်နှင့်အတူ တိုင်းပြည်ပြိုကွဲ တော့မည် ဆိုသည့်
အကြောင်းပြချက်ကို အသုံးချ၍ စစ်တပ်ကို ခုတုံးလုပ်၊ ၁၉၄၇ အခြေဥပဒေကို
သစ္စာဖေါက်ဖျက်၍ လက်နက်ဖြင့် ဖမ်းဆီး လူသတ် အာဏာသိမ်းပိုက်ခဲ့ပြီး
ဒုတိယ ကမ္ဘာစစ်အပြီး ပြာကျနေသော ဥရောပ တိုက်ပြန်လည်တည်ဆောက်ရာတွင်
လူမျိုးမရွေး ဘာသာမရွေး ပါဝင်နိုင်သော လူ့ အခွင့်အရေးကို အခြေခံသည့်
ဆိုရှယ်လစ်စနစ် တည်ဆောင်ရန် အတုယူ အကြောင်းပြပြီး
တပ်မတော်သားများ အသိုင်းအဝိုင်းနှင့် အခွင့်ထူးခံ တိုင်းရင်းသား သရုပ်ပျက်များက
မြန်မာပြည်ကို အရပ်ဝတ်စစ်ဗိုလ် အုပ်ချုပ်ရေး စနစ်ကို ထူထောင်ခဲ့လေသည်။
၁၉၆၂ မှ ၁၉၈၈ အတွင်း ပြည်သူလူထုနှင့် တိုင်းရင်းသားများ၏
လိုအပ်ချက်များကို တပ်မတော်မှ ဖြည့်ဆည်းရန် ကြိုးစားသော်လည်း
စစ်တိုက်တာကလွဲရင် ဘာမှ နားမလည်သော စစ်ဗိုလ်များကြောင့်
ရရှိလာသော အဖြေမှာ မြန်မာပြည်သမိုင်းတွင် သွေးစွန်းသော နေ့ ရက်များစွာ
အဖြစ်သို့  ဝမ်းနည်းဖွယ်ရာ မှတ်တမ်းများဖြစ်ခဲ့ရသည် ။
မြန်မာပြည်လွတ်လပ်ရေးနှင့် ကာကွယ်ရေးအတွက် စွန် စားလိုသော
ပညာတတ် လူငယ်အများစုလည်း အတ္တလောဘကြီးသော
အရည်ခြုံ နိုင်ငံရေး ခေါင်းဆောင်များ လူမိုက် စစ်ရေးခေါင်းဆောင်များ၏
စီပွားရေး လက်အောက်မှာ ရက်စက်ယုတ်မာသော စစ်အာဏာရှင် အဖွဲ့ ဝင်များ ဖြစ်ခဲ့ရပါသည် ။
၁၉၆၂ ခုနှစ်မှ စတင်ပြီး ၂၀၁၀ ကာလအထိ
မြန်မာပြည်မှ ပညာတတ်များ ကျဆုံးရာစု အဖြစ် တင်စား ပြောဆိုလျှင်ရနိုင်ပါသည် ။
တပ်မတော်အတွင်း ရာထူးတိုးမြင့်ရာတွင် တိုက်စွမ်းရည်ရှိသူများ ဖြစ်ကြသည့်
ခြေလျှင်တပ်ရင်းများ ခြေမြန်တပ်ရင်းများမှ အရာရှိများသာ ဗိုလ်ချုပ်ရာထူးများသို့ 
လျှင်မြန်စွာ တက်ရောက်ခါ တိုင်းပြည်ကို အုပ်ချုပ်ခွင့် ရကြပါသည် ။
ပညာသည် တပ်ရင်းများမှ အရာရှိများမှာ အမြင့်များဆုံး ဗိုလ်မှုးကြီး ရာထူးအဆင့်ဖြင့်သာ လုပ်ပိုင်ခွင့်ရကြပါသည် ။
ဦးခင်ညွန့် က သူ၏အာဏာနှင့် ရပ်တည်ရေးအတွက်
တပ်မတော်ထောက်လှမ်းရေး အဖွဲ့ ဝင်များကို ရာထူးတိုးမြင့်မပေးနိုင်သောကြောင့်
လုပ်ပိုင်ခွင့်နှင့် အာဏာကို ပိုပေးထားသည့်နည်းဖြင့် ဖြေရှင်းခဲ့သည် ။
စီးပွားရေးတွေစိတ်တိုင်းကြလုယက် အတိုင်အခံတွေကို စိတ်တိုင်းကြ နှိပ်စက် ခဲ့ကြသည် ။
အခုတော့ သူတို့ ခင်းသည့်လမ်းကို သူတို့ရှောက်ကြလေပြီ။
လူမျိုးအချင်းချင်း သတ်ပြီး တေဇ သူရ သီဟ ဘွဲ့ ရရှိသူများ
ရေဘူးးပေါက်နှင့် ရေသယ်သူများ (အစီရင်ခံစာရေးပြီး တာဝန်ကြေ ခဲ့သူများ)
အထက်မှ အမိန့် နှင့် တာဝန်ကို မိမိ ချမ်းသာရေးအတွက် လွန်ကျုးစွာ တာဝန် ကြေခဲ့ကြသည် ။
အကျိုးဆက်မှာ ၁၉၈၇ တွင် ကမ္ဘာ အဆင်းရဲဆုံး နိုင်ငံဖြစ်ခဲ့ရပြီး
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကာလများတွင် မိမိသားသမီးများကို
နိုင်ငံတကာတွင် ကျွန်ခံခိုင်းရသည့် မြန်မာ့တပ်မတော်ကြီး အဖြစ်သို့ ရောက်ရှိခဲ့ပါပြီ။
၂၁ ရာစုမှာ ဥရောပမှာ ပြည်ထောင်စု ဖယ်ဒရယ်ဒေသကြီးတခုအဖြင့်
စည်းရုံးညီညွတ်စွာ ပူးပေါင်းနေထိုင် ရန်ဥပဒေများဖြင့် ညှီုနိုင်း ပြင်ဆင်နေချိန်မှာ
မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများနှင့်
လုပ်သာပြည်သူများ အနေဖြင့် မိသားစု အုပ်စုဝင် ချမ်းသာရေး
မှားယွင်းသော ယုံကြည်ချက်မျာ ပြင်းထန်နေသော မြန်မာ့ တပ်မတော်နှင့် စားဖါးလုပ်ငန်းရှင်များ
လက်အောက်မှ လွတ်ကင်းရာ လွတ်မြောက်ရာသို့ သွားရန်စိတ်အားထက်သန်ကြတော့သည် ။
သမိုင်းတလျှေက် အမှားကြီးမှားခဲ့သော
တပ်မတော်သားများ အတွက် အခွင့်အရေး ထွက်ပေါက်
တခုကို
မြန်မာနိုင်ငံ ဒေသတွင်းမှာ ပူးပေါင်းရပ်တည်ပြီး အသက်ရှင် လုပ်ကိုင်စားသောက်လိုသော
မြန်မာ ပြည်ဖွား တိုင်းရင်းသားများနှင့်တိုင်းပြည်ကို စေတနာမှန်နှင့် ချစ်သည့်
ဗိုလ်ချုပ်အောင်ဆန်း သမီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ
မြင့်မားသော အတွေးအခေါ်ပညာများ နိုင်ငံတကာ အတွေ့ အကြုံများဖြင့်
မြန်မာ့တပ်မတော်မှ အလိုလားဆုံး ဆောင်ပုဒ်တခုဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး
ဒုတိယအကြိမ် မြန်မာပြည်တွင် စည်းလုံးညီညွတ်စွာ နေထိုင်ရေး သဘောတူညီချက်ရရှိရန်ကြိုးစားနေပါသည် ။
ပညာတတ်များလူရာမဝင် နေရာမရ သိက္ခာကင်းမဲခဲ့ရလို့ ပျက်စီးခဲ့ကို
တပ်တွင်းမှာ အချင်းချင်း နားလည်မှု တွေယူ တိုင်းရင်သားတွေနဲ့  တိုင်ပင်ဆွေးနွေးပြီး
မြန်မာပြည် ပြန်လည်တည်ဆောက်ရန် လုပ်ငန်းစဉ်ကို တိုင်းပြည်ကို
အမှန်တကယ် ချစ်သောသော တပ်မတော်သားများ အနေဖြင့် လည်း
လက်မနှေးဘဲ ပါဝင် ပူးပေါင်းသင့်ပါသည် ။
တိုင်းရင်းသားပါတီများ လက်နက်ကိုင် လူမျိုးစုများအပြင် ပြည်တွင်းပါတီများ အနေ ဖြင့်လည်း
တခဲနက်ထောက်ခံ ပါဝင်ပူးပေါင်းသင့်ပါသည် ။
ဒေါ်အောင်ဆန်းစုကြည် အာဏာမယူဖူးဆိုတာ
နှစ် ၂၀ ကျော် သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ပြီ။
ပြည်ထောင်စု လို့ ခေါ်ခေါ် ဖယ်ဒရယ်လို့ ခေါ်ခေါ် မြန်မာပြည်မပြိုကွဲစေရန်
မြန်မာပြည်တွင်းမှာ တဦးနှင့်တဦး နားလည်ချစ်ကြည်စွာ နေထိုင်စေရန်
ကျင်းပပြုလုပ်မဲ့ မြန်မာပြည်ရဲ့  ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေးကို
နားလည်မှုတွေလွဲနေမယ် ။
ကြောက်နေကြမယ်။
ချီတုံချတုံဖြစ်နေမယ် ။
စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေမဲ့
အကျိုးဆက်တွေကတဆင့်
မတရားသဖြင့် နေရာလု
အနိုင်ရတဲ့ ကြံ့ ဖွတ် ပါတီဝင်တွေ ကြောင့်

မြန်မာနိုင်ငံသားတွေ လိပ်ဖြစ်ရင်
ခေါင်းမဖေါ်ရဲ တဲ့  နိုင်ငံသားတွေ အဖြစ်မခံကြပါနဲ့ ။





ဌေးတင့် နယ်သာလန် (၁၂ ရက် ၁၂ လ ၁၂ ရက် နေ့ လည် ၁၂ နာရီ ၁၂မိနစ် )


ဒုတိယပင်လုံနဲ့ တပ်မတော်အခန်းကဏ္ဍ သဘောပေါက်လွဲနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2010-12-12
http://www.rfa.org/burmese/news/assk_highlights_military_role_in_2nd_panglong-12122010115049.html
SASSK first plan by Htay Tint

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ပြုလုပ်ဖို့ ပြင်နေတဲ့ ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ သဘောထားနဲ့ ပတ်သက်လို့ အများက သဘောပေါက်နားလည်မှု လွဲနေကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီတာဝန်များကို ပြန်လည်စတင်သော နိုဝင်ဘာ ၁၅ ရက်က ဌာနချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။

မနေ့က နေ့လယ်ခင်းက ပြုလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ တယ်လီဖုန်းကတဆင့် တိုက်ရိုက် မေးမြန်းဆွေးနွေးခန်းမှာ ဒုတိယပင်လုံ သဘောထား ရပ်တည်ချက်၊ တပ်မတော်အခန်းကဏ္ဍ စတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

“ဒီ ဒုတိယပင်လုံ ကိစ္စကို စပြီးတော့ လုပ်နေပါတယ်။ စပြီးတော့ လုပ်တဲ့အခါမှာ အန်တီတို့ရဲ့ ရည်ရွယ်ချက်ကို ထင်ရှားအောင်လို့ ပထမဦးဆုံး လုပ်ရမှာပါ။ စောစောက ပြောခဲ့သလိုပဲ ဒုတိယပင်လုံအတွက် အကြီးဆုံး ပြဿနာက နားလည်မှု လွဲမှားနေခြင်းပဲ။ ဒုတိယပင်လုံကို ဒါ သက်သက်စိမ်ခေါ်တာ၊ ဒါဟာ ထိပ်တိုက်ရင်ဆိုင်မှု လမ်းကို သွားတာ၊ အဲဒီလိုမျိုးတွေ ပြောနေတာကို အန်တီတို့က ဒါ မဟုတ်ပါဘူးလို့ သေချာ ရှင်းလင်းအောင်လို့ လုပ်ရမှာ ဒါ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ ဒုတိယပင်လုံ၊ ၂၁ ရာစုနှစ် ပင်လုံ ဆိုတာဟာ စင်ပြိုင်အစိုးရလည်း မဟုတ်ဘူး၊ စင်ပြိုင်လွှတ်တော်လည်း မဟုတ်ဘူး၊ စင်ပြိုင်ညီလာခံလည်း မဟုတ်ဘူး၊ စင်ပြိုင် ဘာမှ မဟုတ်ဘူး။ တကယ်တော့ အမျိုးသား ရင်ကြားစေ့ရေးအတွက် အထောက်အကူ ဖြစ်မယ့် စုစည်းမှုတခု ဖြစ်တယ်ဆိုတာကို တပ်မတော်ကရော၊ တခြား အစုအဖွဲ့တွေကရော နားလည်အောင် အန်တီတို့ ကြိုးစားရမှာ ဒါက ပထမအဆင့်ပါ။ အဲဒီလို နားလည်မှု ရသွားပြီဆိုမှ ပူးပေါင်းဆောင်ရွက်မှု အတွက် အန်တို့ ဆက်ပြီး ကြိုးစားရမှာပါ”

ဒီအစီအစဉ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင်ကိုလည်း ဆက်သွယ်မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ နယ်စပ်မှာ ထွက်ပြေးနေရတဲ့ တိုင်းရင်းသားတွေရဲ့ လက်ရှိ အခြေအနေအပေါ် ဘယ်လို ကူညီ ဖြေရှင်းနိုင်မလဲ၊ နယ်စပ်က လက်နက်ကိုင်ပဋိပက္ခ အကြောင်းနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ အခြေအနေ ရှိမရှိ စတာတွေကို အဓိကထား မေးမြန်ခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေအကြား သဘောထားကွဲလွဲပြီး အဖွဲ့အစည်း ကွဲတာတွေနဲ့ ပတ်သက်လို့ မေးမြန်းတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး ပြောကြားခဲ့ပါတယ်။

“ကိုယ် လုပ်နေတဲ့အလုပ်ကို ကိုယ်အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိရင် အခက်အခဲတွေကို အကွဲအပြဲ မရှိဘဲနဲ့ ကျော်လွှားနိုင်ပါတယ်။ အန်တီတို့ဆိုရင်လည်း အန်တီတို့အဖွဲ့ထဲမှာ အကွဲအပြဲတွေကို ကျော်လွှားခဲ့ရတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့က ကွဲချင်ပြဲချင်လို့ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ အဲန်အယ်လ်ဒီဟာ အခုထက်ထိ နိုင်ငံရေးအင်အားစုကြီး တခုအနေနဲ့ ရပ်တည်နိုင်တာပေါ့။ ဒါပေမယ့်လည်း ကွဲသွားပြဲသွားချင်တဲ့ လူတွေကလည်း ရှိတာကိုး။ အဲဒီတော့ ကွဲတယ်ပြဲတယ် ဆိုတာ နှစ်ဦးနှစ်ဘက်နဲ့ ဆိုင်တယ်။ အန်တီတို့ကတော့ ဆက်ပြီး ကြိုးစားသွားမှာပဲ”

ဒီ လန်ဒန်ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် RFA သတင်းထောက် မအေးနှင်းညို သတင်း ပေးပို့ထားတာကိုလည်း အပေါ်မှာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။

No comments:

Post a Comment