ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Thursday, December 30, 2010

မဆီမဆိုင်လား ဆီဆိုင်လား



၂၀၁၀ ဒီဇင်လာလ ၃၀ ရက် ကြာဿာပတေးနေ့ ဆိုတော့
အင်္ဂလိပ်နှစ်ကုန်ဖို့ တရက်ဘဲလိုတော့တယ် ။
၃၁ ရက်နေ့ ကြရင် တညလုံး မအိပ်ဘဲ
စားသောက်ပြီး ပျော်ရွင်စွာ နှစ်သစ်ကူးဖို့  လူတိုင်းပြင်ဆင်ကြပြီပေါ့ ။
ရာသီဥတုကလည်းဒီနှစ်မှာ အပြင်းအထန် နှိပ်ကွတ်နေတဲ့ အချိန်ပါ ။
ကျွန်တော်တို့ သားအဖနှစ်ယောက် နှစ်စဉ်နှစ်တိုင်း ည၁၂နာရီမှာ
မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေ သေလုမျောပါး ကြောက်တဲ့
့မီးရှုးမီးပန်းဖေါက်ဖို့ သွားဝယ်ကြတယ်။

ဈေးဆိုင်ထဲမှာ ငွေချေအပြီး လက်ကိုင်ဖုန်းထဲက အသံမြည်လာတယ် ။
အိမ်ကို အမြန်ပြန်လာပါ ။
အိမ်ရှေ့ ခန်းမှာ ရေတွေပြည့်နေပြီ။
ရေအေးနေတော့ လက်တွေလဲ ကိုက်နေပြီ ။
အကူအညီ အရေးပေါ် လိုအပ်နေပြီ ။
အသက် ၈၁ နှစ် အရွယ် ယောက္ခမကြီးဆက်လာတာပါ ။
အူရားဖါးရား ပြောနေတာဆိုတော့
ပတ်ဝန်းကျင်က မေးလာတော့ သားကရှင်းပြလိုက်ပါတယ် ။
အော် မြန်မာအိမ်က ပြဿနာပါလား
အကူအညီ လိုရင်ပြောပါ ။
တတ်နိုင်တာဆို ပေးရန် အဆင်သင့်ပါဘဲလို့ 
ဆိုင်ရှင်နဲ့  အိမ်နီးနားခြင်းတွေက ပြောကြတယ် ။

အိမ်တခါးဖွင့်လိုက်တယ် ဆိုရင် အဖွားက ပင်ပန်းတကြီး
ရေတွေကို အဝတ်နဲ့  စုတ်ပြီး ပလပ်စတစ် ဇလုံထဲကို ညှစ်ထဲ့နေတယ် ။
ငါ ရှင်းလို့ မနိုင်တော့ဖူး ရေက မကုန်နိုင်တော့ ဖုန်းဆက်လိုက်တာ ။

ကျွန်တော်စဉ်းစားလိုက်ပါတယ် ။
ဘာဖြစ်တာလဲ ။
ပြဿနာအဖြေက ဘာလဲ ။
ဘာကိုစပြီး ဖြေရှင်းဖို့ ကြိုးစားရမှာလဲ
ဘာစလုပ်သင့်လဲ ။
ဘာလုပ်ရမလဲ ။
ရေတွေ ဘယ်က လာတာလဲလို့ ကြည့်လိုက်တော့
အလှမွေးထားတဲ့  ငါးကန်ကလာတာပါ ။
ငါးကန်ကမှန် ဖိအားများပြီး ကွဲသွားတာပါ ။
စတိုခန်းထဲက ရေစုတ်မော်တာ အသေးလေးယူပြီး
သားကို ရေတွေကို စုတ်ခိုင်းလိုက်ပါသည် ။
ကျွန်တော်က ဒုက္ခရောက်နေသော ရွှေငါးတွေကို
ဘေးလွတ်ရာသို့ ယာယီရွေ့ ပြောင်းလိုက်ပါသည် ။
ကျွန်တော်က ငါးတွေနေဖို့  အသစ်ဝယ်ပေးရမယ် ။
လောလောဆယ် ပြင်းထန်နေတဲ့ အခြေအနေမှာ
ရသမျှလေးနဲ့  စုစည်းဖါထေးပြီး
အကောင်းဆုံးကို ဖန်တီးပေးရမယ်လို့ 
ပြောလိုက်မိပါတယ် ။


အဖွားက ဖန်နဲ့ လုပ်တဲ့ ငါးကန်ကို ကြောက်သွားပြီ ဖြစ်လို့ 
နောက်တခါ ဝယ်ရင် ဖန်နဲ့ လုပ်တဲ့ ငါးကန်မဝယ်ဘို့ 
အကြောက်အကန်ငြင်းပါတော့တယ် ။
လောလောဆယ်ဖြေရှင်းရမဲ့ 
အိမ်ခန်းအတွင်းက ရေများ ပပျောက်ရေး
ငါးမှန်အိမ် ပြန်လည် ဖါထေး ပြုပြင်ရေး
အလှမွေး ငါးများ နေရာပြန်ချရေးများကို
ပူးပေါင်းဆောင်ရွတ်ရန် မစဉ်းစားတော့ပါ ။


ကျွန်တော့ ခေါင်းထဲ အတွေးတခုဝင်လာပါတယ် ။
နည်းလမ်းစနစ်တကျ မသုံးတပ်
မဖြေရှင်းတပ်ရင် အားလုံးဟာ
လူသားတွေအတွက် အန္တရယ်တွေ အားလုံးပါဘဲ ။

မြန်မာပြည်က ပြဿနာ အစစ်ဟာ
ဘယ်ကစတာလဲ ။
ပြည်ထောင်တွေ စုပြီးနေဖို့ ကြိုးစားရာက
စားပွဲပေါ်က ပြဿနာတွေကို
တိုင်းပြည်ကွဲမဲ့  ဖယ်ဒရယ်မူု လို့ အမည်တပ် မြစ်ဖျားခံပြီး
စစ်တပ်ကတိုင်းပြည်အာဏာသိမ်းပြီး
အာဏာရှင်စနစ်ကို ပြည်သူပိုင်စနစ် နိုင်ငံတော်ပိုင်စနစ်နဲ့ 
နားလှည့် ပါးရိုက် တယ်လို့ လုပ်နေတယ်လို့ 
အများက လက်ခံထားကြတယ် ။
လူတစုက ပူးပေါင်းရန် မစဉ်းစားတော့ဘဲ
ဘာနိုင်ငံရေး လမ်းညွန်မှ မပါသေးလို့ 
စောင့်ကြည့်မည့် အတွေးအခေါ် အသံတွေ ကြားလိုက်ရပါသည် ။
အော် ၈၁ နှစ်အရွယ် အဖွားလို လူတွေ အများကြီး
မြန်မာပြည်ထဲမှာ ရှိနေပါသေးလား။
စစ်အာဏာရှင်ကြီး နှစ်ပေါင်း ၅၀ လုပ်ချင်ရာ လုပ်နေတာ
မအံ့သြ တော့ပါခင်ဗျား

ဌေးတင့်


စစ်မှန်သော ငြိမ်းချမ်းရေး ခေါ်သံ




ဒုတိယအကြိမ်ပင်လုံညီလာခံဖေါ်ဆောင်ရေးကိုသံသယမရှိစေချင်ပါ
ဒုတိယပင်လုံညီလာခံခေါ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ
ယနေ့မြန်မာပြည်သူပြည်သားများ၏ ဘ၀လုံခြုံရေး ၊
အေးချမ်းသာယာစွာနေထိုင်နိုင်ရေးအတွက်အထူးလိုအပ်ချက်များဖြစ်သော

၁ ။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး ၊

၂ ။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေး ၊

၃။ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊

တို့အတွက်ပထမခြေလှမ်းတရပ်ဟုဆိုရပေမည် ။


ထိုကဲ့သို့ရည်ရွယ်ချက်ကောင်းကောင်းနှင့်လှမ်းလာသော
ခြေလှမ်းကိုသံသယ မျက်စိဖြင့် တိုင်းရင်းသားခေါင်းဆောင်တချို့မှပြောဆိုဝေဖန်ခြင်းသည
်ဆန္ဒလွန်နေသည်ဟုမြင်ပါသည် ဒေါ်အောင်ဆန်းစုကြည်သည်
မက်သရောထကြေငြာစာတမ်းကိုလူသိရှင် ကြား ထုတ် ဖေါ် ကြေငြာခဲ့ပြီးဖြစ်သည်
သူမ၏ထောက်ခံထားချက်ကိုဗီဒီယို မှတ်တမ်းနှင့်ပင်ထုတ်ပြန်ထား ခဲ့ပါသည် ။
အပြန်အလှန်အားဖြင့် ထိုတိုင်းရင်း သားခေါင်းဆောင်များကလည်း
ဒုတိယ ပင်လုံညီလာခံဖြစ်ပေါ်လာရေး ကိုထောက်ခံအားပေးသင့်သည် ။ အမျိုးသားရင်ကြားစေ့ရေးကိုဦးတည်သည့်သဘောသက်ရောက်သော
အပြန်အလှန်နားလည်မှုကိုယူသင့်သည် ညီလာခံပင်မစသေးသံသယရှိသည်ဟူ
သောအသုံးအနှုံးသည်မပြုအပ် ဟုမြင်ပါသည် ။

ယနေ့ငြိမ်းအဖွဲ့များနှင့် နအဖကြားတင်းမာမှုများ ၊ဒီကေဘီအေ နဲ့ ငြိမ်းချမ်းမှုပျက် ၍
တိုက်ပွဲများဖြစ်ပေါ်လာမှုများ ၊ ၀ တပ်များကလက်နက်မစွန့်လွှတ်သည့်အပြင်
သူတို့နယ်မြေထဲတွင်မည်သည့် လက်နက်ကိုင်တပ်ကိုမျှဝင်ခွင့်မပြုဆိုသည့်အချက်များသည်
မြန်မာပြည်တွင်ပြည်တွင်းစစ်မီး
အချိန် မရွေးတောက်လောင်နိုင်သည့်ဖေါ်ပြနေသည့်လက္ခဏာ များဖြစ်သည်၊
ထိုကဲ့သို့တင်းမာနေမှုကို နအဖစစ်အုပ်စုအနေဖြင်
့ပြည်တွင်းစစ်ဖြင့်ဖြေရှင်းသည့်နည်းလမ်းကိုအသုံးပြုလာပါက
တိုင်းရင်းသားလက်နက်ကိုင်ရဲဘော်များ၊ တပ်မတော်သားများ ၊
ကိုယ့်ညီအကိုသွေးရင်းသားရင်းများ အချင်းချင်း သတ်ဖြတ်ကြ၍
အများအပြားသေကြေပျက်စီးကြမည့်ကိန်းဆိုက်ရောက်မည်ဖြစ်သလို
အပြစ်မဲ့ပြည်သူများသည်လဲ ပြည်တွင်းစစ်မီး လျှံကြားတွင်မြေဇာပင်ဖြစ်ကြပေလိမ့်မည် ။

ပြည်တွင်းစစ်ဖြစ်ပေါ်နေသောမည်သည့်နိုင်ငံမှတိုင်းပြည်၏တိုးတက်ဖွံ့ဖြိုးရေး၊ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး၊တို့ထက်မိမိအုပ်စုမှစစ်အောင်နိုင်ရေးကိုသာစောင်းပေး

ပြုလုပ်ကြသဖြင့် ပြည်သူတို့ဘ၀ကျီးလန့်စာစားဘ၀ဖြင့်မိမိတို့ဘ၀တိုးတက်ရေးထက်အသက် ရှင်ရပ်တည်ရေးကိုသာဦးစားပေးနေထိုင်ခဲ့ကြရသဖြင့်၎င်းတို့နေထိုင်သောတိုင်းပြည်သည်
ပြည်တွင်းစစ်မရှိသောတိုင်းပြည်များထက် စီးပွားရေး ၊နိုင်ငံရေး ၊လူမှုရေး ၊ပညာရေး ၊
စသည်တို့သည်အခြားနိုင်ငံများထက်နိမ့်ကျ၍ အောက်တန်းနောက်တန်းကျဘ၀သို့ ရောက် ခဲ့ကြရသည်ထိုအချက်ကိုမြင်သဖြင့်တိုင်းရင်းသားခေါင်းဆောင်များအပါအ၀င်မျိုးချစ်စိတ်ရှိ သော ခေါင်းဆောင်များမှဒေါ်အောင်ဆန်းစုကြည်အား ဒုတိယပင်လုံညီလာခံခေါ်ယူရန်
တာဝန်ပေးအပ်ခြင်းကိုဒေါ်အောင်ဆန်းစုကြည်ကတာဝန်ယူလက်ခံဆောင်ရွက်နေခြင်းဖြစ်သည်ဒုတိယပင်လုံညီလာခံဖြစ်မြောက်အောင်မြင်ရေးသည်
မြန်မာပြည်ငြိမ်းချမ်းသာယာရေးအတွက်သမိုင်းလိုအပ်ချက တရပ်ဖြစ်သည် ၊
ပြည်တွင်းစစ်ရပ်စဲရေးအတွက်ဦးတည်၍ လုပ်ဆောင်မှုကိုမျိုးချစ်စိတ်ရှိသော
တပ်မတော်သားများကလည်း ထောက်ခံလာနိုင်ဘွယ် ရှိသည်
တိုင်းရင်းသားများကဗိုလ်ချုပ်အောင်ဆန်းကိုယုံကြည်ခဲ့သလ
ိုဒေါ်အောင်ဆန်းစုကြည် ကိုလည်း
သူမ၏ သတ္တိ ၊ဗျတ္တိငြိမ်းချမ်းရေးကိုမြတ်နိုးးသည့်
စိတ်ဓါတ်တို့ကိုကြည့်၍ ယုံကြည် ကြဖို့ လိုသည် ၊
သံသယဖျောက်၍အတူယှဉ်တွဲအလုပ်လုပ်ခြင်းဖြင့်ညီညွတ်မှုကို တည်ဆောက်ခြင်းက ပိုမို၍လက်တွေ့ကျသည့်အပြင်စစ်မှန်သောဖယ်ဒရယ်နိုင်ငံတော်သစ်ပေါ်ပေါက်လာ ရေးအတွက်
လက်တွဲလုပ်ဆောင်သောနိဒါန်းအစကို
အတူတကွစည်းလုံးညီညွတ်စွာဖြင့် လျှောက်လှမ်းနိုင်ကြမည်ဖြစ်သည် ။

”အတူတကွလက်တွေ့ပူးပေါင်းလုပ်ဆောင် ခြင်း ဖြင့်သံသယများကိုချေဖျက်ကြပါစို့”



ထွန်းအောင်ကျော်
ပထမဆုံး ဥက္ကဋ္ဌ
ကျောင်းသားတပ်မတော် (ABSDF )

In this photo: Khaing Saw Tun, Than Win, Win Moe, Min Min Soe, Yin Dee, Zar Ni (photos), U Kyaw Hlaing, Htun Aung Gyaw (photos), Ko Ko Oo, Ko Kyaw Lin, Kyaw Htin


သန်းဝင်း
ပထမဆုံးအထွေထွေအတွင်းရေးမှူး
ကျောင်းသားတပ်မတော် (ABSDF)
ပထမဆုံးတွဲဘက်အထွေထွေအတွင်းရေးမှူး
ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် ( DAB )
၁၂ - ၂၈ - ၂၀၁၀
ကျောင်းသားတပ်မတော် ရဲ့ အစောဆုံး ကာလက သမိုင်းတခု

No comments:

Post a Comment