ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Sunday, December 19, 2010

မြန်မာပြည်မှ ပိတ်ထားသော တခါးများဖွင့်ပေးကြပါ

၂၀၁၀ ဥရောပ ဒီဇင်ဘာလ ဟာ အခြားနှစ်များနဲ့  မတူဘဲ
ရက်ပေါင်း ၃၀ စောပြီး ဆီးနှင်းများကြပါတယ် ။
အအေးဓါတ်ဟာ အနှတ် ၁၂ အထိ အကြိမ်ကြိမ် ဆင်းနေပါတယ် ။
အစိုးရများအနေဖြင့်လည်း ပြည်သူ့ အမြတ်တော်ခွန်များဖြင့်
အမျာပြည်သူသွားလာရေး အတွက် လမ်းများကို ဆီးနှင်းများရှင်းပေးသော်လည်း
သဘာဝကို အရှုံးပေးလိုက်ရပါတော့သည် ။
ဘတ်စကားများ
ရထားများ
ဓါတ်ရထားများ ဖြေးညင်းစွာမောင်းရသောကြောင့်
ပြေးနေသည့် အရည်အတွက်ရှော့ချခြင်း
တို့ ကို ရှိသမျှ သတင်းမီဒီယာများမှ
ကြေညာနေရပါသည် ။
သွားလာရန်ခက်ခဲသော ရာသီမှာ
အိမ်ထဲမှာ နေပြီး သတင်းရှာဖတ်မိပါသည် ။

http://www.snapshot-news.com/index.php?option=com_content&view=article&id=7012%3A2010-12-14-00-21-44&catid=466%3Avol3-no14&Itemid=120

တောင်ငူရထားလမ်း ဂိတ်တံခါးနှင့် ထူးဆန်းသော အတွေ့အကြုံ

ဥရောပမှာ အနေကြာနေတဲ့  ကျွန်တော့် ဖတ်ပြီး
အေးအေးခြမ်းခြမ်းနဲ့  ခေါင်းထဲ အတွေးပေါင်းများစွာဝင်လာပါသည် ။
ကြက်တူရွေးကတော်တော် မယ်ဘော်တွေက ကဲနေတာလား
ဖယ်ဘော်တွေ ကဲအောင် ကြက်တူရွေးတွေက မှောက်ပင့်နေတာလား ။
လမ်းဘေးမှာနေ လမ်းဘေးမှာစား တဲ့ 
သံလမ်းတခါးစောင့် ဝန်ထမ်း ရဲ့ အတွေးအခေါ်က
လာသမျှကို ပိတ်ဆို့ ရန်သာနားလည်တယ်ဆိုတော့
ခရီးရှည်ကြီးမောင်းနေတဲ့ ဝန်ဆောင်ကားတွေ
ဒီလိုဂိတ်မျိုး ၁၀၀ လောက် ဖြတ်ရရင် အချိန်တွေနှေးသွားပြီး
ကုန်ဈေးနုံးတက်နေတာ မဆန်းပါဘူး ။

ဒီမိုကရေစီနိုင်ငံတွေ စီးပွားရေးပိတ်ဆို့ တာကို
အကြမ်းဖျက် လုပ်ရပ်တွေနဲ့  တူတယ်ပုံကြီးချဲ့ နေကြတယ် ။
မြန်မာပြည်ထဲမှာ သံလမ်းတခါးတွေ ကစပြီး
လူတဦးချင်းစီရဲ့  သွားလာခွင့်တွေ ပြောဆို ပိုင်ခွင့်တွေ
ဖွင့်ပေးလိုက်ကြပါ ။

အနာဂါတ် မြန်မာပြည်သစ်အတွက်
ရင်ထဲက လာတဲ့  စေတနာအမှန်နဲ့ 
သာတူညီမျှ ပူးပေါင်းဆောင်ရွတ်ရေး ပူးပေါင်းနေထိုင်ရေးမူ တွေ ကို
၂၁ ရာစု ပင်လုံစိတ်ဓါတ်တွေနဲ့  လုပ်ကြမယ်ဆိုရင်
မြန်မာပြည်တွင်း တပ်မတော်များရဲ့  အမှုထမ်းများ
တိုင်းသူပြည်သားများ တိုင်းရင်းသားများ ဘဝ
လှပလာတဲ့ နေ့ ကို အမြန်ရောက်မှာ ဖြစ်ပါတယ် ။




အယ်ဒီတာခင်ဗျား ရန်ကုန်-နေပြည်တော် အမြန်လမ်းကြီး အတွက်
ကျေးဇူးတင်စရာ ကောင်းပါတယ်။ ဆိုလိုတာက ခရီးတွင်တာ ပေါ့ဗျာ။
သဘောကျဖို့ ကောင်းတာက နေပြည်တော်-ရန်ကုန်လမ်းမကြီးပေါ် ကနေ
ပဲခူး အရှေ့ခြမ်းဘက် သွားမှာလား။ ပဲခူး အနောက်ခြမ်းဘက် သွားမှာလား။
ကြိုက်တဲ့နေရာကို ချိုးချလိုက်လို့ရအောင် မြေပုံလမ်းညွှန်တွေက အစ
စနစ်တကျ စိုက်ပေးထားတယ်။
ပြီးတော့ နေပြည်တော် အမြန်လမ်းပေါ်ကနေ ဆက်သွယ်လို့ရတဲ့
လမ်းတွေကို ဖြူးနေအောင် ဖောက်ပေးထားတယ်။
အဲဒါကြောင့် နေပြည်တော် အမြန်လမ်းပေါ်ကနေ တောင်ငူကိုဖြတ်ဆင်းခဲ့တယ်။
ကားက ဖောက်နေတော့ တောင်ငူဝင်ပြီး ကားပစ္စည်းဝင်ရှာတာပါ။
အဲသည့်မှာ တောင်ငူမြို့ထဲအဝင်မှာ ရထားသံလမ်းဂိတ်တွေကို ပိတ်ထားတာတွေ့ရတယ်။
ရထားပေါ်ကဆင်းပြီး ရထားလာမှာမို့လားလို့ သံလမ်းနှစ်ဘက်ကို
ကြည့်တော့ ဘယ်ရထားကိုမှ အမြီးတောင်မမြင်ရဘူး။
အဲသည့်အချိန်မှာ ဆိုင်ကယ်တစ်စီးက ဂိတ်တံခါးကို တွန်းဖွင့်ပြီး
ဖြတ်ထွက်သွားတာ တွေ့ရတယ်။ ဂိတ်စောင့်နဲ့ဘာပြောတယ်တော့ မပြောတတ်ဘူး။
ခဏနေတော့ ဂိတ်စောင့်က ကားဆီကို မင်းသားအိုက်တင်နဲ့ လျှောက်လာပြီး
(အသက်တော့ကြီးပါပြီ) ဘယ်သွားမလို့လဲတဲ့။
ဂိတ်စောင့်မေးပုံက သူ့ကိုယ်သူ ရှာဖွေရေးလုံခြုံရေး တာဝန်တွေပါ
ထမ်းဆောင်နေရတဲ့ပုံမျိုး။
စိတ်တိုတာနဲ့ တောင်ငူကို လာတာပေါ့ကွလို့ အော်ထည့်လိုက်မှ
လှည့်ထွက်သွားပြီး ဂိတ်တံခါးကိုဖွင့်ပေးတယ်။
ဘာသဘောလည်းတော့ မသိဘူး။
တောင်ငူမြို့ထဲမှာ အချိန်ကလင့်နေတော့ လိုတဲ့ကားပစ္စည်းကို ခက်ခက်ခဲခဲ ရှာယူရတယ်။
လိုတဲ့ကားပစ္စည်းကိုရတော့ နေပြည်တော် အမြန်လမ်းပေါ်တက်ဖို့
တောင်ငူရထားလမ်းဂိတ်ကို ဖြတ်ရပြန်တယ်။
ထင်တဲ့အတိုင်း ရထားလမ်းက ပိတ်ထားတယ်။
ဘာဖြစ်ပြန်တာတုန်းပေါ့။ ကားပေါ်က ဆင်းပြီး ရထားလမ်းပေါ် တက်ကြည့်လိုက်တယ်။
ဘယ်ဘက်ကမှ ရထားအရိပ် အယောင်တောင် မမြင်ရဘူး။
ရထားလမ်းဂိတ်တဲကို လှမ်းကြည့်လည်း ကြည့်လိုက်ရော
ဂိတ်စောင့်က ဘုရားရှိခိုးချင်ယောင် ဆောင်လိုက်တယ်။
ဘယ်လောက် စိတ်တိုဖို့ကောင်းလိုက်လဲ။
အဲဒါကြောင့် ရထားလာမှာမို့လားလို့ လှမ်းမေးလိုက်တော့ မလာပါဘူးတဲ့။
မလာဘဲနဲ့ ဘာဖြစ်လို့ ပိတ်တာလဲမေးတော့
ဂိတ်တံတားက ည(၁ဝ)နာရီကနေ မနက်(၅)နာရီအထိ ပိတ်တယ်တဲ့။ ကိုင်း၊ ဘာလုပ်ရမလဲ။
နေပြည်တော် အမြန်လမ်းမကြီးကို (၂၄)နာရီ အဆီးအတားမရှိ ဥဒဟိုဖွင့်ထားတာ၊
တောင်ငူရထားသံလမ်း ဂိတ်ကျမှ ည(၁ဝ)နာရီကနေ မနက်(၅)နာရီအထိ ပိတ်တယ်ဆိုတော့ မဟုတ်သေးဘူး။
အဲသည့်အချိန်မှာ ကိုယ်တော်ချောက ဘယ်သွားမလို့လဲလို့ ထပ်မေးတော့
လာပြန်ပြီ၊ ဒီမေးခွန်း။ စိတ်တိုဖို့ကောင်းလိုက်တာ။
စိတ်တိုတိုနဲ့ ကိုယ်တော်ချောကို နေပြည်တော်ကို သွားမလို့ကွ။
နေပြည်တော် တာဝန်နဲ့ လာတာလို့ လှမ်းအော်လိုက်ဖြစ်တယ်။
အဲသည့်အခါ ကိုယ်တော်ချောက ဖြည်းဖြည်းပြောပါတဲ့။
သူလည်း တာဝန်နဲ့ပဲတဲ့။ တိုလိုက်တဲ့ စိတ်နှယ်။
သင်းကို ဆက်မပြောချင်တော့ဘူး။
ဆောင့်ဆောင့်အောင့်အောင့်နဲ့ ဖွင့်ပေးလိုက်တဲ့ သံလမ်းဂိတ်တံခါးကို ဖြတ်ပြီး ကားကို ဆောင့်ထွက်လာခဲ့တယ်။
ကားမောင်း ထွက်လာပြီး လှည့်ကြည့်တော့ ကိုယ်တော်ချောက သံလမ်းဂိတ်တံခါးကို ပြန်ပိတ်နေတုန်း။
ဟိုဘက်သည်ဘက် လမ်းပေါ်မှာ ကားတွေက တစ်စီးပြီးတစ်စီး မောင်းလာနေကြတယ်။
သေချာပေါက် အဲသည့်ကားတွေကို ဂိတ်တံတား ပိတ်ထားတယ်။
ဘယ်သွာ မလို့လဲလို့မေးမယ်။
ပြီးတော့..

ဂိတ်တံတားက ည(၁ဝ)နာရီကနေ

မနက်(၅)နာရီအထိ

ပိတ်ထားတယ်လို့ပြောလိုက်မယ်။

ပြီးတော့....။

No comments:

Post a Comment