ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Thursday, December 23, 2010

ABSDF removed from the terrorist in USA





Hi Htun,

I was thrilled too. Can you let Thet Naing know about this?
I'll let you know when the Department of Homeland Security officially
announces this and USCIS sends out a memo about
ABSDF being officially removed.

I do hope Burma has freedom someday and
would welcome an offer to visit there.
Sue Chaffee


Hi Htun and Minn,
eI received two emails yesterday stating the ABSDF is definitely being removed
from the terrorist list and that USCIS should start addressing the cases
that have been put on hold in the next few weeks.
Therefore we won't need to send the letter to
Janet Napolitano or visit Senator Schumer's office.
Hopefully Thet Naing and Ko Ko Oo will receive word
about their cases sometime in the next two months.



Dear Sue Chaffee,
My name is Than Win I am very thankful for your kind help for ABSDF.
I was the first General Secretary of ABSDF when
Ko Htun Aung Gyaw was the Chairman.
Without you it will take time to remove ABSDF from
a terrorist organization.
We all former and current ABSDF members are very grateful
for your dedicated work for us.
We really appreciated with the bottom of my heart.
Thank to Ko Htun and Ko Minn Htwe too.

Regards
Than Win
Former General Secretary of ABSDF.

ABSDF တွင်လက်ရှိတာဝန်ထမ်းဆောင်နေကြသော ရဲဘော်များနှင့် နိုင်ငံတကာသို့ရောက်ရှိနေကြသောအေဘီရဲဘော်များခင်ဗျား

အမိမြန်မာပြည်ဒီမိုကရေစီရေး ၊လူ့အခွင့်အရေးအပြည့်အ၀ရရှိရေး ၊
တိုင်းရင်းသားများတန်းတူ အခွင့်အရေးကိုရရှိစေမည့် ဖယ်ဒရယ်ပြည်ထောင်စု
ပေါ်ပေါက်ရေးအတွက်တိုက်ပွဲဝင်နေသော ကျွန်ပ်တို့၏ မိခင် ABSDF အဖွဲ့ကြီးအား
အမေရိကန်နိုင်ငံရှိ Homeland Security Department မှ
အကြမ်းဖက်အဖွဲ့အဖြစ်စာရင်းသွင်းသတ်မှတ်ထားခဲ့ပါသည် ၊
ထို့အတွက်ကြောင့် အမေရိကန်နိုင်ငံသို့လာရောက်ရန်
UN အောင်ထားသောABSDF တပ်ဖွဲ့ဝင်များလာရောက်အခြေချခြင်းကိစ္စကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းခြင်းကိုခံထားကြရပါသည် ။
ထို့အပြင် 9 /11 အမေရိကန်နိုင်ငံတွင် မူဆလင်အကြမ်းဖက်မှုကြီးဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံတွင်လာရောက်အခြေချနေထိုင်ကြသော
ABSDF အဖွဲ့ဝင်များ၏ GREENCARDမရရှိသေးသူများGREENCARD လျှောက်ထားခြင်း ၊
GREENCARD ရရှိပြီးသူများ မှနိုင်ငံသားလျှောက်ထားခြင်း တို့ကိုအကြမ်းဖက်အဖွဲ့မှ
အဖွဲ့ဝင်များဖြစ်သည်ဟုသတ်မှတ်ချက်ဖြင့် ရက်အကန့်အသတ်မရှိ ရွှေဆိုင်းခြင်းခံရသည့်အတွက်များစွာနစ်နာခဲ့ကြရပါတယ် ထိုကိစ္စနဲ့ပတ်သက်၍
ABSDF တွင်ဦးဆောင်မှုနေရာတွင်တာဝန်ထမ်းဆောင်ခဲ့ကြသော
ကိုထွန်းအောင်ကျော်နဲ့ ကျနော်တို့အနေနှင့် တာဝန်ရှိသည်ဟုယူဆသဖြင့်
တတ်နိုင်သမျှအဆက်အသွယ်ရှာပြီးဒီအခက်ခဲကိုကူညီဖြေရှင်းဖို့ ကြိုးစားခဲ့ကြပါသည် ။
Congressmen ၊ homeland security dept သို့
စာများရေးသား၍အေဘီဟာ အကြမ်းဖက်အဖွဲ့မဟုတ်ကြောင်း
စာရေးသားပေးပို့ခဲ့ပါသည်
ထို့အပြင်မကြာသေးခင်က အင်တာနက်တွင်
ကိုထွန်းအောင်ကျော်မှ petition လုပ်၍လက်မှတ်များကောက်ခံပြီး
Ithaca မှ Sue Chaffee အကူအညီဖြင့် ၀ါရှင်ဒီစီသို့စာနှင့် petition များကိုပေးပို့ခဲ့ခြင်အပေါ်
Homeland security dept မှ ABSDF အဖွဲ့အား အကြမ်းဖက်စာရင်းမှပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းသတင်းကောင်းကို
Sue Chaffee မှ ကျနော်တို့အားယနေ့ (12 /22 /2010 )
မှာဝမ်းမြောက်စွာလက်ခံရရှိပါတယ်။့ ဒီသတင်းကို Homeland security မှ မကြာခင်တရားဝင်ထုတ်ပြန်တော့မည်ဖြစ်ကြောင်းကိုရဲဘော်အားလုံးသို့
ခရစ်စမတ်လက်ဆောင်အဖြစ်
သတင်းကောင်းပါးအပ်ပါတယ် ။
ရဲဘော်များကြုံတွေ့အခက်အခဲများကိုကျော်ဖြတ်အောင်မြင်နိုင်ကြပါစေ ။

ဒီကိစ္စကိုအဓိကလုပ်ခဲ့ကြသော Ithaca မှ ကိုထွန်းအောင်ကျော် နှင့်
ကိုမင်းထွေးနဲ့တကွ petition တွင်ရဲဘော်ရဲဘက်စိတ်ဖြင့်
လက်မှတ်ထိုးပေးခဲ့ကြသောရဲဘော်များအားလုံး၏
မွန်မြတ်သောစိတ်ဓါတ်ကိုကျနော်အနေဖြင့်
ဂုဏ်ယူ ၊ချီးကျူး ၊ မှတ်တမ်းတင်အပ်ပါသည်

ဂုဏ်ယူလေးစားစွာဖြင့်

ရဲဘော် သန်းဝင်း

No comments:

Post a Comment