ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Saturday, November 27, 2010

Khin Nyunt video



အသံပါတဲ့ ဗီဒီယို


ဦးခင်ညွန့် နဲ့ သူ့ မိန်းမ တိုင်းပြည်အပေါ် ယုတ်မာခဲ့တာလူတွေ မသိလိုက်ဖူး ။ စစ်ဗိုလ်လုပ်ဖေါ်ကိုင်ဖက်တွေက သေမလောက်ကြောက်ခဲ့ကြတာ ။ သူ့ ဆီမှာ စစ်ဗိုလ်တွေကို ဖမ်းနိုင်အောင် စစ်ဗိုလ်တွေ အမှားလုပ်ခဲ့တဲ့ စာရင်းတွေ ရှိနေသေးတယ် နောက်ဆုံးအဆင့် သူ့ အသက် အတွက် လိုအပ်ပြီလို့ ယူဆရင် ထုတ်သုံးမှာကို စစ်ဗိုလ်တိုင်းကြောက်မှာပါ ။ ဗီဒီယိုမှာ ခင်ညွန့် မျက်နှာကို သေသေချာချာကြည့်ပါ ။
ပထမပိုင်းအိမ်ထဲကို ဝင်ပြီးစကားစပြောတော့ အင်မတန်တုန်လှုပ်လို့  လက်နှစ်ဖက်ကို ပွတ်ပြီးပြောပါတယ် ။
ပြောဆိုကြရင်း ခင်ညွန့် ကသူ့ စကားကိုအသိအမှတ်ပြုတယ်လို့ ယူဆချိန်မှာ
ကုလားထိုင်ကို ရှေ့ ကိုတိုးပြီး နားမလည်တဲ့ အမူအရာနဲ့ ညင်းဆန်မှုတွေပြုပါတယ် ။
နောက်တော့ သဘောတူညီမှုတခုရသွားပြီး မာန်ကိုယ်ဖို့ အမူအရာနဲ့  အားလုံးကိုနှတ်ဆက်ပါတယ်
မှတ်သားစရာက ဒမြဆန်ဆန်ရထားတဲ့ ဖိနပ်တွေကိုတန်ဖိုးကြီးမားတဲ့
ကျွန်းဘီဒိုထဲမှာ အများကြီး။
တတိုင်းပြည်လုံးက ဆန်ပြုတ်ဝယ်သောက်နေရပါတယ် ။
နောက်တနေရာရောက်တော့ အတွေးအခေါ် အရ အပေါ်င်္စီးရသွားတာနဲ့  ပညာတွေပေးပါတော့တယ် ။
၁၉၈၈ နောက်ပိုင်းကစပြီး တပ်မတော်ကြီး ရပ်တည်နိုင်အောင်
ထောက်လှမ်းရေးတွေ သုံးပြီး ပြည်တွင်း၊နယ်စပ်နဲ့ နိုင်ငံတကာမှာ
ကြိုးစားပြီ အားလုံးသတ်ဖြတ် လိမ်ညာဇတ်လမ်းတွေနဲ့ အောင်မြင်ခဲ့သော်လည်း
ဗိုလ်ချုပ်တအုပ် ချောက်တွန်းလို့  ဒီနေရာရောက်လာတာပါ ။
တပ်ချုပ်ကြီး အတွက် လိုအပ်ရင် ကူညီဖို့  အသင့်ရှိနေပါတယ်လို့ ပြောမှာပါ ။
( ဗိုလ်ချုပ်တွေ ချီးဘရိန်းဆိုတာ ခင်ညွန့် ကသိပြီးသားပါ)


တော်လှန်ရေးသတိ

တကမ္ဘာလုံးကလူသားတွေ ဒေါ်အောင်ဆန်းစုကြည် ခတ္တလွတ်မြောက်လာချိန်မှာ
ပျော်ရွင်နေချိန်
မြန်မာပြည်ဖွားတွေနဲ့  နိုင်ငံအသီးသီးက ခေါင်းဆောင်တွေက
မြန်မာပြည်ဒီမိုကရေစီ ရရှိရေး ပထမခြေလှမ်း လို့ ကြွေးကျော်နေချိန်
မြန်မာပြည်တွင်းမှာ တိုင်းရင်းသားများအပါအဝင်
လုပ်သားပြည်သူတရပ်လုံးက မြန်မာပြည် လွတ်လပ်ရေးအတွက်
အတွေးသစ် အမြင်သစ်တွေနဲ့  စည်းလုံးညီညွတ်စွာ
မြန်မာပြည်သစ်ကြီးကို ပြည်လည်တည်ဆောက်ဖို့  ပြင်ဆင်နေချိန်

မြန်မာပြည်သူပြည်သားများရဲ့  အကြီးမားဆုံး ရန်သူတော်ကြီး
တပ်မတော်အတွင်း မဆလပါတီအတွင်း
ပြည်တွင်းက လူ့ အဖွဲ့ အစည်းများများ
တိုင်းရင်းသား အဖွဲ့ အစည်းများ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ အပြင်
၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကြီး တခုလုံးနဲ့ 
အန်အယ်ဒီ ပါတီကြီး တခုလုံးကို
သွေးအေးအေးဖြင့် စနစ်တကျ ရက်ရက်စက်စက်
ဥာဏ်နီ ဥာဏ်နက် ကောက်ကျစ်မှုမျိုးစုံ သုံးပြီး
မိမိတကိုယ်ရေ နဲ့  သစ္စာခံ တပည့်များနေရာရအောင်
တိုင်းပြည်ကို ဖြိုခွဲခဲ့သူ ဦးခင်ညွန့်  သတင်းပြန်ထွက်လာပါသည် ။

ပြဿနာတွေကို ဖြစ်ကတတ်ဆန်း ဖြေရှင်းတတ်တဲ့
မြန်မာပြည်ကလက်ရှိ ဗိုလ်ချုပ်တွေထက် ဦးခင်ညွန့် က ပိုပြီးယုတ်မာပါတယ် ။
သေချာနေတာကတော့
မြန်မာပြည်ထဲက လူတွေအတွက်ရော
ပြည်ပမှာနေကြတဲ့ မြန်မာပြည်ဖွားတွေ အတွက်ရော
ပိုမို သတိရှိကြပြီး
ဖြစ်လာနိုင်ဘွယ်များကို ဆွေးနွေးစုစည်းထားသင့်သည့်
လက်တွဲ ညီညွတ်ရန် အချိန်ရောက်နေပြီဟု
နတ်ဆိုးကြီး ခင်ညွန့် ဗီဒီယိုကို ကြည့်ပြီး
မှတ်ချက်ပေးလိုက်ပါသည် ။
( ဗီဒီယိုကို ကြည့်ရသည်မှာ တယ်လီဖုန်းဖြင့်မှတ်တမ်းတင်ထားသည်ဟုယူဆပါသည် )
ဖမ်းဆီးချိန်တွင် ရှေ့ တန်းမှ လည်းရိုက်နိုင်သလို အုပ်စုပြင်ပမှလည်း ထွက်ပြီး ရိုက်နိုင်သူဖြစ်လို့ 
တရားဝင်မှတ်တမ်းမဟုတ်သော်လည်း ရာထူးကြီးကြီး လူတဦးက သူ၏ကင်မရာဖြင့်ရိုက်ထားခြင်းဖြစ်ပြီး
ဖုန်းကင်မရာကို သေချာစွာမသုံးတတ်သူလို့ ထင်ပါတယ် ။)

ဌေးတင့်
နယ်သာလန် ။

No comments:

Post a Comment