ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Sunday, November 14, 2010

busiest days for Daw Aung San Suu Kyi


Aung San Suu Kyi's talks exclusively to the BBC



14 November 2010 Last updated at 13:03 GMT
In her first interview since being released, the Burmese opposition leader, Aung San Suu Kyi, has told the BBC's Alastair Leithead that she plans to listen to what the people of Burma want before taking her next steps.
She has already spoken to supporters and journalists at her party headquarters in Rangoon, saying she'll talk to Western nations about lifting sanctions if that's what the Burmese people want.
The Nobel Peace Prize winner has been detained for 15 of the past 21 years.

ဒေါ်အောင်ဆန်းစုကြည်နဲ့ မီဒီယာတွေ ပြောတဲ့ စကား အသံဖိုင်
Posted by ဒေါင်းအိုးဝေ on 7:38 AM
Dassk Press by dawnoway

ဓာတ်ပုံ AP

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမေးအဖြေများ
နိုဝင်ဘာ ၁၄၊ ၂၀၁၀။
ထပ်ဆင့် ဖြန့်ဝေရန်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက် သူတယောက်တည်း လုပ်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီမိုကရေစီ လိုလားတယ်ဆိုရင် အားလုံးနဲ့ လက်တွဲလုပ်သွားမယ်လို့ တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေအရေး၊ NLD ရဲ့ ရှေ့ရေး၊ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ အကြောင်းအရာတွေ အပါအဝင် ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတွေအပေါ် သူ့အမြင်တွေကို ဖြေကြားခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်းကို မစုမြတ်မွန်က စုစည်းတင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က တော်တော်လေး အော်ဟစ် ဖြေကြားခဲ့ရတယ်လို့ ပြောရမှာပါ။ သူ့ကိုမေးကြတဲ့ ပြည်တွင်း ပြည်ပက သတင်းထောက်တွေကလည်း သူ့ထက်ငါ အလုအယက်ကို မေးခဲ့ကြပါတယ်။ သူ့ရဲ့ လွတ်မြောက်မှုနဲ့ ပတ်သက်ပြီး သတင်းထောက် တယောက်က မေးတော့ ဒေါ်အောင်ဆန်းစုကြည်က…

“ကျမရဲ့ ပြည်သူတွေ မလွတ်မြောက်သေးသရွေ့ ကျမ လွတ်မြောက်တယ်လို့ ဘယ်ပြောနိုင်ပါ့မလဲ။ အားလုံးအတူ မလွတ်မြောက်သရွေ့ ဘယ်သူမှ မလွတ်လပ်သေးပါဘူး။ တယောက်နဲ့တယောက် ကူညီပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီရအောင် လုပ်သွားရမယ်။” လို့ ဖြေသွားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိအောင် လုပ်ဖို့အတွက်ကိုလည်း အားလုံးနဲ့ လက်တွဲ လုပ်သွားမယ်လို့ ပြောပါတယ်။

“ကျမတို့က အမြဲ တံခါးဖွင့်ထားပါတယ်။ ကျမတို့နဲ့ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုအဖွဲ့တွေနဲ့ အားလုံး လက်တွဲပြီး ဆောင်ရွက်ဖို့ အဆင်သင့်ပဲ။ ကျမတို့ရဲ့ အရင်တုန်းက မူဝါဒကလည်း ဒီအတိုင်းပဲ။ အခုလည်း ဒီမူဝါဒအတိုင်းပဲ။”

လောလောဆယ်မှာတော့ ဘယ်ပါတီနဲ့မှ ဆွေးနွေးဖို့ အစီအစဉ် မရှိသေးပါဘူးလို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ရွေးကောက်ပွဲဝင်တာ၊ မဝင်တာကို သူ့အနေနဲ့ ဘာမှ မပြောလိုပါဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရွေးကောက်ပွဲမှာ မဲထည့်ခဲ့သူတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့သဘောထားကို ပြောတာကတော့…

“ဒါကတော့ ဘယ်လိုကြောင့် မဲပေးတာလဲဆိုတော့ အန်တီတို့ အနေနဲ့ ကိုယ့်ရဲ့ဆန္ဒအရ၊ တကယ်ပဲ လွတ်လပ်တဲ့ ဆန္ဒအရ၊ အဓိပ္ပာယ်ရှိတဲ့ ဆန္ဒအရ၊ တကယ်ပဲ အခြေအနေကိုသိလို့ ကြိုက်လို့ ပေးတယ်ဆိုရင် ဘယ်သူ့ပေးပေးပါ၊ အန်တီတို့အနေနဲ့ ကန့်ကွက်စရာအကြောင်း မရှိဘူး။ ဒါပေမဲ့ ကိုယ် အလုပ်တခုလုပ်ရင် ဘာဖြစ်လို့ လုပ်တာလဲဆိုတာ သိရမယ်။ အခု မဲပေးတယ်၊ ဘာအတွက် မဲပေးလဲ၊ ဘာရည်ရွယ်ချက်နဲ့ ပေးလဲ၊ ဘာဖြစ်လို့ လက်ခံတာလဲ၊ သေချာစဉ်းစားပြီး ကြိုက်လို့ ပေးရင် အန်တီတို့က ဘာမှပြောစရာအကြောင်း မရှိပါဘူး။”

မြန်မာ့နိုင်ငံရေးမှာ ပေါ်ထွက်လာတဲ့ အင်အားစုတွေ အနေနဲ့ အားလုံး ပေါင်းစုပြီး လုပ်သင့်တာကိုလည်း သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အလေးပေး ဖြေကြားသွားပါတယ်။

“တတိယ အင်အားစုတို့၊ စတုတ္ထ အင်အားစုတို့၊ ပဉ္စမ အင်အားစုတို့၊ အဲဒါတွေက အရေးမကြီးပါဘူး။ တကယ် အရေးကြီးတာက ဒီမိုကရေစီအတွက် တကယ်လုပ်ပေးချင်တဲ့အဖွဲ့၊ တချို့အဖွဲ့တွေက ဘယ်လို ပေါင်းစုပြီးတော့ ပြည်သူအတွက် ထိရောက်အောင် လုပ်ပေးနိုင်မလဲ ဆိုတာပဲ အရေးကြီးပါတယ်။ ဒုတိယ အင်အားစုတို့၊ တတိယ အင်အားစုတို့ဆိုတာ နာမည်တွေပဲ ဖြစ်ပါတယ်။ ဒီနာမည်ဆိုတာ တကယ်ပဲ ထိရောက်တဲ့ နာမည်လား ဘာလားဆိုတာ ကျမတို့ သိမှာမဟုတ်ပါဘူး။”

ရွေးကောက်ပွဲမှာ NLD ပါတီ အရွေးမခံတဲ့အတွက် ပါတီရဲ့ ရှေ့ရပ်တည်မှု ဘယ်လိုဖြစ်မှာလဲဆိုတဲ့ နိုင်ငံခြား သတင်းထောက်ရဲ့ အမေးကို ဖြေရာမှာတော့…

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပါတီတခု အနေနဲ့ ရပ်တည်ဖို့ တည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ရရှိအောင် လှုပ်ရှားဆောင်ရွက်မယ့် အဖွဲ့တခု အနေနဲ့ တည်ထောင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ ဒီမိုကရေစီကို လိုလားနေသရွေ့၊ အာဏာပိုင်တွေက တရားဝင်တယ်ပဲပြောပြော၊ တရားမဝင်ဘူးပဲပြောပြော၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဆက်လက် ရှိနေမှာပဲ။” လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီကို ဖျက်သိမ်းတာနဲ့ ပတ်သက်လို့ တရားဆိုင်နေဆဲဖြစ်လို့ တရားမဝင်ပါတီလို့ ပြောလို့ မရတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲမှာ ထောက်ပြသွားပါတယ်။

“အခုက NLD ဟာ ဖျက်ပိုင်ခွင့် ရှိမရှိဆိုတာ တရားရုံးမှာ ရောက်နေတယ်။ ၁၈ ရက်နေ့မှာ တရားရုံးက ကြားနာမယ်။ အဲဒါပြီးမှ အဖြေထွက်မယ်။ ဒါပေမဲ့ ဒါဟာ တရားရုံးကချတဲ့ အဖြေသာဖြစ်တယ်။ NLD ဆက်လက် တည်ရှိလား၊ မတည်ရှိဘူးလားဆိုတဲ့ အဖြေမှန်ကတော့ ပြည်သူလူထုရဲ့ နှလုံးသားထဲမှာပဲ ရှိတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က NGO အဖွဲ့အနေနဲ့ လုပ်မှာမဟုတ်ဘူး ဆိုတာကိုလည်း ရှင်းပြပါတယ်။

“ဒီအဖွဲ့ချုပ်က နိုင်ငံရေးအဖွဲ့ပဲ။ အဲဒီတော့ အန်တီတို့ အနေနဲ့ NGO ဖွဲ့မယ်လို့လည်း တခါမှ မပြောခဲ့ဘူး။ အန်တီတို့ ပြောတာက လူမှုဝန်ထမ်း အလုပ်တွေ လုပ်ရမယ်။ လူမှုဝန်ထမ်း အလုပ် လုပ်တယ်ဆိုတာ၊ လူမှုဝန်ထမ်းဆိုတာ နိုင်ငံရေးနဲ့ ခွဲခြားလို့ မရဘူး။ အခုအချိန်မှာ အန်တီတို့ ပြည်သူတွေက အင်မတန်မှ လိုအပ်နေတယ်။ ဆင်းရဲနေတယ်၊ ဒုက္ခရောက်နေတယ်၊ အကူအညီ လိုနေတယ်။ အဲဒီ လိုချင်တဲ့၊ လိုနေတဲ့ အကူအညီတွေကို ပေးနိုင်သလောက် ပေးဖို့ပဲ။ အဲဒါလည်း အခုမှလုပ်တာ မဟုတ်ပါဘူး။ အခုမှပြောတာ ဆိုပေမဲ့ တကယ်တော့ ၁၉၉၅ ခုနှစ်ကတည်းက စပြီးတော့ ဒီလို လူမှုဝန်ထမ်း အလုပ်တွေကို လုပ်ခဲ့တာပဲ။”

မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားရေးနဲ့ ပတ်သက်လို့ မေးခွန်းမေးတာကိုတော့ NLD အလုပ်အမှုဆောင်တွေနဲ့ မဆွေးနွေးရသေးတဲ့အတွက် အတိအကျ မပြောနိုင်သေးပေမဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။
AP
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ နိုဝင်ဘာ ၁၄၊ ၂၀၁၀။

“ပြည်သူတွေက ခိုင်မာတဲ့ အကြောင်းအချက်တွေနဲ့ Sanction ကို ဖျက်စေချင်ပါတယ်ဆိုရင် ဖျက်မယ်။ ခိုင်မာတဲ့ အကြောင်းရပ်တွေ ဖြစ်ရမယ်။”

သတင်းစာ ရှင်းလင်းပွဲမှာ တယောက်က ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အပေါ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဘာပြောချင်ပါလဲလို့ မေးတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က…

“ဘာပြောချင်လဲဆိုတော့ ဘာပဲဖြစ်ဖြစ် ပြောခွင့်ရရင် ကောင်းမှာပဲ။ ပြောကြစို့ ဆိုတာပဲ ပြောချင်ပါတယ်။”

မကြာခင်က ကလေးမြို့မှာ ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့နဲ့ ပတ်သက်တဲ့ ကလေးမြို့ ကြေညာစာတမ်း ထုတ်ပြန်ခဲ့တဲ့အပေါ် သူ့ရဲ့ သဘောထားကိုလည်း အခုလို ပြောသွားပါတယ်။

“ဒုတိယပင်လုံ ဆိုတာက ကျမ ၈၉ ခုနှစ်တုန်းက ပြောခဲ့ဖူးတဲ့ ကိစ္စပဲ။ အခုအချိန်မှာတော့ ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံစိတ်ဓာတ် ထူထောင်ဖို့ ပင်လုံညီလာခံတခု လိုတယ် ဆိုတာကိုပဲ ပြောလိုပါတယ်။”

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ ပြဿနာကို ဖြေရှင်းတာဟာ စိတ်မကောင်းစရာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က မြင်ပါတယ်။

“တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်တာကတော့ ဘာများ စိတ်ချမ်းသာစရာရှိလဲ၊ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်တာ ကျမတို့ အားလုံးအတွက် စိုးရိမ်စရာပေါ့၊ စိတ်မကောင်းစရာပေါ့။ ဒီလိုဟာမျိုးတွေ မဖြစ်သင့်ဘူး။ ဒါကို ကျမတို့က ငြိမ်းချမ်းတဲ့နည်းနဲ့ မတူကွဲပြားတဲ့ အတွေးအမြင်တွေကို ဖြေရှင်းမယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲထားတဲ့သူတွေ ဆိုတော့ ဒီလို တိုက်ပွဲတွေနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ ကိစ္စက ကျမတို့အတွက် အများကြီး ၀မ်းနည်းစရာပဲ။”

မြန်မာနိုင်ငံမှာ အကျဉ်းကျနေဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အရေးကိုလည်း မမေ့ပါဘူး ဆိုတာကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါသေးတယ်။

“နိုင်ငံရေး အကျဉ်းသားတွေလည်း တောင့်ထားလို့ ပြောရမှာပဲ။ ဘယ်တော့မှ မမေ့ဘူး။ ကျမတို့စိတ်ထဲမှာ တချိန်လုံးရှိနေတဲ့ ကိစ္စပဲ။”

မြန်မာပြည်သူတွေ ပညာရေးပိုင်း အားနည်းတာ၊ နိုင်ငံရေးအသိ အားနည်းတာနဲ့ ပတ်သက်တဲ့ အမေးကို ဖြေတာမှာလည်း…

“ပွင့်ပွင့်လင်းလင်း ပြောရရင် အန်တီတို့ ပြည်သူတွေအနေနဲ့ Education အပိုင်းမှာ တော်တော့်ကို အားနည်းပါတယ်။ ပြည်သူတွေရဲ့ ပညာရေးကို ပိုပြီးတော့ မြှင့်တင်ဖို့လိုတယ်။ ပညာရေး စနစ်ကြီးကိုက အားနည်းနေမှတော့ နိုင်ငံရေး အသိပညာလည်း အားနည်းမှာပေါ့။”

နှစ်ပေါင်းများစွာ မိသားစုအရေးထက် မြန်မာပြည်သူတွေ အရေးကို ဆောင်ရွက်နေတဲ့အတွက် သူ့ကို အနစ်နာခံတယ်လို့ ပြောကြတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာက သူကတော့ အဲဒီလို မယူဆပါဘူးတဲ့။

“အနစ်နာခံတယ်လို့တော့ အမေ လုံးဝ စိတ်ထဲမှာ မထားဘူး။ အမေ့ကို အနစ်နာခံတယ်၊ အနစ်နာခံတယ်လို့ ပြောရင်လည်း ဒါ တကယ့်ကို မျက်နှာပူစရာ ကိစ္စပဲ။ ဒါ အမေ လျှောက်ချင်တဲ့လမ်းကို အမေ့ဘာသာ ရွေးပြီးတော့ လျှောက်တာ။ အနစ်နာခံတယ်လို့ လုံးဝ မထားဘူး။ စိတ်ထဲမှာ အနစ်နာခံတယ် ဆိုတာက အကြွေးတောင်းတဲ့ သဘောပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အနစ်နာခံတယ်လို့ လုံးလုံး မထင်ဘူး။ ကိုယ်ရွေးတဲ့လမ်းကို ကိုယ်လျှောက်တယ်၊ ကိုယ်ကြိုက်လို့ ကိုယ်လျှောက်တယ်။ ခံစရာရှိရင် ကိုယ်ခံမယ်။ ဘယ်သူ့ကိုမှလည်း အကြွေးလာမတောင်းဘူး။”

ဒေါ်အောင်ဆန်းစုကြည်ကို နုပျိုနေအောင် ဘယ်လိုနေပါသလဲလို့ တယောက်ကလည်း မေးပါတယ်။ အဲဒါကိုတော့ အရွှန်းဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက…

“အလုပ်လိုအပ်ချက်အရ ဒီမိုကရေစီ မရမချင်း ကျန်းကျန်းမာမာနဲ့ ခိုင်ခိုင်မာမာ နေရမယ်။ ဒီမိုကရေစီ မြန်မြန်ရရင်တော့ ကောင်းကောင်းမွန်မွန်၊ အေးအေးဆေးဆေး အဖွားကြီးလို သွားမယ်။”

သူ့ရဲ့အင်အားဟာ ပြည်သူတွေရဲ့အင်အား ဖြစ်တယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပြီး အားလုံး လက်တွဲလုပ်သွားရမယ့် အကြောင်းကို အလေးပေး ပြောသွားပါသေးတယ်။

“ပြည်သူတွေရဲ့ အားက အန်တီ့အားပဲ။ အန်တီ့အားဖြစ်အောင် အားရှိရှိနဲ့ နေရမှာပေါ့။ အန်တီက တယောက်တည်း လုပ်လို့ရလို့လား။ စောစောကလည်း ပြောပြီးပြီ၊ လူတယောက်တည်း ဒီမိုကရေစီ လုပ်လို့ရရင် ဒီလောက်များ လွယ်မယ် ထင်လို့လား။ တန်ဖိုး အတော်ရှိတဲ့ကိစ္စနော်၊ တန်ဖိုးရှိတဲ့ ကိစ္စတခုအတွက်ဆိုရင် အများကြီး ပေးဆပ်ရတယ်။ တယောက်တည်း လုပ်လို့လည်း မရဘူး။ တယောက်တည်း လုပ်လို့ရတယ်လို့ ထင်ရင်လည်း ဒီမိုကရေစီစိတ်ဓာတ်ကို မဟုတ်တော့ဘူး။ အဲတော့ ပြည်သူက ဒီမိုကရေစီ လိုချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးဆိုရင် ဒီမိုကရေစီရမှာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အာဏာရှင် တယောက်ပဲ ပေါ်လာမှာပဲ။ အဲတော့ ပြည်သူက ၀ိုင်းပြီးလုပ်ရမယ်။”

အခုလို မေးကြ ပြောကြတာတွေကို ပြည်တွင်း သတင်းမီဒီယာတွေမှာ ရေးသားခွင့်မရရင် ဘာပြောမလဲလို့ ပြည်တွင်းသတင်းထောက် တယောက်က မေးတော့…

“အဲဒီလိုဆိုရင်တော့ ရွေးကောက်ပွဲပြီးတော့ ဘာမှလည်း မထူးခြားပါလားလို့ ပြောရမှာပဲ။”

တနင်္ဂနွေနေ့က အမျိုးသား ဒီမိုကရေစီ ရုံးချုပ်မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားသွားချက်တွေ ဖြစ်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်တွင်း ပြည်ပက သတင်းထောက်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဖို့ နီးပြီလားလို့ နိုင်ငံခြား သတင်းထောက် တယောက်က မေးတာကို ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ရှေ့ကို ကြိုမမြင်နိုင်လို့ ဘယ်တော့ မြန်မြန်ရမယ် ဆိုတာကိုတော့ မပြောနိုင်ပါဘူး၊ အမြန်ဆုံး ရအောင်အတွက် ကြိုးစားသွားပါ့မယ်၊ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုဟာ ပြည်သူတွေဆီက ထောက်ခံမှု ဘယ်လောက်ရသလဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေသွားပါတယ်။



AP News Myanmar's Suu Kyi, newly free, calls for talks
http://news.yahoo.com/s/ap/as_myanmar_suu_kyi

YANGON, Myanmar – Democracy heroine Aung San Suu Kyi took her first steps back into Myanmar's political minefield Sunday, vowing to press ahead in her decades-long fight for democracy while also calling for compromise with other political parties and the ruling junta.

Suu Kyi, who was freed from house arrest Saturday amid a divided political landscape and days after widely criticized elections, made clear she faces a precarious position: maneuvering between the expectations of the country's pro-democracy movement and the realities of dealing with a clique of secretive generals who have kept her locked up for much of the past two decades.

"I've always believed in compromise," the Nobel Peace laureate told reporters in the dilapidated offices of her party, the National League for Democracy, with its rough concrete floor and battered wooden furniture. "I am for national reconciliation. I am for dialogue. Whatever authority I have, I will use it to that end ... I hope the people will support me."

This Southeast Asian nation, once known as Burma, has been ruled by the military since 1962, leaving it isolated from much of the international community and battered by poverty. The junta has an abysmal human rights record, holding thousands of political prisoners and waging brutal military campaigns against ethnic minorities.

In recent years, though, it has also become an increasingly important regional trading hub, and its natural gas reserves and hydroelectric possibilities have brought it close to energy-hungry China and India.

Earlier Sunday, Suu Kyi spoke to a rapturous crowd of as many as 10,000 people who jammed the street in front of the office. While the speech was technically illegal — any gathering of more than a handful of people needs government permission in Myanmar — the authorities made no arrests.

Deeply charismatic, the 65-year-old Suu Kyi is by far the country's most popular politician, a popularity the junta clearly fears. Dozens of secret police officers were on hand Sunday to record her comments and photograph those in attendance.

"I believe in human rights and I believe in the rule of law. I will always fight for these things," she told the crowd. "I want to work with all democratic forces and I need the support of the people."

But she also urged her followers to work for national reconciliation.

"If we want to get what we want, we have to do it in the right way; otherwise we will not achieve our goal however noble or correct it may be," she cautioned.

Click image to see photos of Aung San Suu Kyi's release


REUTERS/Soe Zeya Tun

Later, Suu Kyi told reporters her message to junta leader Gen. Than Shwe was, "Let's speak to each other directly." The two last met in secret talks in 2002 at the encouragement of the United Nations.

If her comments might appear surprisingly measured for a woman who has become an international symbol of democratic reform, she has long said she was willing to negotiate, even with the junta.

The top-ranking U.S. diplomat in Myanmar, Charge d'Affaires Larry Dinger, was among a group of diplomats who met her Sunday and also met her while she was under house arrest.

"She's made clear to us that she's a pragmatic politician who wants to find pragmatic solutions to this country's problems," he said.

Energized as Suu Kyi's supporters are, she faces a military determined to cling to the power it has wielded for decades, and any collision between the two could well land Suu Kyi right back from where she emerged this weekend — house arrest and isolation.

"It could be a little bit of a cat and mouse game," said Trevor Wilson, former Australian ambassador to Myanmar and now a visiting fellow at the Australian National University in Canberra. "The regime may wait for her to make a tactical error and crack down on her again."

Suu Kyi's most recent term kept her under house arrest for seven years, though she has been jailed or under house arrest for more than 15 of the last 21 years.

In that time, she was unable to see her husband, the British scholar Michael Aris, before he died of cancer, and has never met her grandchildren. She has not seen her two sons for almost 10 years.

But she insisted Sunday her time in detention — in a crumbling lakeside family villa where she had a small staff — was far easier than most prisoners here face. Human rights groups say the government holds more than 2,200 political prisoners.

"Honestly, throughout these years of detention, they have treated me well. But they have not acted according to the rule of law, and that I will always fight against," she told reporters.

She said she "kept myself pretty much on an even keel" during her detention, but added for years she had only the radio for company. "I'd like to listen to human voices," she said.

Her release came just days after an election that was swept by the ruling junta's proxy political party and decried by Western nations as a sham designed to perpetuate authoritarian control. The leading opposition party was a splinter from Suu Kyi's National League for Democracy, was officially disbanded for refusing to register for the polls.

Many observers have questioned whether her release was timed by the junta to distract the world's attention from the Nov. 7 polls.

Suu Kyi said her party would help probe allegations of voting fraud.

Myanmar's last elections in 1990 were won overwhelmingly by the National League for Democracy, but the military refused to hand over power and instead clamped down on opponents.

Suu Kyi took up the democracy struggle in 1988, as mass demonstrations were breaking out against 25 years of military rule. She was quickly thrust into a leadership role, mainly because she was the daughter of the country's most famous modern political hero, Aung San, who led the country to the eve of independence from Britain before his assassination by political rivals in 1947.

She rode out the military's bloody suppression of street demonstrations to help found the NLD. Her defiance gained her fame and honor, most notably the 1991 Nobel Peace Prize.

That defiance and the immense personal costs she has paid — held in detention, cut off from her family — has given Suu Kyi's followers a near-mystical belief in her abilities.

"She has sacrificed her family to stand for truth and justice," said Taw Hla Kyi, an 80-year-old woman standing in the crowd Sunday. "If we all work together with Suu Kyi, the generals will all run away."

___

Associated Press writer Grant Peck in Bangkok and video journalist Jason Dorn in Washington contributed to this report.

Today (November 14, 2010) is the one of the busiest days for democracy icon and Burmese national hero Daw Aung San Suu Kyi.
ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ်အများဆုံးနေ့ထဲက တရက် ဖြစ်ပါတယ်
Daw Aung San Suu Kyi Meet with actor and social activist Kyaw Thu in the morning. (Photo News)
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်းမှာ ရုပ်ရှင်မင်းသား ကျော်သူကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။
http://burmatoday.net/photo2005/2010/201011/101114_kyaw_thu/

And she met with diplomats @ 11 AM.
အဲဒီနောက် မနက် ၁၁ နာရီမှာ သံတမန်များနဲ့ တွေ့ဆုံခဲ့ပါတယ်။
Then, Daw Aung San Suu Kyi gave the speech to the tens of thousands of her supporters @ 12 noon.
နေ့လည် ၁၂ နာရီမှာတော့ ပြည်သူ ထောင်သောင်း (သုံးသောင်းလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။) ကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

http://burmatoday.net/photo2005/2010/201011/101114_daw_aung_san_suu_kyi_speech/ (Photo News)

http://burmatoday.net/audio/101114_daw_aung_san_suu_kyi_speech.html (Audio File)

After that, Burmese national hero Daw Aung San Suu Kyi meets the press @ 1 PM. (Audio File)

အဲဒီနောက် နေ့လည်တနာရီမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

http://burmatoday.net/audio/101114_daw_aung_san_suu_kyi_press_conference.html

Finally, she attends the funeral service of NLD leader U Lwin’s wife @ 2 PM.

သတင်းစာရှင်းလင်းပွဲ ကျင်းပအပြီး နေ့လည် ၂ နာရီမှာတော့ နိုဝင်ဘာ ၁၂ ရက်နေ့က ကွယ်လွန်သွားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးလွင်ရဲ့ဇနီး ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

19 နာရီ 44 မိနစ် - မြန်မာစံတော်ချိန်
မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ
ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာ ကျနော်တို့သိပ်ကို ဝမ်းသာတယ်။ ကြိုလဲ ကြိုဆိုတယ်။

ကျနော်တို့ဘက်ကဖြစ်စေချင်တာက မကြာခင်တုန်းက ကလေးမြို့မှာ NLD ခေါင်းဆောင်တွေ၊ နောက် ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့က ခေါင်းဆောင်တွေ ချုပ်ဆိုထားတဲ့ သဘောထားထင်မြင်ချက် အဲဒါကို လက်တွေ့အကောင်အထည်ဖေါ်လာနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တွန်းအားပေးရင်ကောင်းမယ်လို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။

ကျနော်တို့နိုင်ငံမှာ အဲဒီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူး။ ဒီကနေ့ပြည်တွင်းစစ်တွေဖြစ်နေရတာဟာ အမှန်ကတော့ တိုင်းရင်းသား အခွင့်အရေးတွေ ဆုံးရှုံးနေလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်သိပါတယ်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်

ဒီမိုကရေစီအရေးတွက် အရိပ်အယောင် သန်းလာတဲ့ သဘောရှိတယ်…

ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်မယ်ဆိုရင် လုပ်ပေးစေချင်တာက သူနဲ့ ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးလွတ်မြောက်ဖို့ကို ကြိုးပမ်းစေချင်တယ်… ဒုတိယ တချက်က ဒီမိုကရေစီအရေးကြိုးပမ်းရင်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို တဆက်ထဲ ကြိုးပမ်း စေချင်တယ်…

တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင် အပစ်ခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သော်လည်းကောင်း အပစ်အခတ်ရပ်စဲခြင်းမရှိသေးတဲ့ အဖွဲ့တွေနဲ့သော်လည်းကောင်း ဒီလက်ရှိ အစိုးရနဲ့ အဆင်ပြေပြေညှိနှိုင်း ဆောင်ရွက်ပေးဖို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့ တနည်းအားဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်…

ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်

ကျနော်တို့ အထင် အခုချိန်ခါမှာ ဘာအလိုအပ်ဆုံးလဲဆိုတော့ ကျနော် ကလေးမြို့ မှာ ကြေညာတဲ့အတိုင်း ဒုတိယပင်လုံ ညီလာခံလိုနေတယ်… အခု အခြေခံဥပဒေ ဆွဲထားတယ် ပြောတယ်၊ ဒါတွေ ကျနော်တို့ လက်မခံဘူး… အခု ရွေးကောက်ပွဲ လုပ်တယ်၊ ဒါကို ကျနော်တို့ လက်မခံနိုင်ဘူး…

ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ

သူ့အနေနဲ့ နိုင်ငံရေး သက်သက်ပေါ့ တိုက်ပွဲလုပ်လာတာ။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာမက်မောတဲ့ အာဏာရှင်စနစ်အောက်မှာ ဘာမှ အောင်မြင်ဖို့ မလုပ်နိုင်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေအတွက်လဲ သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

အဲတော့ သူအနေနဲ့က ပြန်ပီးစဉ်းစားရမယ်။ အခု နအဖက ရွေးကောက်ပွဲလုပ်တယ်၊ အစိုးရအသစ်ထောင်မယ် စသဖြင့် အဲဒီဘောင်အတွင်းမှာ သူတို့ သေချာ ပြန်လည် သုံးသပ်ရမယ်… အရင်ပုံစံအတိုင်းတော့ မလွယ်တော့ဘူး ဘာမှ ထူးမှာ မဟုတ်ဘူး။

Non – Violence အကြမ်းမဖက်တဲ့ နိုင်ငံရေးတိုက်ပွဲဆိုတာက ယဉ်ကျေးမှုရှိတဲ့ နိုင်ငံမှသာလျှင် ဖြစ်တာ။ အာဏာရ အစိုးရကလဲ လူ့အခွင့်အရေးလို ပြည်သူတွေရဲ့ ကောင်းစားရေး လွတ်လပ်ရေး အစရှိတဲ့ အဲဒီအတွက် ဆန္ဒရှိတဲ့ အစိုးရမျိုး မှာမှ ကျနော်တို့က လုပ်လို့ရမယ်။

အခုက အဲလိုမဟုတ်တဲ့အခါကျ ပြည်တွင်းက အကြမ်းမဖက်နိုင်ငံရေး လှုပ်ရှားမှုက အကျိုးမရှိတော့ဘူးလို့ မြင်တယ်လေ… ဆိုပါတော့ဗျာ၊ သူက လူထုဆန္ဒပြပွဲမဟုတ်သေးဘူးနော်၊ လူထုအစည်းအဝေးတွေ လုပ်မယ်ဆိုရင်တော့ တခါ ထောင်ထဲမှာ ပြန်ထည့်မှာပဲ အဲဒီအတိုင်းလာမှာပဲ။

No comments:

Post a Comment