ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Saturday, November 13, 2010

နိုင်ငံရေးသတိ

နိုင်ငံရေးသတိ

၁၉၈၈ တုံးက ကျောင်းသားများရဲ
့ဒီမိုကရေစီ တော်လှန်ရေးစစ်ပွဲ ပြင်ဆင်မှုကို
၁၉၉၀ ရွေးကောက်ပွဲ ကျင်းပပြီး
၈၈ တွေ နိုင်ငံတကာ အကူအညီ ရပ်သွားအောင်
နအဖက ရိုက်ချိုးခဲ့တယ် ။

တိုင်းရင်းသားတွေရဲ့ တော်လှန်စစ်ပွဲ တွေကိုလည်း
အကြမ်းဖက် လုပ်ရပ်တွေလို့ 
နအဖ ကဝါဒဖြန့် နိုင်ခဲ့တယ် ။

မြန်မာတပြည်လုံးက လက်ရွေးစင်
ခေါင်းဆောင်တွေ ကို ၂၀၀၀ ကျော်ကိုလည်း
ပုဒ်မ အမျိုးမျိုးနဲ့  ဖမ်းထားတာ မလွတ်သေးဖူး ။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်ဂျီအို ပေါင်းစုံကိုလည်း
နအဖ ရဲ့ အကျပ်အတည်းတွေ ထွက်ပေါက် အတွက်
လိုအပ်သလို အသုံးချခံရပြီး
ဆက်ဖြစ်နေတုံးဘဲ။

နအဖက မရှိသေးတဲ့ ပုဒ်မတွေနဲ့  ဖမ်းခဲ့သူကို
ဥပဒေ ကတိတွေ အရ
ရက်စေ့လို့ ပြန်လွတ်ပေးမှာ မဟုတ်ပါဖူး

၂၀၁၀ အနိုင်ရ စစ်ကိုယ်စားလှယ်
အနိုင် စာရင်း ရွေးကောက်ပွဲ ရလဒ်ကို
တရားဝင်
နိုင်ငံတိုင်းက လက်ခံရန့်
ပြည်တွင်းလှုပ်ရှားများ ကိုလျှော့ပါးသွားရန် ။

တိုင်းရင်းသားတပ်များ၏ လွတ်လပ်ရေးတိုက်ပွဲကို
အကြမ်းဖက်စစ်ပွဲ အဖြစ် ကမ္ဘာကို ကြေညာရန် ။
စတဲ့ အချက်အလက်တွေ ပြည့်စုံရင်
နအဖက
ဒေါ်အေင်ဆန်းစုကြည်ကို
အသုံးချ ထွက်ပေါက် အဖြစ် ယာယီလွတ်ပေးမှာပါ ။

ကျောင်းသားတပ်မတော် အပါအဝင်
တိုင်းရင်းသား အဖွဲ့ အစည်းတွေ တိုက်ပွဲဝင်နေကြပြီ ။
နယ်စပ်တွေက စစ်ရေးလှုပ်ရှားမှုတွေကြောင့်
နအဖ တပ်တွေ နယ်စပ်ဒေသကို
ထိုးစစ်ဆင်နေရပါတယ် ။
ပြည်တွင်းကလည်း
အကြမ်းမဖက်တဲ့ လူထုတွေ
လှုပ်ရှားမှု ဖြစ်လာရင်
နအဖတပ်တွေ ရဲ့ အင်အားပြန့် ကျဲသွားနိုင်ပါတယ် ။

နအဖ ဘာကို ပြင်ဆင်ပြီး လုပ်နေတာလဲ ။
ကျွန်တော်တို့ ကကော ဘာတွေကို ပြင်ဆင်ရန်
ပြည်တွင်း ပြည်ပ နဲ့ နိုင်ငံတကာ အစိုးရတွေကို
ဘာတွေ အကူအညီတောင်းသင့်ပါသလဲ ။


ဌေးတင့်
နယ်သာလန်
၁၃ နိုဝင်ဘာလ ၂၀၁၀

ကုက္ကိင်းမှာဆူနေတယ်

No comments:

Post a Comment