ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Sunday, October 3, 2010

Waihnin Pwint Thon

Waihnin Pwint Thon Speaks for Burma

ဝေနှင်း ပွင့်သန်
နာမည်က ကဗျာဆန်တယ်။
အေးမြမှုထုထည်က ကြီးမားတယ် ။
တိုးတက်မှုဟာ ဆက်လက်ရှင်သန်နေတယ် ။
ရုပ်ရည်က တည်ကြည်မှု
ယုံကြည်မှု အပြည့်အဝနဲ့ မိန်းမပျိုလေး အသွင်။
သာမာန်ချိန်မှာ သိုးမလေး အသွင်နဲ့ 
လိုအပ်ချိန်မှာ ခြသေ့်မလေး ဝိဥာဏ်နဲ့ ။
အသံကို နားထောင်ကြည့်တော့
အေးမြပြီး စူးရှထက်မြက်နေတယ် ။
မိမိရဲ့ ခံစားချက်တွေကို
နားထောင်သူတွေ အားလုံး နားလည်အောင်
ရသမျိုးစုံနဲ့  ပြောပြတတ်တယ် ။
ပြောပြနေတာတွေကတော့
သူ့ အတွက် ဆိုတာထက်
သူနေခဲ့တဲ့  တိုင်းပြည်က လူတွေအကြောင်း
လူသားတဦးရဲ့  ရပိုင်ခွင့်တွေ
အများအကျိုးအတွက် ဆောင်ရွတ်ရင်း
သူ့ ကိုမွေးဖွားခဲ့တဲ့ ဖခင်အကြောင်း
အသက်အရွယ်က ၂၁ နှစ်
ဖွံ့ ဖြိုးနေတဲ့ တိုင်းပြည်က လူငယ်တွေ
မိမိဘဝအတွက်
အပျော်ဆုံးအချိန်
ပညာတွေရှာတဲ့ ကာလ
ဒီကလေးမ ပုခုံးပေါ်မှာ
ကြီးမားတဲ့ အရှုပ်ထုတ်ကြီးကို
ရှာပြီးထမ်းပိုးထားတယ် ။
လူ့ အခွင့်အရေးတွေ ပျောက်နေတဲ့မြန်မာပြည်
အရာရာကို သေနပ်ပြပြီး အမိန့် ပေးတဲ့ တိုင်းပြည်
အများအကျိုးဆောင်ရွတ်သူတွေ ထောင်ထဲမှာဘဲနေခွင့်ရှိတဲ့ တိုင်းပြည်
မနာလိုမှုတွေကြီးထွားပြီး အလုပ်မရှိ အတင်းတုတ်တဲ့ တိုင်းပြည်
သူ့ ကို ဘယ်သူဝိုင်းကူကြမှာလည်း။

A Young Aung San Suu Kyi was Born

When I watched the stunning speech made by Wai Hnin Pwint Thon at the UK Labor Party Conference, I was very delighted and my tears rolling down from my cheeks, I cannot stop it because I see a young Aung San Suu Kyi emerged from the new blood line, the fresh and new generation that we are looking for.

Wai Hnin has proved that she has commitment for our cause and show her ability as a good speaker. We need a new blood line for our struggle, the military regime has been recruiting and training new military cadets for its dominant on Burmese politics. We need to encourage our young blood line to organize and build connection to each other, remind them to remember their father and mothers, uncles and aunts, brothers and sister who are suffering under the military boots.

We need to seek many young Aung San Suu Kyis and many Min Ko Naings for our struggle. After 22 years of nation wide uprising in August 8, 1988, the new blood line has come to age. As senior old activists, the 88 generation has a duty to make connection with their son and daughters who are now studying in different cities and countries around the world. It is our duty to unite all those new revolutionary blood line.

National Endowment for Democracy (NED) and Open Society Institute (OSI) need to give funding for hosting a conference for the Burma new generation who grown up in North America, EU and Asia. “New Blood Burmese Activist Youth Conference” will let them to connect each other and work together as a team to fight against the military dictatorship.

Funding a photographer for taking photographs at the border areas, giving fund to an individual to write a book, giving scholarship to people who came out from Burma by legal passports and never return to Burma after their graduation were waste of time and money. It will never help for democratic change in Burma. NED and OSI need to create the fresh ideas and new action.

I would like to ask who is willing to help for the “New Blood Burma Activist Youth Conference”? Who wants to see it happening? I invite all of you to discuss this dream conference to become a reality. Please email me or call me for discussion. Old blood are not fresh enough to lead we need new blood like Wai Hnin, it is our duty to promote them and help them for their destiny, so that we are going to get freedom in the near future.
Watch the below clips if you did not see it yet.

အောင်ဆန်းစုကြည်လေးတယောက် မွေးဖွားလာပြီ

ကျွန်တော် ဝေနှင်းပွင့်သုံရဲ့ ဗြိတိသျှလေဘာပါတီကွန်ဖရင့်မှာ တက်ရောက်ပြောကြား ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလေးကို ကြည့်ပြီး အရမ်းဝမ်းသာကြည်နူးပီတိဖြစ်မိပါတယ်။ ကျွန်တော့ ပါးပြင်တလျှောက် စီးကျလာတဲ့ မျက်ရည်တွေကို ရပ်တန့်သွားအောင်လုပ်ဘို့ ကျွန်တော် မတတ်နိုင်ခဲ့ပါဘူး။
သွေးသစ်လူငယ်များထဲမှ အောင်ဆန်းစုကြည်လေးတယောက် ပေါ်ထွက်လာခဲ့တာကို ကြည့်ရင်း ကြည်နူးမိလို့ ကျတဲ့ မျက်ရည်ပါ။ ကျွန်တော်တို့အားလုံးကို ဝေနှင်းပွင့်သုံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကို ကြိုးစားမယ့် လူငယ်တဦးဆိုတာကို သက်သေပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ မိန့်ခွန်းပြောကောင်းသူတဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုက်ပွဲအတွက် သွေးသစ်လူငယ်များ အများကြီး လိုအပ်နေပါတယ်။
စစ်အုပ်စုဟာ ဗိုလ်လောင်း မြောက်များစွာကို မွေးထုတ်ပြီး တိုင်းပြည်ကို စစ်အာဏာ စက်အောက်မှာ ထားဘို့ ကြိုးစားနေခဲ့တာ ရာစုနဲ့ချီ ရှိနေပါပြီ။ ကျွန်တော်တို့အနေနဲ့ လူငယ်သွေး သစ်များကို အားပေးပြီး တဦးနဲ့ တဦး ဆက်သွယ်နိုင်နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ချပေးရမည့် တာဝန်ရှိပါတယ်။ ဒီလူငယ်တွေ တဦးနဲ့တဦး ဆက်သွယ်ကြပြီး မိမိတို့ ကျွမ်းကျင်ရာ ပညာတွေကို ဖလှယ်ကြရင်း အမိမြန်မာပြည်တွင်းမှာ ရှိနေတဲ့ အဖိုးအဖွား၊ အဖေအမေ၊ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး၊ အစ်ကို၊ အစ်မ၊ မောင် ညီမတို့ရဲ့ ဒုက္ခကို ဘယ်လို ကယ်တင်ကြမယ်ဆိုတာကို တွေ့ဆုံဆွေးနွေးခွင့်ရကြရင် အရမ်း အကြိုးရှိမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ အောင်ဆန်းစုကြည်လေးပေါင်းများစွာ၊ မင်းကိုနိုင်ပေါင်းများစွာ လိုအပ်ပါတယ်။ ဒီကလေးတွေကို မြေတောင်မြောက်ပေးရမည့် တာဝန် နိုင်ငံခြားကို ထွက်လာတဲ့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။
အမိမြေကို စွန့်ခွာပြီး တတိယနိုင်ငံတွေမှာ အခြေချလာကြတဲ့ တော်လှန်ရေး မိသားစုတွေ ထောင်နဲ့ချီပြီး ရှိနေပါပြီ သူတို့ရဲ့ ရင်သွေးတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညသင်ကြားရင်း အရွယ်ရောက်လာကြပြီ ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ သူတို့အခြေချတဲ့ နိုင်ငံရဲ့ ဘာသာစကားကို အသံနေအသံထားအရ အင်္ဂလိပ်လူမျိုး၊ အမေရိကန်လူမျိုး တွေနဲ့မခြား ပြောနိုင်ဆိုနိုင်ပြီး အစိုးရတွင်း ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အနေအထားမှာ ရှိနေပါပြီ။ သူတို့လေးတွေကို လူကြီးတွေဖြစ်တဲ့ ကျွန်တော်တို့တတွေက ပခုံးထမ်းတင် ပေးရမည့် တာဝန်ကို ယူရပါတော့မယ်။
အမေရိကန်ကွန်ဂရက်၊ ဆီနိတ်နဲ့ ဥရောပနိုင်ငံတွေမှာ ထိထိရောက်ရောက် တက် ရောက်ပြောကြားနိုင်မဲ့ လူငယ်မျိုးဆက်သစ်တွေကို နေရာပေးရမယ့်အချိန် ရောက်နေပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ သဘာဝရင်းမြစ်တွေဟာ တတိတိနဲ့ သန်းရွှေဓားပြဂိုဏ်းက ရောင်းစားလို့ ကုန်သလောက်ရှိနေပါပြီ။ ဒါကြောင့် လူသားရင်းမြစ် (Human Resources) တွေကို ကျွန်တော်တို့ အားကိုးရပါတော့မယ်။ ဝေနှင်းပွင့်သုံတို့လို လူငယ်သွေးသစ် လေးတွေကို ရှာဖွေပြီး တဦးနဲ့ တဦး မိတ်ဆက်တွေ့ဆုံ ဆွေးနွေးပွဲတွေလုပ်ပေးဘို့အတွက် လူကြီးတွေဖြစ်တဲ့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒီလိုတာဝန်တွေကို ဘယ်သူတွေက ယူပြီး လုပ်ကြမလဲ? ကျွန်တော့အနေနဲ့ ပါဝင်ကြိုး စားပေးဖို့ ကတိပြုပါတယ်။ လူကြီးတွေဖြစ်တဲ့ တော်လှန်ရေးသမားတွေလို့ ပြောနေကြတဲ့ ခင်ဗျားတို့ကော ပါဝင်ကူညီဘို့ အဆင့်သင့်ဖြစ်ပြီလားလို့ မေးလိုက်ပါတယ်။ လူငယ်တွေကို မြှင့်တင်ပေးမယ်ဆိုတဲ့ စိတ်သန့်သန့်လေးနဲ့ ဝိုင်းဝန်း ပါဝင်ကြဘို့ ဖိတ်ခေါ်ပါတယ်။ ခင်ဗျားတို့ရဲ့ သားသမီးတွေ နိုင်ငံခြားမှာနေပြီး မိမိနိုင်ငံရဲ့ ဒုက္ခတွေကို မမေ့ပါစေနဲ့၊ သူတို့လေးတွေ အားလုံးစုစည်းနိုင်ရင် ကျွန်တော်တို့အတွက် တအားပေါ့။
“လူငယ်သွေးသစ်များ တွေ့ဆုံဆွေးနွေးဖလှယ်ပွဲ” တခုဖြစ်အောင် ဖန်တီးကြပါစို့၊ စိတ်ဝင်စားသူများ မိမိနေထိုင်ရာမြို့များမှ လူငယ်များကို ဆွေးနွေးပြီး ဆက်သွယ်ကြပါ။ တခုမှာချင်တာက လူငယ်များကို ထိန်းချုပ်ဘို့၊ အသုံးချဘို့မဟုတ်ဘဲ သူတို့အချင်းချင်း တွေ့ဆုံပေးရေးကို ဦးစားပေးဆောင်ရွက်နိုင်ဘို့သာဖြစ်တယ်ဆိုတာ ကို အားလုံးရှင်းလင်းစွာ သိစေလိုပါတယ်။

ကျေးဇူးတင်ပါတယ်
ဆက်သွယ်ရန်
ထွန်းအောင်ကျော်
တယ်လီဖုံး 607-339-6054
Skype အမည်- htungyaw
Gmail- hagyaw@gmail.com



Regards

Htun Aung Gyaw
Tel: 607-339-6054
Skype name : htungyaw
Gmail: hagyaw@gmail.com

No comments:

Post a Comment