ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Friday, October 15, 2010

Burma news in Netherland

donderdag 14 oktober 2010TV serie:
၁၄ ရက် အောက်တိုဘာလ ၂၀၁၀ နေ့ တွင် နယ်သာလန်နိုင်ငံ ရုပ်မြင်သံကြား အစီအစဉ် တခုတွင် ၂၀၀၉ မြန်မာပြည်သို့ သွားရောက်ခဲ့သည်များကို ကျန်းမာရေး ရှု့ ထောင့်မှ ရိုက်ကူးတင်ပြ ထားပါသည် ။
မြန်မာပြည်အပါအဝင် တတိယနိုင်ငံများသို့ ငွေစက္ကူများ ထုတ်လုပ်ပုံနှိပ်ရန် စက္ကူကုန်ကြမ်း ထုတ်လုပ် ပို့ နေသော သူဌေးကြီးမှ မြန်မာကောင်စစ်ဝန် အဖြစ်တာဝန် ထမ်းဆောင်နေပြီး ခရီးစဉ်ကို စီစဉ်ပေးခဲ့သည် ။

Wildcard MyanmarWildcard Myanmar is een vijfdelige reeks waarin schrijver en acteur Ramsey Nasr samen met een groep geneeskundestudenten van de Universiteit Antwerpen op missie vertrekt naar Myanmar, een land met een kwalijke reputatie: niet alleen op politiek gebied, maar ook inzake medische voorzieningen. Er is dus werk aan de winkel voor de toekomstige artsen die in het exotische Myanmar voor het eerst aan veldwerk doen. Ramsey Nasr krijgt een ‘wildcard’ en mag mee. Hij wordt een bevoorrechte getuige én een leergierig missielid. Hij helpt waar hij kan en reflecteert op zijn eigen manier over het werk van de missie en de toestand van dit mooie land met zijn rijke cultuur en zijn grote sociale en politieke problemen. Wildcard Myanmar, te zien op Canvas wekelijks vanaf donderdag 14 oktober om 20.40 uur. Als ik heb klaar van edited filem, Ik wil stuur video van canvas TV.




ကျွန်တော့် အမြင်ကတော့ မြန်မာပြည်သားများရဲ့  အခြေခံလူ့ အခွင့်ရေး လွတ်လပ်မှုဟာ အရေးကြီးဆုံးလို့ မြင်ပါတယ် ။ စီးပွားရေး လူမှုရေး ပညာရေး ကျန်းမာရေး အစသဖြင့် အဖွဲ့ အစည်းများ အပြည်ပြည်ဆိုင်ရာ တွင်မြန်မာပြည်၏ လူသားတဦးအဖြစ်ရပ်တည်ရန် အခွင့်အရေး မရနိုင်သော မကောင်းသတင်းများသာ ပြောဆိုနေကြသည်ကို မှတ်တမ်းမှတ်ရာများ ထားရှိရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ကြီးအနေဖြင့် အလေးပေးဆောင်ရွတ်လိုကြောင်း ရရှိလာသောမှတ်တမ်းမှတ်ရာများမှတဆင့် နိုင်ငံတကာပူးပေါင်းပြီး နယ်သာလန်မှ ဆက်လက်ဆောင်ရွတ်မည်ဟု ဆိုရှယ်လစ်ပါတီ မှ ပါလီမန်အမတ်တဦးက ပြောကြားခဲ့ပါသည် ။


ကျွန်တော်ကတော့ မီးလောင်တိုက်ထဲကလို ဖြစ်နေသော မြန်မာပြည်အတွက် မျှော်လင့်နေပါတယ် ။
အမြဲတန်းကြိုးစားနေပါတယ်၊ မြန်မာပြည်ရဲ့ လူ့ အခွင့်အရေး နဲ့  လူ တဦးချင်းစီ၏ လွတ်လပ်ခွင့်များကို စစ်တပ်က တိမ်တိုက်များကဲ့သို့ ပိတ်နေသော်လည်း အမြဲတန်းမဖြစ်နိုင်ပါ ။။ ဒန်းဟတ်(Dan Haag ) မှရုံးထိုင်သော်လည်း မြန်မာပြည်နှင့် ပါတ်သက်ပြီး ဘယ်ဂျီယန်မှ ဘရာဇယ် ရုံးနှင့်ဖြစ်စေ အသင်းတော်ရုံးများဖြင့်ဖြစ်စေ ဆက်သွယ်ဆောင်ရွတ်နေပါတယ်လို့  ခရစ်ယာန်ညီညွတ်ရေးပါတီ ပါလီမန်အမတ်တဦးက ပြောကြားခဲ့ပါသည် ။

အဲဒီမှာ ထောင်ထားတဲ့ ဆိုင်းပုတ်ကိုကြည့်ပါ ။ပါတီတွေ ဘယ်လောက်များသလဲ ဘယ်လောက်လွတ်လပ်သလဲ လူတဦးချင်းစီရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ကို ပြနေတာ လို့ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီမှ ပါလီမန်အမတ်တဦးက ပြောကြားခဲ့ပါသည် ။


မြန်မာပြည်ဟာ တခါးအားလုံးကို အများဆုံး ပိတ်ထားတဲ့နိုင်ငံဖြစ်ပါတယ် ။ မြောက်ကိုရီးယားထက် အခြေအနေ ဆိုးပါလိမ့်မယ် ။အပြည်ပြည်ကတိုက်ရိုက်ဝင်ရောက်ကူညီရန် ခက်ခဲနေဆဲပါ ။ လွတ်လပ်မှု နဲ့ အခြေခံ အသက်ရှင်ပိုင်ခွင့်တွေကို တစက်ခြင်း ရသလောက်ညစ်ထုတ်ရ မှာပါ ။ အဲဒီအပေါ်ကနေ မှတ်တမ်းများ ထားရှိပြီး တဆင့်ပြီးတဆင့်တက်လှမ်းနိုင်မှာဖြစ်ပါတယ်လို့ အစိမ်းရောင်အချိတ်အဆက်ပါတီ ပါလီမန်အမတ်တဦးက ပြောကြားခဲ့ပါသည် ။
မူရင်းဗီဒီယို ကိုနားထောင်လိုလျှင် အောက်ကို ကလစ်လိုက်ပါ ။
http://dutch-burmese-bible-study.blogspot.com/2010/06/van-nederland-naar-birma.html့

(မြန်မာပြည်သားအချို့ လို လုပ်စရာမရှိရင် သန်းရှာအတင်းပြော အုပ်စုကိုသတိပေးတာထင်တယ်)

No comments:

Post a Comment