ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, August 17, 2010

အသားကျနေတဲ့ ကျွန် အတွေးအခေါ်

ရင်ကို စူးရှရှနဲ့  ဦးနှောက်ရဲ့ အာရုံကို ရသပေါင်းစုံပေးတဲ့  အမိန့် သတင်း


လူဦးရေ သန်း ၅၀ ကျော် နေတဲ့ မြန်မာနိုင်ငံကြီးအပြောင်းအလဲမှာ ဖြစ်စေချင်တာက

မြန်မာပြည်အတွင်းက
လူတွေက လူထုလိုလားတဲ့ ပြည်သူ ရွေးပေးလိုက်တဲ့ ပြည်သူ့ အစိုးရတက်စေချင်တာပါ
တိုင်းရင်းသားတွေကလည်း ကိုယ်ပိုင်ယဉ်ကျေးမှုကို အခြေခံတဲ့ အုပ်ချုပ်ရေးနည်းနဲ့ လွတ်လပ်စွာ အသက်ရှင် ရပ်တည်နေချင် တာပါ ။
ပြည်ပမှာနေထိုင်ကြသော
မြန်မာပြည်ဘွားများကလဲ မြန်မာပြည်ကို လူ့ အခွင့်အရေးပြည့်ဝအာမခံ တဲ့ 
ဒီမိုကရေစီ ပြည်သူ့ ကိုယ်စားလှယ်အစစ် အစိုးရတက်စေချင်တာပါ

မြန်မာပြည်နဲ့ နယ်မြေအရ ဆက်စပ်နေသော တိုင်းပြည်တွေက
မြန်မာပြည်ကို စစ်မက်ကင်းစင်ပြီး ငြိမ်းချမ်းသော ဒေသကြီးဖြစ်စေချင်တာပါ ။
စီးပွးရေးအနေဖြင့် လုပ်ကိုင်နေကြသော အတ္တတိုင်းပြည်များက
သူတို့ ရည်ရှေအကျိုးစီးပွားကို တည်စေမဲ့ အစိုးရတက်စေချင်တာပါ ။

မြန်မာပြည်သတင်းကြားဘူးသူတွေက မြန်မာပြည်က စိတ်ချမ်းမြေ့ စရာသတင်းများကိုသာ
ဖေါ်ဆောင်မည့် အစိုးရသစ်ကိုသာ မျှော်လင့်တာပါ ။
ကူညီချင်တာပါ ။

အင်္ဂလိပ်လက်အောက်က မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲတွေ
စတင်ကထဲက ကွဲပြားလာတဲ့ အတွေးအခေါ်တွေကို
၁၉၆၂ ခုနှစ်မှာ ဆိုရှယ်လစ်ကို တဝက်တပျက် လောက်သာသိတဲ့သူတွေ
နေဝင်းကို ခေါင်းဆောင်တင်ကာ အာဏာသိမ်းပြီး ၁၉၇၄အရောက်မှာ
ကမ္ဘာမှာ လူကြိုက်များတဲ့ ဆိုရှယ်လစ်စနစ်နဲ့  မြန်မာပြည်ကို တည်ဆောက်ပြီး
လူ့ ဘောင်သစ်နဲ့ ချီတက်မယ်လို့ ကြွေးကြော်လိုက်ပါတယ် ။

့မြန်မာပြည်မှာ ကွဲပြားတဲ့ တဝက်တပျက် အတွေးအခေါ်တွေ ပွဲသိမ်းသွားပါတယ် ။

အဓမ္မနည်းနဲ့  သေနပ်တွေကိုင်ပြီး
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဇာတ်သွင်းခဲ့ပါတယ် ။

ဆိုရှယ်လစ်ဆိုတာ တိုက်ရိုက်အသံထွက်ထားတာပါ ။
လူမှုရေး (ဝါ) လူ့ အခွင့်အရေး လို့ လည်း
တနည်းအားဖြင့် အဓိပါယ်ရှိပါတယ် ။

မြန်မာပြည်ကဆိုရှယ်လစ်အတုကြီးက လူသားတွေရဲ့  ခံစားမှုဆိုတာကို မေ့ထားလိုက်ပြီး
တိုင်းပြည်ဒေသအတွင်းက ရှိသမျှကို နိုင်ငံတော်ကပိုင်တယ် ပြည်သူတွေအားလုံးနဲ့ ဆိုင်တယ် ဝေါဟာရနဲ
တတိုင်းပြည်လုံးကို စစ်တပ်ကသိမ်းလိုက်တာပါ ။
ပုဒ်မ ၆-၁ ဆိုရင် ငါတို့ ပစ္စည်း ခိုးတာလို့ ထင်အောင် တရားခွင်သတင်းတွေ လုပ်ကြံ ချပေးလိုက်တယ် ။

စစ်တပ်က ချပေးထားတဲ့ အုပ်ချုပ်သူတွေ မသိရင်
လုပ်သမျှဟာ ပြစ်မှုမြောက်ပါတယ်ဆိုတဲ့ အတွေးအခေါ်ပါဘဲ ။

အထက်က မသိဘဲ လုပ်သမျှမှားတယ် ဆိုတာ အာဏာရှင်စနစ်ပါဘဲ ။
အောက်ကလုပ်သမျှကို အထက်ကို ဖါးပြီး သတင်းပို့ တာလဲ အာဏာရှင်စနစ်ပါဘဲ ။

ပြည်တွင်းမှာကော ပြည်ပမှာပါ
အကျိုးဆက်အတွေးအခေါ်ကတော့ အခုထိဝမ်းနည်းစရာတွေပါ ။

ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့သူတွေလည်း စကားတောင်မပြောရဲအောင် ဖြစ်နေခဲ့ရတယ် ။
ဘယ်သူ့ ခွင့်ပြုလို့ လဲ ။
ဘယ်အစည်းအဝေးဆုံဖြတ်ချက်နဲ့ ပြောတာလဲ ရေးတာလဲ ။

မြန်မာစစ်တပ်ထဲမှာလည်း ဘောင်ကျော်ပြောတဲ့  စောမောင် ခင်ညွန့် အပါအဝင် ဗိုလ်တွေတော်တော်ပြုတ်ခဲ့တယ် ။
မြန်မာပြည်ထဲမှာ နိုင်ငံခြားက ဖုန်းခေါ်ပြီးမေးရင် ဓါတ်ပုံတောင်းရင် ထောင်တော့ကျတော့မှာဘဲလို့  စပြီးစဉ်းစားတတ်နေကြပါပြီ ။

ပုံသေနေတဲ့ အတွေးအခေါ်ကြီးကလာတဲ့ စနစ်ကြီးကို
သင်ကစတင်ပြီး မပြောင်းသမျှ မြန်မာပြည်မှာ အာဏာရှင်စနစ်ဖြစ်နေမှာပါ ။

၁၉၈၈တုံးက တော်လှန်ခဲ့သူကျောင်းသားတွေကို အထင်ကြီးတာကျေးဇူးတင်ပါတယ် ။
သူတို့ တော်လှန်ရေး စခဲ့တဲအချိန်နဲ့ အခြေအနေကို လေ့လာကြည်ပါ ။
ဖြစ်သလိုအိပ် ဖြစ်သလိုစား တုတ်တိုကို သေနပ်လုပ်ပြီး အာဏာရှင်ကိုတိုက်မယ်ဆိုတဲ့စိတ်တခုတည်းပါ ။

http://www.facebook.com/photo.php?pid=100427&id=100000906672776#!/album.php?aid=3823&id=100000906672776

၁၉၈၈ကျောင်းသားတွေ စစ်အာဏာရှင်က လက်နက်ကြီး အားကိုးနဲ
့မြန်မာမြေပေါ်က မတရား မောင်းထုတ်ခဲ့လို
ထိုင်းမြေကိုခိုဝင်ခဲ့ရတယ် ။
ထိုင်းကမောင်းထုတ်လို့  တတိယနိုင်ငံကို ပြေးကြရတယ် ။

ခြေတွေ လက်တွေကို ခေါင်းဆောင်မှုပေးနိုင်ရင်
ခေါင်းဆောင်စိတ်နဲ့ အတွေးအခေါ်ရှိသူတွေလို့ ပြောနိုင်ပါတယ် ။

မသန်မစွမ်းတွေတောင် မိမိကိုယ်ကို ခေါင်းဆောင်နိုင်သေးတာဘဲ ။
လူတိုင်းဟာ မိမိအသက်ရှင်ရပ်တည်မှုအတွက် ခေါင်းဆောင်တွေ အားလုံးဘဲလေ ။
ဘဝ လက်တွဲဖေါ် ရှာတတ်သူတိုင်း ဘဝတိုက်ပွဲဖေါ် ခေါင်းဆောင်ဆိုတာ ရှာရတာလွယ်ပါတယ် ။

http://htaytintnl.blogspot.com/2010_04_01_archive.html လုပ်နိုင်တာတွေ
http://htaytintnl.blogspot.com/2010/04/blog-post_7262.html မိမိကိုယ်ကို တော်လှန်ခေါင်းဆောင်ခြင်း

မိုးကျရွေကိုယ်စိတ်တွေ
အနောက်မျှော်စိတ်တွေ
အရှေ့ မျှော်စိတ်တွေ
မင်းလောင်းမျှော် စိတ်တွေ
အဖွဲ့ မျှော်စိတ်တွေ
တော်လှန်သူမှန်သမျှကိုမျှော်စိတ်တွေ
ပါတီတွေကိုမျှော်စိတ်တွေ
ယတြာချေတဲ့ စိတ်တွေ
အချောင်သမားစိတ်နဲ့ 
ရေသာခို နေတတ်တဲ့ စိတ်တွေ
ခဝါ ချပြီး
ငါကစပြီးလုပ်ကြရမယ်
ငါ့မိသားစုကစပြီး လုပ်ရမယ်
ငါ့သူငယ်ချင်းတွေကစပြီး
နိုဝင်ဘာတော်လှန်ရေးကြီးကို
ပြင်ကြ ဆင်ကြပါတော့

ဌေးတင့်

3 comments:

  1. လာဖတ်သွားပါတယ်။ နောက်အကြိမ်တွေစာရေးဖြစ်ရင်ကျနော့ရဲ့ justfreeman blog အတွက်လည်းပို့ပေးပါ။ သဘောကျနှစ်သက်ရင် ညနေ အလုပ်က အပြန်ချက်ခြင်းတင်ပေးပါ့မယ်။ ၉ လပိုင်း နောက်ဆုံးအပတ်လောက် မှာ ကျနော် အလည်လာပါအုံးမယ်

    ReplyDelete
  2. တကယ်လုပ်တော့မှာလား ကိုဌေးတင့်ရေ
    ကိုယ်တိုင်ရှေ့ကမတ်တပ်ရပ်ပြီးမှ ညှာညှိတာကောင်းပါတယ်။
    နယ်စပ်ပြန်လာတုံးက ဘာကြောင့်ပြန်လာလဲ ဘယ်သူမှ မသိလိုက်ပါလား။
    စတိန်းလီဘယ်ရောက်နေလဲ။ ကိုဝေလင်းဇင်ကရော ဘာပြောလဲ။

    ReplyDelete
  3. ၂၀၀၈ မတ်လ တုံးက ထိုင်းနယ်စပ်ကို ဓါတ်ပုံမှတ်တမ်း ရိုက်ဖို့  ဆင်းတာပါ ။ မဲဆောက် ဆင်းတဲ့အချိန်မှာ နအဖတွေ မဲဆောက်ကိုဝင် လုပ်ကြံတဲ့ စစ်ဆင်ရေးစနေပါပြီ ။ ထိုင်းထောက်လှမ်းရေးတွေက မျက်နှာစိမ်းတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖမ်းဆီးနေချိန်ဖြစ်လို့ 
    မိမိအတွက်နဲ့  မဲဆောက်မှာနေသူတွေကို ပြဿနာမဖြစ်စေချင်လို့ 

    ReplyDelete