ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, August 31, 2010

Army of Democratic country

တပ်မတော် ဟုခေါ်ဆိုနေကြပါသည့် လက်နက်ကိုင်များ၏ အဆင့်အတန်း

မြန်မာ့ သမိုင်းများနှင့် စာအုပ်များတွင်လည်း
အမျိုးမျိုးသော အခြေအနေများနှင့်
အကြောင်းအရာ အမျိုးမျိုးကို ရေးသားထားပါသည် ။

မြန်မာ့လွတ်လပ်ရေးတပ်မတော် ။
မြန်မာ့ကာကွယ်ရေးတပ်မတော် ။
မြန်မာ့ခေတ်ပြောင်းတော်လှန်ရေးတပ်မတော် ။
မြန်မာဆိုရှယ်လစ် တပ်မတော် ။
စစ်အစိုးရတပ်မတော်
သန်းရွေ တပ်မတော်
စသည်ဖြင့် မြန်မာပြည်မှ တပ်မတော်သည်

ခေတ်အဆက်ဆက် စနစ်အမျိုးမျိုး ကို ဖြတ်သန်းခဲ့ကြပါသည် ။
တပ်မတော်စတင်ဖွဲ့ စည်းသည့် ကာလမှ စတင်ပြီး
တပ်မတော်အောက်ခြေ အကြပ် တပ်သား အရာခံများ၏ ဘဝသည်
၂၀၁၀ ရောက်လာသည်အထိ ထမင်းတနပ်ကို အဟာရပြည့်စုံစွာ မစားခဲ့ရသေးပါ ။

ချော့မော့ပြီး သာတူညီမျှ စနစ်ကြီးကို တည်ဆောက်ရင်း
အောက်ခြေတပ်သားတွေက ကုလားပဲဟင်းကို အသားဓါတ်ပါတယ်ဆိုပြီး
ဝက်ကျွေးတဲ့ ငပိကို နှစ်ပေါင်းများစွာ စားခဲ့ကြတယ် ။
အောက်ခြေကိုနားလည်တဲ့ စစ်ဗိုလ်တွေက ဦးဆောင်ပြီး
အောက်ခြေတပ်သားများဘဝကို မြင့်တင်ပေးမယ်ထင်ခဲ့တာ
နှစ်ပေါင်း ၆၀ ရှိနေပြီ ။
အိမ်မက်တွေထဲက ရုန်းထွက်ဖို့ တပ်သားတိုင်းမှာ
တာဝန်ရှိလာပြီ။

ကာကွယ်ရေး စစ်တက္ကသိုလ်ကျောင်းဆင်းတွေ တိုင်းပြည်ကို ကာကွယ်ရင်း
မိမိတို့ ရဲ့ မိသားစုချမ်းသာရေးမူကို ဇောင်းပေးလို့ 
အာဏာရ ဗိုလ်လုပ်သူတွေ ချမ်းသာကြပါသည် ။
၂၀၁၀ ရွေးကောက်ပွဲမှာ စစ်ဗိုလ်တွေ အာဏာဆက်ကိုင်မယ် ဆိုတော့
တပ်မတော်သားများ ဘဝကတော့

အရင်းရှင်ဟု မြန်မာတွေခေါ်တဲ့ 
အမေရိကန်က တပ်မတော်သားတွေနဲ့ 
ဥရောပက တပ်မတော်တွေလည်း
အနိမ့်ဆုံးလခဟာ ယူရို ၁၇၀၀ (မြန်မာငွေ ၂၅ သိန်းဝန်းကျင်) ကစပါတယ် ။

သယံဇာတ ပြောများတဲ့ မြန်မာပြည်က တပ်မတော်သားတွေကကော

ဒီမိုကရေစီ လို့ အများစုဆန္ဒအရ အုပ်ချုပ်ကြတဲ့ အစိုးရတိုင်းဟာ
တိုင်းသူပြည်သားများနဲ့  တပ်မတော်သားများကို
ညီအကိုမောင်နှမ ဆွေမျိုးများ သဖွယ်
သဘောထား စောက်ရှောက် ကာကွယ် ဆက်ဆံကြပ်တယ် ။
မြန်မာပြည်က အောက်ခြေတပ်မတော်သားတွေကို စစ်ဗိုလ်တွေက
ဥာဏ်မရှိသူ အဆင့်မရှိသူ ထားရာနေ ကျွေးတာစား
ပေးတာဝတ် အမိန့် ပေးရင် သေဖို့  ကလေကချေများ အဆင့်သာ ထားပါတယ် ။





















No comments:

Post a Comment