ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Sunday, June 6, 2010

ကိုသန်းနိုင်

ကိုသန်းနိုင်သို့ 

၁၉၈၉ ခုနှစ် ကျောင်းသားတပ်မတော် ဗဟိုရုံးခန်းသို့  တောတွင်း တပ်ရင်း၂၀၆ ကျောင်းသားစခန်းမှ
ကိုယ်စားလှယ်များ ရောက်လာကြပါသည် ။

အသားညိုညို အသံပြာပြာ မေးရိုးကျယ်ကျယ်နဲ့  လူငယ်တဦးက ဦးဆောင်လာပါသည် ။

ဗဟိုဌာနချူပ် ရှိတာဝန်ရှိ သူများကို တောတွင်းစခန်းရှိ တပ်ဖွဲ့ ဝင်များ၏ အခက်အခဲနှင့်
လိုအပ်ချက်များကို အသေးစိတ်တင်ပြ တောင်းဆိုပါသည် ။

အဲဒီကာလတုံးက စခန်းတွင် ကျန်ခဲ့သောကျောင်းသားတပ်ဖွဲ့ ဝင်တိုင်း မိုးလင်းတာနှင့် ငရုပ်သီးရှာရပါတယ် ။

ရလာသော ရိုက္ခာထဲမှာ ကုလားပဲနဲနဲ သည် အကောင်းဆုံးဖြစ်နေတတ်ပြီး ။
ဝက်စာကျွေးလျှင် ထဲ့သော ဈေးအပေါဆုံးငပိသည် လက်မြန်သူသာ စားရတတ်ပါသည် ။
အသုဘ အသံကို နားထောင်တတ်သည်မှာ အကျင့်ဖြစ်နေတယ် ။
အသားတုံးဆိုတာ အဲဒီအခါမှ မြင်ရတာကိုး ။

ကှန်တဲ့အချိန်ကတော့  ပုတ်သင်ညိုတို့  ကင်းလိပ်ရှောတို့  ဖါးပြုတ်တို့ ပေါ့ဗျာ ။

ဆပ်ပြာမရှိဘဲ သောင်ရင်းမြစ်ထဲ ရေချိုးကာ အဝတ်ဟောင်းများကို

သောင်ရင်းရေထဲနှစ်ပြီး ပြန်မတင် လိုက်လျှင် လျှော်ပြီးပါပြီ။

ညနေစောင်းခါနီးတွင် ထင်းချောက်များ ကောက်စုထားကြပြီး နေဝင်စပြုသည်နှင့် မီးမွေးကြရပါသည် ။

မီးဖိုရန်လည်း မြေကျင်းကို ကျကျနနတူးထားရပါတယ် ။

တူးရသည့်နေရာသည် မိမိ စက်တော်ခေါ်မည့် ဝါးစင်အောက် တည့်တည့်တွင်ဖြစ်ပါသည် ။

အေးခြမ်းသော တောင်ပေါ်အတွက် အနွေးထည် စောင်ဆိုသည်မှာ
ကျွန်တော်တို့ ကျောင်းသားတပ်ဖွဲ့ ဝင်များအဖို့ လိုချင်ရင် မြေကြီးပေါ် ပုံဆွဲမှ ရပါတယ် ။

ဈေးအပေါဆုံးငပိသည် နေ့ တိုင်းစားသောက်ရန် မသင့်လျှော်သည့် အခြေအနေမှာ ခြင်ထောင်ဆိုသည်မှာလည်း စစ်ပတ်တီးများကို စပ်ချူပ်မှ ရမည့်အနေအထားပါ ။

နယ်စပ်မှ ငှက်ဖျားပိုးသယ်ဆောင်ထားသော ခြင်များသည်
သဘာဝ သစ်ဥသစ်ဖု သစ်သီးများကြောင့် အမတန် ထွားကြိုင်းသန်စွမ်းကြပါတယ် ။

ညနေရောက်လို့ မှောင်စပြုသည်နှင့် အစာရှာထွက်သော အသံသည် ဒီဝီဇံ တပ်ထွက်သံ လိုလို ဆိုင်ကယ်အုပ်လိုက်မောင်းသံလိုလိုကြားရပါတယ် ။

အသားဓါတ် ငတ်ကြီးကျနေသော ဒီဝီဇံခြင်တပ်မကြီး အဖို့ 
ကျောင်းသားတပ်မတော်ရှိ လူအသွေးအသားများ ဟာ မက်မောဘွယ် အစာအဟာရများဖြစ်ခဲ့ကြပါတယ် ။

ဝီကနဲ အသံကြားလိုက်ပြီး ဖေါက်ကနဲ ကလေးတယောက်က
လောက်လေးနဲ့ အပ်ထဲ့ ပြီး ပစ်လိုက်သလို ခံစားလိုက်ရလျှင် သေချာတာက ခြင်ကိုက်ခံရပါပြီ ။
ပင်အပ်နဲ့ ထိုးသလိုပါဘဲလေ ။

အဲဒီ ခြင်ကြီးတွေ ကြောက်တာက မွန်ထူနေတဲ့ မီးခိုးတွေပါ ။

အိပ်ရာအောက်မှာ မီးဖိုပြီး မီးခိုးများများ ထွက်အောင် မကြာခဏလုပ်ပြီး မီးစကို ငြိမ်းပေးရပါတယ် ။

ကြာတောလဲ အကျင့်ဖြစ်လာပါတယ် ။ မီးခိုးများလေလေ အိပ်ကောင်းလေလေပါဘဲ ။

သံမဏိ ဖလန်မီးကိုတိုးတဲ့ မီးသတ်သမား သင်တန်းထဲက လေ့ကျင့်ခဏ်းတွေဟာ ကလေးအဆင့်ပါဘဲ ။

အသက်ငယ်တုံးကတော့ မသိသာပါဘူး ။ အဆုပ်ကတဆင့် အခြားအစိပ်အပိုင်းတွေ ပျက်စီးပါတယ် ။

ဦးနှောက်ကို ထုံထိုင်းလေးလန်တဲ့ မီးခိုးဒဏ်တွေနဲ့ အိပ်တဲ့ အကျင့်ဖြစ်ကုန်တာကြောင့်
အရက်တွေ အလွန်အကျွံ သောက်တတ်တာ မဆန်းပါဘူးလေ။
အသဲတွေ ပျက်စီးပြီး အပ်နဲ့ စုပ်ထုတ်တဲ့ အဆင့်တွေဖြစ်ကုန်တာပေါ့ ။
အရွယ်ကောင်း အသက် ၄၀ ပတ်ဝန်းကျင်မှာ တော်လှန်ရေးကို
အပြီးအပိုင် တပ်ဖွဲ့ ဝင်အဖြစ်ကတောင် နှတ်ထွက်ပေးလိုက်ကြရတယ် ။
ရင်ထဲမှာ တင်းတင်းကြီး နာကျင်စေတာပါ ။

တော်လှန်ရေးနယ်မြေ တုံးက အသက်က ငယ်သေးတော့
သတိမထားမိတာတွေကြောင့် မိမိခန္တာကိုယ်ဟာ သာမာန်လူတွေထက်
ကြံ့ခိုင်မှုအားနဲ နေတာကို ဒီနေရာက သတိပေးလိုပါတယ် ။

တော်လှန်ရေးနယ်မြေက ကျားကုတ် ကျားခဲ တိုက်ပွဲ ဝင်ခဲ့ဘူးသူ
ညီအကို မောင်နှမ များ မိမိကျန်းမာရေးကို ပြန်လည် စစ်ဆေးလိုပါတယ် ။
နယ်စပ်မှာ ရပ်တည်လို့ မရတဲ့ အဆုံး တတိယနိုင်ငံမှာ မဖြစ်မနေ ပြောင်းခဲ့ကြရတာမို့ 
ဆက်လက်ပြီး တိုက်ပွဲ ဝင်နိုင်ရန် မိမိတို့ ကျန်းမာရေးကို ဂရုစိုက်ကြပါ။

မြန်မာပြည်က မိမိကိုယ်ကျိုး ကျန်းမာရေးအတွက်အဖွဲ့ အစည်းထောက်ခံချက် လိမ်ယူခဲ့သူတွေ ။

စီးပွားရေးအတွက် ပြည်ပမှာ အခြေချသူများကတော့ ဒီကိစ္စကို အလွန်တန်ဖိုးထားကြပါတယ် ။


၁၉၈၈ ကလူငယ်တွေ တော်လှန်ရေးကို အသက်ဆုံးသည် အထိလုပ်ခဲ့ကြပါတယ် ။

လုပ်နေကြဆဲ ဖြစ်ပါတယ် ။



ကိုသန်းနိုင်

ကိုသန်းနိုင် ပြောခဲတဲ့ စကားကောင်းတခု အမြဲကြားပြီး အမှတ်တရကတော့

ကျွန်တော်က အောက်ခြေက လူငယ်ခေါင်းခေါင်းဆောင်ပါ ။

အပေါ်ကိုတက်ပြီး တာဝန်ယူဖို့  အာဏာလုဖို့ အခြေအနေမရှိပါဘူး ။

မှန်ကန်တဲ့ ဦးဆောင်မှု အောက်မှာ လိုက်နာပြီး ပူးပေါင်းရန် အမြဲအသင့်ပါဘဲ

ကိုသန်းနိုင် ၁၉၈၉ ကာလ တောတွင်းက ၂၀၆ တက်ရင်း ရုံးရှေ့ မှာ မီးလှုံရင်းပြောခဲ့ဖူးတာပါ ။

နောက် တောထဲမှာနေလို့ မရတော့ ဘန်ကောက် ကနေပြီး အမေရိကန်ရောက်တဲ့အထိပါဘဲ ။

သူပြောခဲ့တဲ့ ကတိ စကားတလုံးကို အနှစ်၂၀ လုံးလုံး လိုက်နာ ကျင့်သုံးနေတယ်

တိုင်းပြည်အတွက် ဆက်လုပ်ကြမယ် လူထုကို ကူညီမယ်

လို့  ၂၀၀၉ မှာ ပြန်အဆက်အသွယ်ရတော့ 

ကျွန်တော့ကို အမောဖေါက်သည့်ကြားက ရီရီမောမောနဲ့ ပြန်ပြောပြပါတယ် ။

၁၉၈၈ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲကစတင်ပြီး ၂၀၁၀ အထိ မြန်မာပြည် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် လူငယ်ခေါင်းဆောင် တဦးအဖြစ် တာဝန်ကျေခဲ့သော မိတ်ဆွေကြီး သန်းနိုင်ကို ဒီဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါသည် ။


ဌေးတင့်

နယ်သာလန်

၂ မေလ ၂၀၁၀

ကျန်ခဲ့ပြီးသောထမင်းတပွဲ

မှောက်လှန်ကျောက်တုန်း
ဂဏန်းလုံးဖွေကောက်
မိုးဖျောက်ဖျောက်နဲ့ 
ဂဏန်းကပြေးပုန်း
ကိုယ်ကချွေးတလုံးလုံး။

မြေကြီးစိုစို
ဝါးစိမ်းညိုတို့ 
ချိုးဖဲ့ဆွတ်ခူး
မျှစ်ဖူးနုချို
ဟင်းချိုပွဲက ချိုရဲလှ၏။

တောကြိုအုံကြား
မနားတန်းအစဉ်
အပင်ဖြစ်တဲ့ငြုပ်
အသီးတုပ်တုပ်နဲ့ 
ပင်လုံးသာစွ
သီးချေလှ၏။

တပ်မှဝေငှ
ဆန်ကြေလှလည်း
စိတ်မှာထင်တွေး
ပေါ်ဆန်းမွေးပေါ့
နတ်သုဒ္ဓါ
နတ်သုဒ္ဓါ ငါမသိ။

ငြုပ်သီးချဉ်သုတ်
ထမင်းကြမ်တဆုတ်နဲ့ 
ဂဏန်းလုံးခပ်ဟင်းချို
ရောနောမျိုခဲ့
နှစ်လိုဖွယ်ဟန်
တော်လှန်ရေးရဲ့ ထမင်းတ၀ိုင်း။

အို...မ.က.ဒ.တ တော်လှန်သောရဲဘော်အပေါင်းတို့ 
အသင်တို့ သည် ကျွန်ုပ်ကဲ့သို့ သော ထမင်းတပွဲကို
စားခဲ့ဖူးသည်ဟု ကျွန်ုပ်ရိုးသားစွာယုံကြည်ပါသည်။
ထမင်းပွဲနှင့်တော်လှန်ရေး
မပြီးဆုံးသေးတာတော့အမှန်ပါပဲ။
ကဲ..
တပ်မဟာ(၄)
မင်းသမီး၊ မိုးတောင် စခန်းရဲ့ 
လွမ်းထမင်းတနပ်။

ကျွန်တော် သန်းဥိးစီုး(မိုးတောင်စခန်း ရင်း(၂၀၃)ကပါ။
ဝမ်းနည်းကြေကွဲစွာ ရဲဘော်ကြီးသန်းနိုင် ကိုခွဲခွါလိုက်ရတာပေါ့။
ကိုသန်းနိုင်(ချစ်စနိုးဖြင့် ဒမြသန်းနိုင်(သို့)ယက္ခကြီး)ဟုခေါ်အပ်သော၊လွန်စွာမှချစ်ခင်ဖွယ်ရာကောင်းသော၊မဟုတ်မခံရဲရင့်ကြံခိုင်သော၊အများအကျိုးဆောင်ရွက်တတ်
သော၊ပွင့်လင်းရိုးသားသော၊ဘ၀ပေးကြောင့်အရက်ကိုကြိုက်တတ်သော၊...........သော၊..........သော၊ သောများစွာနဲ့ သွာလေသူကိုသန်းနိုင် လွတ်လပ်မှမဟုတ်ပါ၊
ရင်နင့်စွာဖြင့် ကျုပ်ပြုသမျှ ကုသိုလ်အပေါင်း ကိုသန်းနိုင်ရပါစေကြောင်း အမျှဝေခေါင်းလောင်း ထိုက်ပါတယ်။ကိုသန်းနိုင်ကောင်းသုဂတိလားပါစေ၊
အကိုဌေးတင့်ခင်ဗျား
သူ့ (ကိုသန်းနိုင်)အကြောင်း၊ရေးစရာစာကြောင်းတွေအများကြီးကျန်နေပါသေးတယ်၊သူရည်မှန်းတဲ့ ဒီမိုကရေစီ ပန်းတိုင်ဆီကိုလည်းကျုပ်တို့ ချီတက်စရာကျန်ပါသေး
တယ်။သူ့ နဲ့ ဓါတ်ပုံတချို့  နောက်တော့မှပို့ ပါအုံးမယ်(မည်)

No comments:

Post a Comment