ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Wednesday, April 21, 2010

ဝိဥာဏ်တွေနဲ့ ကျန်သူတွေ

ဝိဥာဏ်အော်သံ



ပေါ့ပါးပြီး လတ်ဆတ်တဲ့ လေကို ရှိုက်သွင်းရင်း မြန်မာနယ်စပ် တွေကို လေ့လာမိတယ် ။

http://www.absdf8888.org/wp-content/uploads/2008/09/death.pdf

၂၆၃ ဦး ၁၉၈၈ ကနေ ယနေ့ အထိ အသက်ပေးသွားကြတဲ့ ၈၈ ကျောင်းသားတပ်မတော်စာရင်း

ပြူစုနေတဲ့ သူငယ်ချင်းဟောင်းတွေပါလား ၊ ဇွဲနဘဲ နဲ့ တိုက်ပွဲဝင်နေတုံးနော် ။

ဂုဏ်ယူလေးစားပါတယ်။

မြန်မာပြည် ဒီမိုကရေစီ ရရှိရးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ကျဆုံးရဲဘော် ဝိဥာဏ်တွေပါလား

ပြည်တွင်းပြည်ပ အစုံဘဲ နော်။

ဘယ်လိုဖြစ်တာလဲ ကိုဌေးနိုင်ရယ် နိုင်ငံတကာ လူကြားလို့ မှမကောင်း

နတ်ကရာ ကျီးမမော့နဲ့  ကိုယ့်အလုပ်ကိုလုပ်

အချိန်တန်ရင် ပေါ်လာလိမ့်မယ်။ သန်းဝင်း တွဲ ပြီး လုပ်နေပြီ ။

အခု မြန်မာပြည်ရဲ့ သေရေး ရှင်ရေး

တဆစ်ချိုး အကျပ်အတည်း ကာလထဲ ရောက် ကုန်ပြီ ။

အခု အရေးပေါ် တော်လှန်ရေး ဝိဥာဏ် ပေါင်းစုံ အစည်းဝေးစမယ်။

လောလောလတ်လတ်က

အဘ ဦးတင်ဦးလွတ်ြ့ပီ ။ ဒေါ်စု ဦးဆောင်မှုနဲ့ ရွှေဂုံတိုင် ကျေညာချက် အတိုင်းသွားမယ်

ကန်တာနား လာပြန်ပြီ စိတ်ပျက်စွာပြန်သွားသည် တဲ့ နတ်ကရာ ဝိဥာဏ်မမော့နဲ့ ဟေ့

အိုကေ အန်အယ်ဒီ ဝိဥာဏ်တွေ တိုင်းနဲ့ ပြည်နယ်တလျှောက်က

အန်အယ်ဒီ အဖွဲ့ ဝင်တွေကို တတ်နိုင်တာအကူညီပေးရမယ်။

လက်ရျိ အခြေ အနေ တွေကို အဆက်မပြတ်သတင်ပို့ 

အင်တာနက် သရဲ ဝိဥာဏ်များအဖွဲ့ 

လူတိုင်းပါဝင်နိုင်အောင်လုပ်ကြ ဝိဥာဏ်အင်အားလည်းမတိုးစေနဲ့ 


စစ်တပ်က အန်အယ်ဒီတွေကို လူမှုရေး စီးပွားရေး ဘာသာရေး ဆက်သွယ်ရေး စတဲ့

ဖြတ်လေးဖြတ်နဲ့ ဖြတ်ထားတယ်။ တဖက်လှည့်နဲ လူမွေးပြီး အပုတ်ချတယ်။

စစ်တပ်ကဖေါ်တဲ့ အန်အယ်ဒီ အပုတ်ချဆေး စားထားတဲ့ စာရင်းရြ့ပီလား

ပြင်ပ ပြည်တွင်းမှာရော ဘယ်လောက်တောင်များခဲ့ပြီလဲ ၊စာရင်းမှရှိကြရဲ့ လား ၊

လှုပ်မရအောင် ချုပ်ထားတဲ့ အန်အယ်ဒီကို

ဗိုလ်ချုပ်ထွန်းဦးက ကဗျာကရာထလိုက်သည်။

လူစာရင်းရရင် ကျုပ်လူတွေကို အထဲဝင်လို့ ရပြီပေါ့။

ယူဂျီ ဝိဥာဏ်များက ဝါးကနဲ တခဲနက် ကန့် ကွက် ကြတယ်။
တော်သေးတာပေါ့ သံလမ်းခိုးဗျူဟာ မချပြလို့ 

လူမျိုးစုလက်နက်ကိုင်တပ်တွေ ဂေါ်ဆီလာကနေ သားပိုက်ကောင်တွေဖြစ်ကုန်ပြီ။

နယ်ခြားစောင့် အမည်ပေးပြီး အလှမွေးဘီု့ လေ့ကျင့်နေပြီ ။

မရရင် အမေရိကန်ဆီက မူးယစ်အကြောင်းပြပြီး ပိသာနိုးနတ်စာကျွေးတော့မှာ

ငပိစား ကရင်ကိုလည်းဘာသာရေးနဲ့ ခွဲပြီး စီးပွားရေးစားကျက်ကွင်းထဲပို့ ထားတယ် ။

ကျုပ်တို့ ဘာလုပ်ကြမှာလဲ ဝိဥာဏ်တွေ အများစု ဒေါသထွက်ကုန်ပြီ

သွေးမုန်တိုင်းမိုးတွေ တဝေါဝေါ ရွာချခြင်ပြီ

ဝိဥာဏ် အားလုံး နားထောင် အမိန့် 

လှုပ်မရအောင် ချုပ်ထားတဲ့ ပြင်တွင်း အန်အယ်ဒီ ဦးဆောင် လှုပ်ရှားကို ဝိုင်းပြီး ကူညီကြ ။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဟာ တရားဝင်ဆဲဖြစ်တယ်။

၂၀၀၈ နာဂစ် ဖွဲ့ စည်းပုံဟာ တဘက်သတ်ရေးတာ ဆိုတာ

အင်းဂလိ အပါအဝင် ဘာသာပေါင်းစုံနဲ့  ရေးကြ ။

အနည်းဆုံး အိမ်ဘေးကလူကို ပြောကြ ။

လူမျိုးစု ဝိဥာဏ်များခင်ဗျား ၈၈ ဝိဥာဏ်တွေ ၂၀၁၀ တိုက်ပွဲ စတော့မယ်

အာဏာရှင်စစ်တပ် ကျဆုံးတဲ့နေ့ ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုဒေသတွေကို

စားပွဲပေါ်မှာလွတ်လွတ်လပ်လပ် စတဲ့နေ့ ဘဲ ။ ကြိုက်တာရွေးကြ။
ပုံ

၈၈ ဝိဥာဏ်များ ဖေဖေါ်ဝါရီလ အရေးပေါ်ညီလာခံ

အားလုံးက မြန်မာပြည် ဒီမိုကရေစီ ရရှိရးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တာ ဆိုတော့

သူတို့ ဝိဥာဏ် တွေက မြန်မာပြည် အနှံ့ ပျံသန်းရင်း

မျက်ရည်တွေ ကျတဲ့အထိ အံကိုကြိတ်ပြီး လက်သီးတွေ တင်းတင်း ဆုပ်နေကြမှာပါ။

ပြည်တွင်းမှာ အကြီးဆုံး အနိုင်ရ ပါတီကြီးက နှစ်ပေါင်း ၂၀ ကို ခက်ခက်ခဲခဲ ဖြတ်ကျော်နေဆဲဘဲလေ။

လိမ်မာပါးနပ်ပြီး ရက်စက်ယုတ်မာတဲ့ စစ်ခေါင်းဆောင်ပိုင်းက ရသမျှရောင်းပြီး ကိုယ်ပိုင်လုပ်နေကြတယ်။

ပြည်သူ့ ဥယာဉ်ကြီးပါ ရောင်းလိုက်ပြီ ။

ချောချောလှလှ မိန်းမပျိုလေးတွေကို နိုင်ငံတကာဖါတန်းပို့ ပြီ ဆက်ကြေးကောက်တော့မယ်

လူထုတွေက စာရင်းမှတ်ထားကြရဲ့ လား။ ငွေမဲတွေ ငွေဖြူဖြစ်ပြီး ရှိသမျှတွေဝယ်စုကုန်ပြီ

တပ်ထဲမှာလဲ ရိုးစိရိုးစိနဲ့ ။အထက်ကို အုပ်စုလိုက် မလှန်ရဲပါဘူး ။

နောက်တက်မဲ့သူ ဘယ်သူဖြစ်ဖြစ် ငွေထုတ်ကြီးနဲ့ ပေါက်ခိုင်းတော့မယ်

ပြည်ပက ငတ်ကြီးကျ သူတွေနဲ့ ယာရီဆွေမျိုးတော်လိုက်ရင် ရတာဘဲ

မယားဝယ်သူ လင်ဝယ်သူတွေ အများကြီး

မျိုးဆက်သစ် ပညာတတ် လူငယ်တွေကကော

အိုးလေး လှုပ်ပါအုံး ဆိုတဲ့ စက်ာပူ နဲ့ လန်ဒန်မှာ မြူတ်ကုန်ကြပြီလား ။

သမိုင်းမှန်လေးတောင် ဦးနှောက်သုံး မဖတ်ချင်ဘူးတဲ့

၁၉၆၂ မှာတော့ ပြည်သူပိုင်ဆိုပြီး အားလုံးသိမ်းခဲ့တယ်။ ဘာမှပြန်မရခဲ့ကြဘူး။

အခုက နည်းမျိုးစုံနဲ့ အနည်းအများ အေးဓမြတိုက်ယူနေတာ

စစ်တပ်ခေါင်းဆောင်ကြီးငယ်တွေ အထုတ်ကြီး အထုတ် ငယ်နဲ့ ဖြစ်ကုန်ပြီ ။

အားကျတဲ့ လူတွေကလဲ ဆင့် ဟဝါမျှော် လိုဘဲ ခြံစည်းရိုး ခွကုန်ပြီ။

ဌေးတင့်

အသင် ဘယ်လမ်းကိုရွေးမှလဲ

ဌေးတင့်

No comments:

Post a Comment