ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Wednesday, April 21, 2010

မကြောက်မရွံ စွန့် စားသူ ဦးသုဝေ

ရွေးကောက်ပွဲအတွက်စဉ်းစားရန်

နအဖက ဘာကြောင့် ရွေးကောက်ပွဲ ပြန်ကျင်းပပေးရတဲ့ ရည်ရွယ်ချက်ဟာ အဓိကကျပါတယ်။

လမ်းပြမြေပုံက အစပြုခဲ့တဲ့ ခင်ညွန့် ထောက်လှန်းရေးအုပ်စုကို ပြန်သုံးသပ်ဖို့ လိုပါတယ်။

ဒီပဲရင်းလူသတ်ပွဲံ အပြီး နိုင်ငံတကာ ပိတ်ဆီု့ ကို နအဖက ကြိုမတွက်တဲ့ အတွက် စစ်ကောင်စီကိုတုန်လှုပ်ရာက

အစပြုတယ်လို့ ဆိုနိုင်ပါတယ်။ ခင်ညွန့် ဦးဆောင်တဲ့ ထောက်လှန်းရေးအဖွဲ့ ဝင်တွေအားလုံး
နည်းပေါင်းစုံနဲ့ တင်းကျပ်လာတဲ့ နိုင်ငံတကာ ဖိအားကထွက်ပေါက်ကို ရှာလို့ ရတဲ့ အဖြေဖြစ်ပါတယ်။

အဓိက အနီးကပ်အကြံပေးခဲ့သူကတော့ ပြည်ပြေးထိုင်းဝန်ကြီးချူပ်ဟောင်းတက်ဆင်ဖြစ်ပါတယ်။

အကြံကြီးသူ ၂ ဦးပေါင်းပြီး စီးပွားရေးလက်ဝါးကြီးအုပ်နိုင်ဘို့  နိုင်ငံရေးချုပ်ကိုင်မှုတွေ ပြင်ဆင်ခဲ့ပါတယ်။

၂ ဦးစလုံးမေ့သွားတာက ထိုင်းနိုင်ငံက ဘုရငစနစ်နဲ့ ခောတ်မှီ ပညာတတ်အုပ်စုဖြစ်ပြီး မြန်မာပြည်က

အာဏာရူးဗိုလ်ချုပ်နောက်ကွယ်က စီပွားရေးမိသားစုဝင်တွေဖြစ်ပါတယ်။

ခင်ညွန့် ထောက်လှန်းရေးတပ်ဖွဲ့ တွေကတဆင့် ပါတီအားလုံးကို ထိမ်းထားပြီး နိုင်ငံတခုလုံးကို ယဉ်ယဉ်ကလေး သိမ်းပိုက်ဖို့ ကြိုးစားတာပါ။ ထောက်လှန်းရေးတွေကလဲတော်ပါတယ် ။

ဗိုလ်ချုပ်တွေ တိုင်းမှုးတွေ ပိုင်ဆိုင်မှုတွေကို အသေးစိတ်မှတ်တမ်းယူခဲ့တာပေါက်ကြားသွားပါတယ် ။

မကြာခင်မှဘဲ တရုပ်နယ်စပ် စီးပွားရေး ပြသာနာက စတင်ပြီး ထောက်လှန်းရေး မဟာဗျုဟာကြီး ရိုက်ချိုးခံရပြီး ခင်ညွန့် နဲ့ တကွ အားလုံးကို ထောင်ထဲပို့ တာပါ ။

တင်းမာပြီးရက်စက်တဲ့ စစ်တပ် ထိတ်သီးအုပ်စု ကြီးကို မမေ့သင့်ပါဘူး

နှစ်စဉ်ဆက်တိုက် အဖိခံလာရတဲ့စစ်အုပ်စုဟာ ဒါတ်ငွေ့ အပါအဝင်။
အခြားပြည်တွင်းထွက်ကုန်ကြမ်းများကို ဈေးပေါပေါရောင်းရာက သိလာတဲ့
မိတ်ဆွေသစ်များ ကတဆင့်သိလာတာက ကြီးမားတဲ့စီးပွာရေး လုပ်ငန်းကြီးတွေ
လွတ်လွတ်လပ်လပ်လုပ်မရပါဘူး ။

ဒီဖက်တို အစိုးရဆိုတာကို နိုင်ငံရေးသမားဟောင်းများအဖွဲ့ က မကြာခဏ ထုတ်ပြန်ပြီးသတိပေးခဲ့ပါတယ် ။

နောက်ဆုံး တရားဝင်အစီုးရ ဖြစ်လာအောင်ကြိုးစားပြင်ဆင်ပါတော့တယ် ။

နေပြည်တော်မှာ အချိန်ပြည့်တိုင်ပင်ပြီး တိုင်းမှုးများမှတဆင့် လှုပ်ရှားပြီး တည်ဆောက်ပါတယ် ။

ဒေသဆိုင်ရာ ဗျုဟာမှူးအားလုံးဆီက မီးစီမ်းပြတော့ ဖွဲ့ စည်းပုံညီလာခံစပါတော့တယ် ။

အားလုံးကို အကျယ်ချုပ်ချပြီး သင်တန်းပေးတာပါ ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း နောက်ဆုတ်ခဲ့ရပါတယ် ။

ဘာမှာတင်ပြပိုင်ခွင့် ညှိနွေးခွင့် ပြင်ဆင်ခွင့်မရလို့ လူမျိုးစုတွေလည်း ဆင့်ဟိုဟာကြီး မျှော်ပြီးပွဲသိမ်းသွားပါတယ်။

ဘာမှန်းမသိရသေးတဲ့ ပြည်ထောင်စုအသစ်ကြီးရဲ့ ရွေးကောက်ပွဲ စပါတော့မယ် ။

စစ်တပ် ထိတ်သီးအုပ်စု ကြီးကို က သေသေချာချာမသိသေးပါဘူး

ကြီးမားတဲ့ပြနာဖြစ်လာမှ နေပြည်တော်မှာ စစ်ကောင်စီ အစည်းအဝေးခေါ်

တိုင်မှုးး ဗျုဟာမှူးတွေတဲ့ တိုင်ပင်ပြီး အမိန့် တွေထုတ်ပြီးအုပ်ချုပ်နေကြတာလေ ။

အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပိတ်ဆို့ မှုမရှိရင် ရွေးကောက်ပွဲလုပ်ဖို့ ပျင်းတောင် ပျင်းသေးတယ်လို့ 

ဗိုလ်ချုပ်တွေအရက် မူးရင် ဆိုပြီးကကြမှာပါ ။

အခုတော့ ဗိုလ်ချုပ်တွေလဲ တသက်စာမက မြေးမြစ်တီတွတ်တွေ ကောင်းမွန်စွာ အုပ်ချုပ်နေရေး အတွက်

ရွေးကောက်ပွဲ တခါးတုကြီးဆောက်ပြီး အုပ်စုတဝက်က အဝတ်စိမ်းစိမ်းချွတ်မှာပါ ။

စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးနဲ့  လူထုကိုယ်စားလှယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပေးရမဲ့ အရင်းအနှီးက သိပ်ကြီးပါတယ် ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စွန့် စားဖို့ သိပ်ခက်တဲ့

အလောင်းအစားတခုလို့ ပြောရင်ရပါတယ် ။

ဒီရွေးကောက်ပွဲကို လှေနံဒါးထစ် နိုင်ငံရေး ပုံသေနည်းနည်းနဲ့ တွက်လို့ မရတော့ပါဘူး ။

ခြားနားတဲ့ လုတန်းစား ပြသာနာ စပါပြီ ။

လူထုရဲ့ ခေါါင်းဆောင်မဲ့ တိုက်ပွဲခေါ်သံ စတင်ကြားရပါပြီ ။

၁၉၈၈ တုံးက ကျောင်းသားထုနဲ့  ရဟန်းထုက လူထုကို စနစ်ကျအောင် ဦးဆောင်နိုင်ခဲ့ပါတယ် ။

၂၀၁၀ မှာ ကျောင်းသားလဲ မြို့ ပြင်မှာအကွဲကွဲ ။ လူထုကြည်ညိုတဲ့ ရဟန်းတွေလဲ ၂၀၀၇ မှာအရှင်းခံရပြီ ။

ရုရှားက အောက်တိုဘာတော်လှန်ရေးကို ငယ်ငယ်ကဖတ်ဖူးပါတယ် ။

မောက်မာတဲ့ အုပ်ချုပ်သူ ဇာဘုရင်နန်းတော် ထဲမှာသွေးချောင်းစည်းသည်တဲ့

မသေခင်မြန်မာပြည်မှာ မြင်ရတော့မည်ထင်ပါတယ်။

လူအုပ်ထဲက လူတယောက်လဲကျတဲ့ အထိကျည်ဆန် ၃၀ နဲ့  ၅၀ လိုပါတယ် ။

လူ တသန်း အတွက် ကျည် သမ်း၅၀ လိုပါတယ် ။

ဗိုလ်ချုပ် တစု သားစဉ်မြေးဆက် ကောင်းစားဖို့ သိသွားတဲ့

လူထုကရွေးကောက်ပွဲကို ဘာလုပ်ကြမှာလဲ

တပ်တွေက လူဆက်သတ်အုံးမလား ။

နအဖက ဘာကြောင့် ရွေးကောက်ပွဲ ပြန်ကျင်းပပေးရတာလဲ

နောက်ဆုံးအဖြေကို လူထုက ခေါင်းဆေင်မဲ့ရွေးတော့မှာပါ

ဒီလိုအခြေအနေမျိုးကို မကြောက်မရွံ စွန့် စားသူ ဦးသုဝေ နှင့် ဒေါက်တာ ခင်ဇော်ဝင်း ကိုလေးစားပါတယ်။

ဌေးတင့်

ဌေးနိုင်အကို

No comments:

Post a Comment