ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Thursday, April 22, 2010

အဆင်သင့်ဖြစ်ပြီ လားသူငယ်ချင်း




တော်လှန်ရေးကို တော်လှန်ခြင်း
၁၉၈၃ ကာလ အချိန် တခုဆိုတော့
တော်တော်ကြာခဲ့ပြီလေ။

အဲဒီခောတ် စမ်းသပ် ပညာရေး စနစ်က
ဒေသကောလိပ်ကပြီးလာတဲ့ ကျောင်းသားကျောင်းသူတွေ အများစုက
တက္ကသိုလ်တွေမှာ ပညာတွေဆက်သင်ဘို့ ရောက်လာကြတယ် ။

သစ်ပုတ်ပင်ကြီးကို မမြင်ဘူးလို့ သွားကြည့်ရင်းဓါတ်ပုံရိုက်သူတွေကလည်း
အုပ်စုလိုက်ဘဲလေ ။ ဘွဲ့ နှင်းသဘင်ခန်းမရှေ့ မှာလည်း အုပ်လိုက်ထိုင်ကြတယ် ။
အင်းယားကန်ဘေးက အကြော်ဆိုင် ရခိုင်မုန့် တီ ဆိုင်မျာလည်း အပြည့် ။
ကျောင်းထဲက ဦးချစ် လက္ဘက်ရည်ဆိုင် အပါအဝင်
စားသောက်ဆိုင်တွေမှာ လည်း အပြည့်ဘဲလေ ။
အားလုံးပျော်နေကြတယ်
ကြည်နူးနေကြတယ် ။
အင်ယားကန်စောင်းက ခြုံပုတ်တွေ
စာသင်ဆောင် အဆောက်အဦးကူး လမ်းကြားတွေမှာလည်း
အတွဲတွေ အပြည့်ဘဲ လွတ်လပ်ရေးရကုန်ကြပြီ ။
စာကြည့်တိုက် အသစ်ကြီးကလည်း ပြီးခါစပေါ့ ။

အသက်၂၀ ကျော်လူငယ်တွေ ဗဟုသုတအသစ်တွေရှာဖွေရင်းနဲ
လက်တဲ့စမ်းတဲ့ ကာလတခုရဲ့  ဒေသကို ဖြတ်သန်းခဲ့ဘူးကြပါတယ် ။
ကျောင်းသားအများစုက အခန်းရှည်ဟောကြီးတွေထဲမှာ
ကုတင်တွေ တန်းဆီချ ထားပြီး အိမ်သစ်အတွက် နေရာတွေယူကြပါတယ်။

ကိုယ်ပိုယ်လွပ်လပ်ခွင့်ဆိုတာ နားမလည်လဲ ပျောက်ခဲ့ရတယ် ။

ဓါတုဗေဒ လက်တွေ့ အခန်းကိုဝင်တော့ မီသနော အီကော စတဲ့
အရက်အုပ်စုဝင်တွေကို စမ်းသပ်ကြပါတယ် ။
လက်တဲ့စမ်းပါပြီ ။ ပထမ ရှုကြည့်ပါတယ် ။

ခေါင်းထဲမှာ ထုံပြင်းပြင်းကြီး ဖြစ်သွားကာ လေးလန် လာပါတယ် ။
မှတ်မိလိုက်ပါသည် ။

နယ်မှာကျောင်းနေတုံးက ဓါတ်တိုင်အောက်မှာ စာကျက်ရင်း
( တပ်မတော်အစိုးရလက်ထက်မှာ ဓါတ်မီးတိုင်မှာ မီးမရှိလို့ သိရပါတယ် )
မီးပျက်ရင် ညညရေနံဆီ မီးခွက်နဲ့ စာကျက်နေရင်း အနံ့ ရှုမိ ခဲ့တာနဲ့ တူပါတယ် ။
စာကျက်လို့ ပြီးခါနီးရင် ခေါင်းထဲမှာ ထုံပြင်းပြင်းကြီး ဖြစ်သွားကာ
လေးလန် လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတော့တယ် ။

မသိစိတ်က ဘာမှန်းမသိဘဲ စတင်စွဲလမ်းခဲ့တယ် ။
ငယ်ငယ်က အနံ့ ကိုစွဲလန်းမိတဲ့ကျွန်တော် အရည်သောက်ရင် ပိုကောင်းမှာဘဲလို့ 
တဆင့်တက်ပြီးစဉ်းစားမိတယ် ။

သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး နည်းလမ်းရှာကြပါတယ် ။
ရပါပြီ ။
ဓါတ်ခွဲခန်းမှာ ရီဝေဝေနဲ မူးတတ်ပါပြီ
(နည်းလမ်းကို နောက်လူငယ်များ သိအောင်မရေးတော့ပါ။
ဓါတ်ဆီကိုလည်းအဲဒီနည်းနဲ့ ယာယီ သောက်လို့ ရပါတယ်)

နယ်ကလာပြီး အပြင်ဆောင်မှာ နေတဲ့ ကျောင်းသူများ ထမင်းဘူးထဲက
ဟင်းတွေက အရက်အတုရဲ့ အမြည်းဖြစ်ခဲ့ရတယ် ။
နယ်ကဆိုတော့ တိုင်းရင်းသူတွေများပါတယ် ။

အူတူတူ အတတ တွေဆိုပြီး အပျော်သဘော စခဲ့တာတွေဟာ
သူတို့ ရင်ထဲကို ပြည်ထောင်စု အက်ကြောင်းဒဏ်ရာစ တွေ
ထဲ့ပေး လိုက်တယ်ဆိုတာ အချိန်နှောင်းမှ သိခဲ့ရပါတယ် ။
အသဲကွဲတဲ့ ကျောင်းသားတွေလဲ အသဲကိုအရက်ထဲမှာစိမ်တတ်ပြီ ။
(အသဲကွဲဘူးသူကျောင်းသူဆိုရင်ဘာလုပ်မလဲမသိပါ)

http://www.youtube.com/watch?v=imBj-Cq94XY&feature=related

ရဝေ ရဝေ မြိုင်ဆောင်းမှာလ ဥဒေါင်းတွေ တွန်သံကြားရင်ဆိုတဲ့
အသဲခွဲသွားတဲ့ ဥဒေါင်းမလေးတွေကိုတမ်းတစေတဲ့သီချင်းကနာမည်ကြီးပြီ
နောက်ဆုံးနှစ်မှာ စာမေးပွဲလဲပြီးရော အရက်ပွဲနဲ့ နှတ်ဆက်တတ်ပါပြီ ။

ရီဝေဝေနဲ့  ဘာလုပ်လုပ် အားလုံးကောင်းနေပါတော့တယ် ။
အနာဂါတ် မျှော်လင်ချက်သိပ်နည်းနေပြီး
တိုးတက်မှုကို အဖက်ဖက်ပိတ်ထားတဲ့ တိုင်းပြည်ထဲက
လူငယ်တွေရဲ့ စိတ်ထွက်ပေါက် ရှာကြပါတယ် ။
(အခုတော့ ဂျပန်နဲ့ စက်ကာပူက အိုးလေးလှုပ်ပါဦးဆိုင်လိုပေါ့ )

နေ့ ဆိုရင် လ္ဘက်ရည်ဆိုင်နဲ့ ညဘက်မှာ အရက်ဆိုင် တွေမှာ
ဘာလုပ်ရပိုကောင်းမလဲဆိုပြီး ရီဝေဝေနဲ့  မြိုင်မြိုင် ဆိုင်ဆိုင်
စကားစစ်ထိုးပွဲတွေ ဖြစ်ခဲ့ပါတယ် ။

၁၉၈၃ကျတော့ ပညာတတ် ဘွဲ့ ရတဲ့လူငယ်တွေရဲ့ အနာဂါတ်ကို
စစ်တပ်က မသန်မစွမ်းအရာရှိငယ်တွေက နေရာလုလိုက်ပါတယ် ။
မြန်မာ့ဆိုရှယ်လစ်အောက်က လူငယ်တွေ အနာဂါတ်မဲ့ ခဲ့ပါတယ် ။

ကမ္ဘာဦးက သဘာဝ အမွေပေးလိုက်တဲ့ ကာမဂုဏ်အာရုံ ထဲ လိုက်ကြပါတယ် ။
ကျောင်းအပြီးရလာတဲ့ ဘဝလက်တွဲဖေါ်နဲ့ ချိန်းတွေ့ ရင်
နှစ်ဦးစလုံး ရီဝေဝေနဲ့ အချစ်ဇတ်လမ်း တပုဒ်ကိုကကြ ခုန်ကြဘို့ အတူတူ သောက်တယ်။
မောင်တလှည့် မယ်တလှည့် နဲ့ တယောက်တလှည့် ရဟတ်မြင်းစီးပြီး သာယာဘုံမှာ
၂ နာရီကျော် လက်ရှိဘဝကိုမေ့ပျောက် ဖြစ်ခဲ့ရတယ် ။

သီချင်းရေးသူနဲ့ ဆိုတဲ့အပျိုအဆိုတော်မလေးက
ရီဝေဝေ မျက်လုံးထဲမှာ ပြန်ပြီးအတိတ်ကို တမ်းတရင်တဲ့
http://www.youtube.com/watch?v=jMyU9Is87FY&feature=related

အဖြူရောင်မင်းသမီး ပြောပြတဲ့ ဝိုင်မဟုတ်ပါဘူး
ချဉ်တဲ့အခါ ချဉ်
တူးတဲ့အခါ တူး

ပိတ်ထားတဲ့ ဘဝတွေ ရဲ့ ထွက်ပေါက်ဆေးရည်ကြီး
ညစ်နေတဲ့ စိတ်တွေရဲ့ ခဝါချတဲ့ အရည်
ကွဲသွားတဲ့အသဲရဲ့ ကော်ကပ်ရည်
မောင်တလှည့် မယ်တလှည့် ပွင့်လင်းအားဆေးကြီး
ပျော်ရွင်စွာ တွေ့ ဆုံပွဲ ++ စတဲ့ စတဲ့ မျိုးစုံအကြောင်းအရာတွေနဲ့ 
အစွဲကြီးစွဲကုန်ပါပြီ အရက်ကို ပိုက်ဆံစုပြီး စသောက်ပါပြီ ။

နောက်ဆုံး အရက်ဖြူဆိုင်မှာ ညနေတန်းစီပြီး အမြည်းဆိုင်မှာ
တယောက်တည်းထိုင်သောက်တတ်လာပါတယ် ။
ရီဝေဝေ မျက်လုံးထဲက တစ်တစ် ရစ်ရစ် ရောင်စုံ ဝတ်ထားတဲ့
အမြည်းရောင်း အပျိုမလေးတွေ ဟာ
အဲဒီ ခောတ် ဆင်းရဲသား လူတန်းစားတွေရဲ့ စိတ်ထွက်ပေါက် ဖြစ်ခဲ့တယ်။

တခါတရံ ကုန်တင်ကားကြီးတွေငှားပြီး အဝေးပြေးလမ်းမကြီးပေါ်မှာ
နေ့ ညပေါင်းများစွာ နေခဲ့ရတယ်။
ညနေနေဝင်ရီတယောအချိန် နီးရင် တရားမဝင်ချက်ရောင်းတဲ့
အရက်ဆိုင်အရောက် မောင်းကြပါတယ် ။

ချင်တာလဲရှိတယ် တူးတာလဲရှိတယ် အီလယ်လယ်လည်းရှိတယ် ။
တနေကုန်ညောင်းလာတာကို အပန်းဖြေဆေး အဖြစ် သောက်သုံးကြပါတယ် ။

ဆင်ခြေဆင်လက်ဆင်နားရွတ်ဆင်ချီးတွေပေးတာပါ
လုံးဝအမှောင် ပျောက်သွားပြီဆိုတဲ့ အချိန်မှာ ညငှက်ကလေးတွေထွက်ပါပြီ ။
နီနီ ရဲနေအောင် ဆိုးထားတဲ့ နှတ်ခမ်းနီတွေ
မြူဆွယ်ဘို့ အပေါစားပေါင်ဒါဖြူးပြီး ၂ ယောက်တစု
၃ ယောက်တစုနဲ့ တနိုင်ငံလုံးရဲ့ အရက်ဆိုင်တွေမှာဟန်ပြကုန်ပြီ ။

မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ရဲ့  အသီးအပွင့်လေးတွေပါ ။
ကုန်ကားကြီးပေါ်က မူးစပြုနေပြီဖြစ်တဲ့ လူတွေဟာ အကောင်းဆုံးဖေါက်သည်ပါ ။
လူတိုင်းခရီးသွားနေတော့
ဒုတိယဘုရား ဖြစ်တဲ့ ပိုက်ဆံဆောင် ကြပါတယ်။

သဘောကျတဲ့ကားက ခေါ်တင်ပြီး လမ်းဘေးရေမြောင်းရှိတဲ့
နေရာတွေဟာ ရီဝေဝေ အချစ်စစ်ပွဲကျင်းပရာ စစ်မြေပြင်ဖြစ်ခဲ့ပါတယ်။
တိုက်ပွဲကျသွားတဲ့ ကားသမားအုပ်စုဟာ အရှုံးရော်ကြေးပေးပြီး
ညငှက်သခင်မလေးကို နောက်တပွဲတိုက်ဖို့ နောက်ကားတစီးပေါ်ကို
ဟွန်းတီး မီးထွန်းပြီးလွဲပြောင်းပေးပါတယ် ။

ဒီလိုနဲ့ ညသခင်မလေးတွေ မိုးလင်းခါနီးအထိ ကုန်တင်ကားကြီးပေါ်က
ရန်သူတွေကို တကားပြီးတကား လိုက်လံရှာဖွေကာ
မာယာထောင်ခြောက်နဲ့ ရန်မူလာသူ အလယ်ခြေထောက်တွေကို
စစ်မြေပြင်လမ်းဘေးခြုံပုတ်ထိ ကျုံးသွင်းကာ
စစ်ပွဲကိုအနိုင်တိုက်ပြီး ရော်ကြေးသိမ်းလိုက်ပါတယ်။

ညငှက်ကလေး မိုးလင်းလို့ အိမ်အဝင် ရေမြောင်းထဲက ရေနဲ့ သန့် စင်ပြီး
အမေအိုကြီးရယ် ။ ကျောင်းသွားမဲ့ မောင်နှမငယ်များ အတွက် ထမင်းချက်ပါတယ်။
ကလေးငယ်ရှိသူကလက်ကျန်နို့ ချိုတိုက်ကျွေးပါတယ် ။
လင်ဖြစ်သူကတော့ လယ်ထဲဆင်းသူကဆင်း ကုန်ထမ်းသူကထမ်းပေါ့ ။
ဆင်းရဲသားတွေက ကီလီမှာ ငါးခေါင်းချဉ်နဲ့ ထမင်း စားပြီး
နောက်အလုပ်တခုအတွက် လမ်းဘေးမှာအုပ်နီခဲခုပြီး အိပ်ကြတယ်။

ဆိုရှယ်လစ်လမ်းကြောင်းထဲမှာ နေရာယူတတ်သူတွေ ဘောမတတ်သူတွေ ကတော့
ငပလီ ကဟိုတယ်တွေမှာ နားကြတယ် ။ ကရဝိတ်မှာ ငါးကျော်နဲ့ ဘီယာ
စားပြီး ဇိမ်ခံတယ်။

၁၉၈၀ ၈၁ ၈၂ ၈၂ ၈၄ ၈၅ ၈၆ ၈၇ ၈၈ အထိ
အင်းယားလမ်းနားက ထင်းရူးတောခြံဟာ အထင်ကရပါ ။
တိတ်ဆိပ်တယ်။ လုံခြုံတယ်။ သန့် ရှင်းတယ်။ကားနဲ့ မှဝင်လို့ ရတယ် ။
ပညာရည်ပြည့်ဝပြီး ဝမ်းဗိုက်ရှပ်ရှပ်မှာ အက်ကွဲကြောင်းမရှိသူတွေ စုထားတဲ့နေရာပေါ ။
၂၀၀ ကျပ်ပါဘဲ ။ ဘူးသစ်ဖေါက်ရင် ၄၅၀၀ အသံမြည်ရင် ၅၀၀ ထပ်ပေးရတယ် ။
၅ ကျပ်ပိုပေးရင် အပေါ်တက် အောက်ဆင်း ခိုင်းတာအကုန်လုပ်တယ် ။

မဂ်လာဒုံအဝင်မြတ်စောညီနောင်နားက အိမ် ၂ အိမ်ရှိတယ် ရှော့ဈေးက ၂၀ ကျပ် ။
ဗဟိုနိုင်ငံရေးက လူကြီးတွေ ခဏခဏလာတယ်တဲ့
ကပ်စည်းနည်းဦးသန်းရွေ သွားဘူးလားမသိဘူး ။
ဗိုလ်လောင်း ကတက်တွေ ။ ထောက်လှမ်းရေး သင်တန်းသားတွေ
အပန်းဖြေတဲ့နေရာပါ ။

တရားဝင်လစာ တနေ့  ၁၀ ကျပ်ကာလမှာ
ထင်းရူးတော ဝန်းခြံထဲက အခြေအနေက
အရက်မှာပေး ပြီး ရီဝေဝေ ကြာအပြုံးနဲ့ အပျိုစင်လေးတွေအုပ်လိုက်ဘဲ။

စစ်မြေပြင်ထောက်ပံ့ကြေးစရိပ် ခိုးလာတဲ့ စစ်တပ်အရာရှိတွေ
တိတ်တိတ်လေး လာပ်စားတဲ့ ပါတီကအကြီးအကဲတွေ
ပြည်သူ့ စက်ရုံက ခိုးရောင်းတဲ့ ကော်ပိုရေးရှင်းက ညွှန်ကြားရေးမှုးတွေ
ဆိုရှယ်လစ်ဥပဒေ လက်တလုံးကြားက မှောင်ခိုစီးပွားရေးသမားတွေ
(တရုပ်ကုလားလူငယ်လေးတွေ အဆင့်မြင့်ပညာသင်ခွင့်ပိတ်ထားပါတယ်
မှောင်ခိုအကြီးစားဟာတရုပ်ကုလားပါ။ အပြာဗီဒီဒီရောင်းတာပါးပါးလေးပါ)

ဆိုရှယ်လစ် ကာမနိဗ္ဗာန်ဘုံကို တိတ်တိတ်လေးလက်တို့ ပြီး
ပူးပေါင်း တည်ဆောက်ကြပါတယ် ။

ခေါင်းပေါင်းကြီးတွေ ပုတီးကြီးတွေ သုံးပြီး အစည်းအဝေးမှာ
ဟန်တွေလုပ်ရင်း အုပ်ချုပ်တာ သိပ်ကောင်းလို့ 
ပြည်သူ့ အရက်ချက်စက်ရုံတွေကလည်း
အရက်အဆီတွေ ထုတ်လို့  မလောက်လို့ 
အင်ဒရင်းပိုးသတ်ဆေးနဲ့ ဖေါက်ထားတဲ့
တောအရက်တွေလည်း နောက်ကျရင် ကုန်ပြီတဲ့ ။
သောက်သောက်လဲ သောက်ကြတာဘဲ

၁၉၈၆ ကာလ ရေနံဓါတ်ငွေ့ သိုက် မြန်မာပြည်မှာ စတွေ့ တော့
နေဝင်းက ငါတို့ တော့ ချမ်းသာပြီ ။
မကြာမှီ နေဝင်းကျောက်သားရုပ်ထုကို
တနိုင်ငံလုံး ကိုးကွယ်အလေးပြုရမယ်လို့ တိတ်တိတ် စကား မဆလပါတီက ထွက်လာပါတယ် ။
ရီဝေဝေ အရက်အိုးထဲမှာ နစ်နေတဲ့ မဆလ အုပ်ချုပ်ရေးအဖွဲ့ ဝင်တွေ
ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး ။
လောဘ မောဟ ဂျောက်တွန်းပြီး နေရာလုပွဲကြီး စပါတယ် ။

ပြီးပြည့်စုံတဲ့စနစ်ထဲ ရောက်ပြီလို့ သွေးနထင်ရောက်နေအောင်
ပြိုင်ဖက်မရှိ ဆိုရှယ်လစ် ဗဟိုနိုင်ငံရေးကျောင်းအုပ်ကြီး
သန်းရွှေက ကောက်ကျစ်စွာ တွန်းပို့ လိုက်ပါတယ် ။

မဆလ အုပ်စ ဘဝင်မြင့်ပြီး အောက်ခြေက ဘဝမှန်မသိခဲ့တော့ပါဘူး
အဖက်ဖက်က ကျပ်တည်းအောင် ဖန်တီးကြတဲ့
တပါတီ ဆိုရှယ်လစ် အစည်းအဝေး အုပ်ချုပ်ရေး စနစ်ကို
၁၉၈၈ ကျောင်းသားထုက ဦးဆောင်ပြီး ဖြုတ်ချလိုက်ပါပြီ ။

ဦးနေဝင်း အံတကြီတ်ကြိတ်နဲ့  တာဝန်မှ ရပ်နားကြောင်းကို
နောက်တခါ ဆူပူရင် တည့်တည့်ပစ်မယ်နဲ့ ကြေညာပါတယ် ။
လက်နက်ကိုင်ထားတဲ့ စစ်တပ် စက်ရုံတွေဖေါက်ပြီး ရိက္ခာစုဆောင်း ပါတယ် ။
မွန်နဲ့ ကရင် လူမျိုးစုတပ်တွေက ဘုရားသုံးဆူမှာ နယ်မြေလုရင်းတိုက်ပွဲ ဖြစ်နေပါတယ် ။
တိုင်းပြည်က သယံဇာတ ချမ်းသာတာလက်မလွတ်တဲ့
နေဝင်းက ခင်ညွန့် ထောက်လှန်းရေးဦးဆောင်စေပြီး ပြည်သူကိုအုပ်စုလိုက် သတ်ပြီး
စစ်တပ် အာဏာသိမ်းလိုက်ပါတယ် ။စောမောင်ကို လွဲပေးတယ် ။
နေဝင်း ဘာကြောင့်လွယ်လွယ် စိန်လွင် ကို လွှဲပေးတာလဲ။
နေဝင်း ဘာကြောင့် ဒေါက်တာမောင်မောင်ကိုဆက်လွှဲပေးတာလဲ။
နောက်ကွယ်မှာ သန်းပေါင်းများစွာ ဓါတ်ငွေ့ သိုက်ရှိနေပါတယ်။

အားလုံးတခဲနက် တော်လှန်ရေးနယ်မြေထဲ ပြေးဝင်ကြတယ် ။
နိုင်ငံတကာ မဝင်နိုင်ရန် ထိုင်းက စစ်တပ်နဲ့ ပေါင်းပြီး
၁၉၈၈ ကျောင်းသားယောက် ဘတ်၅၀၀ ပေးပြီး အယောင်ပြကြိုဆိုရေး
စခန်းတွေဖွင့်ပေးခဲ့တယ် ။

ထိုင်းနိုင်ငံက ရိုးသားတဲ့ထိုင်းလူထုကို
ချောင်ဗလစ် စစ်တပ်ပါတီက ဖျက်ဆီးလိုက်ပါတယ် ။

သတ်မှတ်ကာလကျော်တာနဲ့ ၁၉၈၈ ကျောင်းသားခြေမှုန်းရေးစီမံချက်ကို
မြေပေါ် မြေအောက် မြို့ နယ် တောရွာ နဲ့ တောတွင်းမကျန် စပါတယ် ။

တော်လှန်ရေးနယ်မြေထဲမှာ အရက်မရောင်းရ ဥပဒေ ကြောင့်
တချို့ လူငယ်တွေ ထိုင်းနိုင်ငံထဲဝင်ပြီး အရက်သွားသောက်ကြတယ် ။

စစ်တပ်ကလည်း ၈၈ ကျောင်းသားတွေ စခန်းကို ရွေးပြီး
ရက်ရက်စက်စက်လိုက် ခြေမှုန်းတယ် ။

စက္ကန့် မခြား လက်နက်ကြီးတွေ မိုးမွန်အောင်ပစ်ပြီး
၁၉၈၈ လူငယ်ကို ရက်ရက်စက်စက် တောထဲမှာ
ထိုင်းနိုင်ငံမှာ နိုင်ငံတကာမှာ သွေးခွဲ ရန်တိုက်
ခြေမှုန်းနေတာ ယခုအထိပါဘဲ ။

၁၉၈၈ လူငယ်တွေ အရက်စသောက်တတ်ကြပြီ ။
အရက်မူးပြီး ဆွေးနွေးပွဲတွေ စလာခဲ့တယ် ။
လမ်းကြောင်းတွေရှာကြတယ် ။
နိုင်ငံတကာ သိအောင် ဘန်ကောက်ကို အုပ်စုလိုက်တက်ကြတယ် ။

ကျွန်တော် အရက်ကျွန် ဘဝတရားဝင် ရောက်သွားပါပြီ ။
ညနေစောင်းတာနဲ့  လောက်ခေါင်နဲ့  ချင်ချွန်းကို တလှည်စီ နှစ်ပါးသွားပါတော့တယ် ။
ထိုင်းလူထုက စေတနာကောင်းပါတယ် ။ မူးရင် တားပါတယ် ။
ပိုက်ဆံရရင်ပြီးတာဘဲဆို မရောင်းပါဘူး ။

သောက်တာများတာ လူသိမှာစိုးလို့  တဆိုင်မှာ
တကတ် နှစ်ကတ်ထက်ပိုမသောက်ပါဘူး ။ အရက်တလုံးမှာ ၆ ကတ်ရှိပါတယ် ။
ခိုးရောင်းရင် ၈ ကတ်ထွက်ပါတယ် ။

တစစနဲ့ အရက်ဒဏ်ကို ခံနိုင်လာလို့ အရက်ဖြူတလုံးကို
၃ ခါဘဲ မော့တဲ့ အဆင့်ရောက်လာပါတယ်။
(သောက်ဖေါ်သောက်ဖက် လူသားဝါဒ မင်းဇော်နောင်က
ခင်ဗျား မြန်မြန်သေအောင် သောက်တာလားတဲ့ဆိုပြီးတားပါတယ် ။
သူကနဲနဲခြင်း မိုးလင်းကထဲက သောက်တာ။
၂၀၀၉ မှာ နဲနဲလေးကျန်တော့တဲ့ အသဲကို အရက်နဲ့ ဆက်လို့ ဆုံးပါပြီ တဲ့)

အခုခောတ်စကားနဲ့ ဆို ပါးပါးလေးကို အထပ်လိုက် သောက်သုံးသူပါ
လူအများနဲ့ စုနေရတော့ အရက်သောက်ဖို့ 
့ပိုက်ဆံကို ခိုးဖွက်ရတဲ့ ဒုက္ခ စလာပါတယ် ။
ယူအန်ရုံးက ပိုက်ဆံထုတ်ပြီးရင် လမ်းဘေးမှာ မူးလဲသူတွေများလာပါတယ် ။

ပိုဆိုးတာက ဘိန်းဖြူ တွေ ရောက်လာပါတယ် ။
၂ ပင်လိမ်ကုန်ကြပါဘီ ။ ချောင်းဆိုးပျောက်ဆေးကို ပုန်းလိုက်ဝယ်ပြီး
အရက်ဘီယာ နဲ့ မြည်းတတ်ပါပြီ ။

ညနေတိုင်း အရက် မှန်မှန် ရရှိရေး နဲ့ 
မြန်မာပြည် လွတ်လပ်ရေး တိုက်ပွဲဝင်ပါတယ် ။

၁၉၉၉ မှာ လုံးဝမမျှော်လင့်တာဖြစ်လာပါတယ် ။

စွမ်းအားမြင့်ကျောင်းသားတပ်ဖွဲ့ ဝင် တချို့ က
သူတို့ အလောင်းနဲ့ ထမ်းပြီး ထိုင်းနိုင်ငံ လက်ကျန်
၁၉၈၈ အုပ်စုကြီးကို နိုင်ငံတကာ
ရောက်အောင်တွန်း ပို့ ပေးလိုက်ပါတယ် ။

အရက်သောက်ရတာ နပ်မမှန်တဲ့ ကျွန်တော်
ဥရောပ ဘီယာအိုးထဲ ဇောက်ထိုး ဆင်းပါပြီ

အတွေ့ အကြုံရှင်းလင်းပွဲ ။ အစည်းအဝေးပွဲ ။သုံးသပ်ပွဲ တွေမှာ
ဝိုင် အမျိုးမျိုးကို အဝ သောက်ပစ်တယ် ။

(အဖြူရောင်နတ်သမီးရေးတဲ့ ဝိုင်သောက်နည်းကနောက်ကျပြီ )
အိမ်မှာလည်း ဘီယာတလစာ ဝယ်ယူပြီး လှောင်ထားလိုက်တယ် ။

တခါတရံ အရက် အမျိုးမျိုး ဝယ်ပြီး မြည်းသောက်တယ် ။
ကျွန်တော် အားလုံးကို တစစ နဲ့ မေ့သွားပါပြီ ။

မြန်မာပြည်မှာ ကျန်တဲ့ ချစ်သူ မောင်နှမ မိဘ ဆွေးမျိုး
၁၉၈၈ က ကျခဲ့တဲ့ ကျောင်းသား ပြည်သူ သွေးတွေ အသက်တွေ
တောထဲမှာ ရက်ရက်စက်စက်ရိုက်လို့  အောက်ပိုင်းသေပြီး
အသတ်ခံရတဲ့ညီအရင်း ဌေးနိုင်လို ရဲဘော်တွေ

နှစ် ၂၀ ကျော် တောတွင်းတိုက်ပွဲတွေမှာ
အသက်ပေးသွားတဲ့ တော်လှန်ရေးက သူငယ်ချင်းများ၊ သင်တန်းဆင်းဖက်များ

အို နောက်ဆုံးဗျာ အိမ်ကမိန်းမနဲ့ ကလေးတွေကိုပါ စိတ်မဝင်စားတော့ဘူး

ညနေ ၅ နာရီ ကျော်တာနဲ့ ဘီယာဘူး စဖွင့် အင်တာနက်တက်ပြီး
သီးသန့် ကမ္တာ တခုတည်ဆောက်လိုက်တယ် ။

ဇရက်မင်းစည်းစိမ်နဲ့  တဗူးပြီးတဗူး
ည ၁၀ နာရီကျော် အထိ ၁၀ ဘူးသောက်ပစ်လိုက်တယ် ။

နောက်တနေ့  မနက် ခေါင်းထဲမှာ အုံနေပြီး လဒလက်သစ်ပုံစံနဲ့ 
အလုပ်ကို ညာလုပ်ပါတယ် ။ နေ့ လည်စာစားပြီး ၂ နာရီကျော်မှ
ညက အမူးပြေပါတယ် ။ ညနေ ၅ နာရီ ရောက်ပြန်ပြီ သောက်ပြန်နဲ့ 

တရက်ပြီးတရက် တလပြီးတလ တနှစ်ပြီးတနှစ်
သားနဲ့ သမီးက တဖြေးဖြေးကြီးလာပြီ ။
ပတ်ဝန်းကျင်က ကလေးတွေလည်း အရွယ်ရောက်ကုန်ပြီ ။သတိမထားမိဘူး

အသုံးမကျတဲ့အရက်သမား အဖေနဲ့ 
စာတလုံးမှမတတ်တဲ့ အမေကြောင့်
သူတို့ ဘဝ တက်လမ်း သူတို့ ရှာကုန်ပြီ ။
ကျောင်းပြောင်းစာမေးပွဲဖြေရမယ်တဲ့ ။

အဖေက တက္ကသိုလ်တက်လာတာဆိုတော့
၁၁နှစ်သားအတန်းက သချာ်ရှင်းပြပါတဲ့
နေရာတကာ ဆရာကြီးစိတ် ကို အရက်ကတွန်းပို့ တော့
ကျွန်တော်လည်း အရက်သွေးကြွပြီး ဂုဏ်ယူစွာ
ဆရာကြီး အထာရှင်းတော့တာပါဘဲ ။

ဘာသာစကား မကျွမ်းကျင်တာနဲ့ မဆိုင်ပါဘူး
သချာ်ဗေဒဟာ အခြေခံအားလုံးတူပါတယ်။
ကျွန်တော် အားလုံးကို တစစနဲ့  ++ ဦးနှောက်ထဲမှာ ဘာမှမရှိဘူး
ခေါင်းတွေမူးလာပါတယ် ။ အိုးပုတ်စက်ပေါ်ထိုင်နေသလိုဘဲ

တချိန်တုံးက ထက်မြက်တဲ့ အတွေးအခေါ်တွေ ဘယ်ရောက်သွားလဲ ။
မယုံရင်စမ်းကြည်ပါ ။ သင့်တွေးခေါ်မှု မှန်ကန် မြန်ဆန်နေတုံးလား

http://www.leestrainer.nl/Leerlijn%20Rekenen/groep/7.htm
http://www.leestrainer.nl/Leerlijn%20Rekenen/Verhoudingen/oef7.htm
http://www.leestrainer.nl/Leerlijn%20Rekenen/Verhoudingen/breukenprocenten.htm

ဒေါသကြီးလာပါတယ် ။
ခေါင်းတွေ မခံမရပ်နိုင်အောင်ကိုက်လာပါတယ် ။
မျက်စိက ဝေဝါးလာပါတယ် ။
အရေပြားတွေ ယားပြီး အနာဖြစ်လာပါတယ်
ထုံ ထိုင်းပြီး မကြာခဏ ဖျားပါတယ် ။
နိုင်ငံရေးပြောရင် ဟန်ဆောင်ထားရတယ် ။ စဉ်းစားရင်းလည်နေတယ် ။

ပူးပေါင်းဘို့ မဆိုနဲ့  အဖြေမတူရင် ဆွဲထိုးချင်စိတ်ခြစ်လာတယ် ။
ကျွန်တော်သိလိုက်ပါပြီ ။ ဦးနှောက်ထဲက
မှတ်ဥာဏ်ဆဲလ် နေရာကို အရက်တပ်မတော်က အာဏာသိမ်းလိုက်ပါပြီ ။

စစ်အာဏာရှင်ကျွန်ဘဝ လွတ်မြောက်ရေး တိုက်ပွဲ ဝင်နေတဲ့ ကျွန်တော်
အရက်ကျွန်ဘဝ အောက်ရောက်ခဲ့ပြီ ။
မှာယွင်းတဲ့ အတွေးအခေါ်တွေ ထုတ်ပေးနေတဲ့
အရက်ကျွန်ဘဝ ကနေပြီး စစ်အာဏာရှင်ကျွန်ဘဝ
လွတ်မြောက်ရေး တိုက်ပွဲ ကို ဘယ်လိုတိုက်မလဲ
၁၀နှစ်သား ကလေးဥာဏ် ရည်တောင်မရှိတဲ့
ကျွန်တော် ဘဝကို ဘယ်လိုဖြတ်သန်းမလဲ ။
တော်လှန်ရေးထဲက အခြေခံအကျဆုံး တော်လှန်ရေး

အရက်ကျွန်ဘဝ လွန်မြောက်ရေး

တိုက်ပွဲ စမယ် ။
၂၀၀၈ ဒီဇင်ဘာလ ။
ဘီယာစပြီးလျှော့သောက်တယ် ။ လမ်းများများ လျှောက်တယ်
အချိန်ကိုနောက်ဆုတ်သောက်တယ် ။

၂၀၀၉ မေလကုန် တနေ့ ဘီယာ ၂ ဘူနူံး အထိကျသွားပြီ ။

ကျန်းမာရေးဌါန ကို တရားဝင်အကြောင်းကြား အကူအညီစတောင်းတယ်။

၂၀၀၉ ဇွန်လ ၁၄ ရက်နေ့ မှာ လှောင်ထားတဲ့ နောက်ဆုံးဘီယာ ၄ ဘူးသောက်လိုက်တယ် ။
၁၅ ရက်နေ့  ကစပြီး တရားဝင် တိုက်ပွဲစပြီ ။

အလူးအလဲပါဘဲ ။
သားရေ တမျှားမျှား ကျလာပါတယ် ။
ရေနွေး တည် အချိုခြေက် အကြမ်းခြောက် ထဲ့ပြီး
တောင်းတတဲ့ လျှာကို တော်လှန်ပါပြီ ။
ရေနွေးနဲ့ ပက်ပြီး အပြစ်ပေးလိုက်တယ် ။

တုန်ယင်လာတဲ့ လက်တွေခြေတွေကို မအိပ်ချင်မချင်း
ည ၁၂ နာရီ ကျော် တခါတလေ မိုးလင်းထိ လမ်းလျှောက်တယ် ။
ဆရာဝန်က ဗီတာမင် ဘီ ဝမ်း ဆေး ပေးပါတယ် ။
ဝမ်းလဲ ရပ်လို့ ဝမ်းနှတ်ဆေးကူရပါတယ် ။
၃ လ လောက်က အရူးတယောက်လိုခံစားမိပါတယ် ။
၆ လ ကျော်မှ တည်ငြိမ်စပြုလာပါတယ် ။

ဆရာဝန်က ကာမဆက်ဆံရေး အခြေအနေနဲ့ စပြီးစစ်ဆေးပါတယ် ။

ကာမဆက်ဆံရေး အရသာခံစားဘို့ သုံးစွဲခဲ့တဲ့ အရက်ဟာ
ကျွန်တော့်ကို ခွေးတကောင် ကာမဆက်ဆံရေးကို ပို့ ပေးပြီး
စာကလေးလို ကလစ်ကလစ်ဆို ပြီးစေခဲ့ပါတယ် ။

ဖီရာဂဒါဆေး သုံးသူများ အသက်ကြီးရင် နှလုံးကို ပင်ပန်းစေလို့ 
တချို့ အဖိုးကြီးတွေ ကောင်မလေးတွေဗိုက်ပေါ်မှာ အသက်ဆုံးတာကြားဘူးပါတယ် ။

တန်ဆေး လွန်ဘေး တဲ့ ။
ဆုံးမတဲ့မိဘနဲ့ ဝေးရတဲ့ လူငယ် အထူးသတိထားကြပါ ။
မယုံမရှိနဲ့ ကိုယ်တွေ့ ရေးပြတာပါ ။
အရက်ဖြတ်တာ ၈ လကျော်တော့ ဦးနှောက်ကိုစသုံးရပါပြီ ။
ပတ်ဝန်းကျင်ဟောင်းမှာ ကျွန်တော် လူသစ် စိတ်သစ် ဖြစ်ပြီ ။

ကျွန်တော် ပထမတော်လှန်ရေး အောင်မြင်ခဲ့ပါပြီ ။

ဒုတိယတော်လှန်ရေး အတွက် ပြင်ဆင်ရပါမယ် ။

အဆင့်တွေခွဲရမယ် ။ တာဝန်တွေမျှရတော့မယ် ။

စိတ်တူကိုယ်တူ တူညီသူတွေစုစည်းရမယ် ။

တော်လှန်ရေးမှာ ပုတ်ပွပျက်စီးတဲ့ နေရာက လူတွေ

အဖွဲ့ တွေ ရှာရမယ် ။ ပြင်ဆင်ရန်သတိပေးမယ် ။

နိုင်ငံရေး အရှုံးအမြတ် ကို သချာ်လိုတွက်ပြီး ရှာရမယ်။

ခေါင်းဆောင်လုပ်တာ အာလုံးကောင်းပါသည်ခင်ဗျား
ဆိုသူတွေကို သီးသန့် စုပေးရမယ် ။

နောက်လိုက်ကောင်းတွေကို စဉ်းစားနိုင်တဲ့ ဦးခေါင်းတပ်ပေးရမယ် ။

နဲနဲသိသူကို များများသိသူ ရှင်းပြရမယ် ကိုယ်ပိုင်ဆုံးဖြတ်အောင်ကူညီရမယ်။

+ နယ်သာလန်ကဖိတ်လို့ ဆရာကြီး မြန်မာအဖွဲ့ အစည်းတွေ ခဏခဏလာပါသည်။

ကျွန်တော်တို့ ကို မင်းတို့ ဘာသိလို့ လဲ ငါတို့ နိုင်ငံရေးလုပ်နေတာတဲ့

ခဏခဏအပြောခံရတဲ့ကျွန်တော်တို့ ကြိုးစားနေတာရပ်သွားပါတယ် ။
တခြား လူငယ် အုပ်စုတွေ ကြုံဘူးမှာပါ

ပြည်သူ အားလုံးပါဝင်နေတဲ့ တော်လှန်ရေးကို
ထိပ်ရောက်အောင် အတင်းနေရာလု တက်ပြီး
ကန်ထရိုက် တော်လှန်ရေးအသွင် ပြောင်းတာပါ ။
အီးမေးဖြန့် တော့ ရန်သူ့ အားပေးမလုပ်ပါနဲ့ တဲ့
မောင်နေဝင်း မဆလ ကျောင်းထွက်ပီသပါတယ် ။

အနှစ် ၂၀ ကျော်ခဲ့ပြီဗျ ။
၁၉၈၈ က ၈ တန်းကျောင်းစိမ်းယတ် ကျောင်းသားလေးတွေ
အခု ဘွဲ့ ရပြီး တချို့ ဒေါက်တာဖြစ်ကုန်ပြီ ။
ဥရောပမှာဆို ဘာသာစကား ကျောင်းနဲ့ 
အသက် မွေးအတတ်ပညာကျောင်းဆင်းကုန်ပြီ ။
၈၈ နှတ်ချီးလူးတဲ့ အရွယ်က ပုခုံးပြောင်းတာဝန်ယူနေပြီ ။

နောက်က တက်လာတဲံ လူငယ်တွေ အုပ်စုလိုက်ဘဲ
တော်လှန်ရေး ကန်ထရိုက်တွေ လမ်းပေါ်ပိတ်နေရင် ရှောင်ပေးပါ

နာမည်ယူလွန်းတော့ ဘယ်လူငယ်မှတွဲ ပြီးမလုပ်ခြင်တော့ဘူး
တော်လှန်ရေးအဖြစ်မှန် ရှင်းတန်းကို စစ်တန်းတွေနဲ့ ထုတ်ပြီးရင်
တော်လှန်ရေး ခရီးစဉ်ကို ဖြူးဖြောင့်နေတဲ့ လမ်းတိုတိုနဲ့ သွားမှာပါ ။

လူခြင်းအတူတူ မနှိမ်ပါနဲ့ ။ အတွေးသစ် အမြင်သစ်တွေနဲ့ ဖလှယ်ကြမယ် ။

တောထဲက လူသတ်မှုတွေ ပပျောက်အောင် ဖိနှိပ်ရာက မြို့ ပေါ်မှာ
တော်လှန်ရေးအဓွန့် ရှည်ပါစေ တွေများလာပြီ ။

အားလုံး ပြန်လည်ဖွဲ့ စည်းရမယ် ။
မတရားဘူးထင်ရင် စာတင်ထားပါ ။ ကူနိုင်သူကဝင်ကူလိမ့်မယ် ။
တော်လှန်ရေးဖေါက်ပြန်ရေးသူတွေကို ရှင်းရပါမည် ။

ဒီတခါ ရန်သူက အုပ်နဲ့ အသင်းနဲ့ ပါ ။
တော်လှန်ရေးဖေါက်ပြန်သူတွေ မရှိတော့တဲ့နေ့ ဟာ
အာဏာရှင် စစ်အုပ်စုကို တုန်လှုပ်ချေက်ခြားပြီး
အမြန်ဆုံး အောင်ပွဲခံမည့် နေ့ သစ် လမ်းသစ် စတင်နိုင်မှာပါ ။
အဆင်သင့်ဖြစ်ပြီ လားသူငယ်ချင်း


ဌေးတင့်
ဌေးနိုင်အကို
၂၈ ဖေဖေါ်ဝါရီ ၂၀၁၀
အရက်သမာထုတရပ်လုံးက ဝိုင်းဆဲကြပါ ။
တပတ်မှာ တရက်သာ သောက်သူကို ချီးကျူးပါသည် ။

No comments:

Post a Comment