ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, April 27, 2010

မိုးသီး ကို မြေမြိုတောမယ်

မိုးသီး လူသတ်မှု သက်သေခံသူ ကျောင်းသားတပ်မတော် မိုးသီးစစ်ရုံးတွင်
တာဝန်ထမ်းဆောင်ခဲ့သူက ကိုဌေးနိုင်ကို စွပ်စွဲသော သူလျှိုမှုနှင့် ဖမ်းဆီးရာတွင် လုပ်ထုဲုံးလုပ်နည်းများကျော်သွားတယ် လို့ ရှင်းပြပါတယ် ။

မျက်မြင် သက်သေ
စစ်ရုံးတာဝန်ရှိနေသူ
တာဝန် ထမ်းဆောင်ခဲ့ဖူးသူ
 ပြန်ပြောပြတာကတော့ ? ? ?

ယူကြုံးမရဖြစ်ခဲ့ရတဲ့
ကိုဌေးနိုင် အမေကတော့ အိပ်ပျော်နေတဲ့ သားကို
တောထဲမှာ အသတ်ခံရဖို့ နိုးမိလိုက်တယ် တဲ့

( အထောက်အထား ဗီဒီယို အခွေကို သက်ဆိုင်သူများက
မိုးသီး ဗဟိုကော်မီဖက်က  တရားဝင် စာထုတ်ပြန်ပြီးမှ
တင်ပြရန်တောင်းဆိုလာပါသဖြင့် ခတ္တဖြုတ်ထားပါသည် ။

ကိုဌေးနိုင်ကို ရန်သူ့ သူလျှို ဟုစွပ်စွဲပြီး
ရိုက်နှက် စစ်ဆေး ဝန်ခံ ကတိပြု ထားသည့် ဗီဒီယို အခွေကို
၂၀၁၂ တွင် ဒုဥက္ကဌ တာဝန်ယူထားသော ကိုကျော်ကိုကိုဝင်း မှ သက်သေအဖြစ်ရှိပါသည်ဟု ပြောလာပါသည် ။

ကိုဌေးနိုင်ကို  ဖမ်းဆီးရန် စီစဉ်အကွက်ချသူများ အုပ်စု
ဗဟိုကော်မီတီ ဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး မိုးသီးအမိန့် နာခံသူများ အုပ်စု
ကိုဌေးနိုင်ကို လက်ရောက် ဖမ်းဆီး နှိပ်စက် ဝန်ခံခိုင်းသည့် အုပ်စု
ကိုဌေးနိုင်ကို လက်ရောက် သတ်ဖြတ်ခဲ့သည့် အုပ်စု
ကိုဌေးနိုင်ကို သတ်ဖြတ်ပြီး တပ်ဖွဲ့ ဝင်များနှင့် ပြည်ပသို့ သတင်းမှားများ ဖြန့် ဝေသည့် အုပ်စု

စသည်ဖြင့် ကိုဌေးနိုင်ကို သတ်ဖြတ်ပြီး နှစ် ၂၀ ကျော် ဝိုင်းဝန်းလိမ်ထားခဲ့ပါသည် ။
အချို့ မှာ တော်လှန်ရေး အကျိုးစီးပွား အတွက် မသိလိုက်ဘဲ ပါဝင်ပူးပေါင်းကူညီခဲ့ရပါသည် ။
အချို့ မှာ သိလျှက်နှင့် မိမိ အတ္တ အကျိုးစီးပွား အတွက် ပါဝင်ခဲ့ရပါသည် ။

မည်သို့ ပင်ဆိုစေကာမူ
 အမှန်တရားကို ရင်ဝယ်ပိုက်ထားသော
ကျောင်းသားတော်မတော် အဖွဲ့ ဝင် အများစု ကျေနပ်နိုင်လောက်သော
သမိုင်းမှန် မှတ်တမ်းတခုကို ဝိုင်းဝန်းဖေါ်ထုတ်သင့်ပါသည် ။



 အတဲ့သူ တွေဆက်ခံကြပေတော့
၁၉၉၃
အိုက်စပ်စပ် ပြင်းပူနေတဲ့ ဘန်ကောက်နေ့ လည်ဟာ
အားလုံးကိုနေအိမ်မှာ(စာရေးဆရာဦးစင်ကြယ်အိမ်)
ရာသီဥတုက အကျယ်ချုပ်ထားပါတယ်။
ပန်ကာကလေပူပူတွေ ဝိုင်းရှုကြတာပေါ့ ။

ခေါင်းဆောင်ကြီး မိုးသီးက စိတ်ကူးရင် အတွေးအခေါ် စပြီးချပြပါတယ် ။

ဒဏ်ရာရ ရဲဘော်တွေကိုတော်လှန်ရေးအတွက် ဆက်အသုံးချနိုင်ရန်
စစ်အဝတ်အစားချုပ်ရန်စက်များလိုအင်ကြောင်း
(အခြားအုပ်စုများက ဒဏ်ရာရ ကျောင်းသားရဲဘော်များကို
ယူအန်ထောက်ပံကြေးယူပြီး တတိယနိုင်ငံတွင် အခြေချရန်
စတင် ထိုးဖေါက် ကြိုးစားသည့်ကာလဖြစ်ပါသည် )
ဖိနပ်များကိုလည်း ချီခွေဗာရာတို့ လိုကိုယ်တိုင်ချုပ်လုပ်ရန်နဲ့ 
ကျည်ဘောက်များနည်းလို့ ကိုယ်ပိုင်ထုတ်လုပ်လျှင်
ပိုကောင်းမည်ဖြစ်ကြောင်း ပြောကြပါသည်။
ကိုမိုးသီးက စက်မှုလုပ်ငန်းတွေ စိတ်ဝင်စားပြီးကျွမ်းကျင်တယ်နော်ဟုပြောရာ

မိုးသီးက အဖေက စစ်တပ်မှာ စက်ပြင်ဆရာ တပ်ကြပ်ကြီးဟောင်းပါ။
ကျွန်တော် ငယ်ငယ်က မန္တလေးနန်းတွင်း ဘီအီးအမ်အီး
တပ်ထဲမှာ ကြီးလာတာပါဟုပြောပါသည်။

ကျွန်တော်သိလိုက်ပါသည် ။
အိတ်ကလေးဆွဲပြီး နေ့ တိုင်းရာရှင်ရုံမှာ တန်းဆီ စောင့်ခဲ့ဘူးတဲ့ဘဝ
အရင်ရအောင် အတင်းတိုးနေရာလုတဲ့ ငယ်ငယ်က မိုးသီးဘဝ
နှစ်ပေါင်းများစွာ လေ့ကျင်လာတော့လဲ အခုထိ တိုးနေတုံးဘဲ
မင်းလောင်းရှာစိတ်ရှိတဲ့ လူတွေကို အထင်ကြီးအောင်ပြေတတ်တဲ့အကျင့်နဲ့ 
ကိုဌေးနိုင် အဖေက ဘီအီးအမ်အီး က နည်းပြအင်ဂျင်နီယာပါ။
နည်းပြချုပ်က ရုပ်ရှင်မင်းသမီးဒေါ်မေသစ်ယောက်ကျား
ဗိုလ်မှုးကိုကိုပါ ။ နောက်တော့လဲ ဥိးတင်ဥိးအုပ်စုနဲ့ အတူ - - -
(၁၉၅၇ မှာ မန္တလေး ဂျီတီအိုင်က ကျောင်းပြီးတာဆိုတော့ )
တနည်းဆိုသော် ကိုဌေးနိုင်အဖေက မိုးသီးအဖေရဲ့  ဆရာပါ ။
မိုးသီးတို့ မိသားစု ရပ်တည်ရေးအတွက် စက်ပြင်ပညာသင်ပေးခဲ့တဲ့
ကျေးဇူးရှင်ဆရာ ထမင်းရှင်ပါ ။

မိုးသီးလည်းသိသွားပါသည်။
တော်လှန်ရေးကိုပူးပေါင်းပြီးဆက်လက်တွဲမည်ဟုပြောပါတယ်။
ကျွန်တော် မိုးသီးကို ဖေဖေ့တပည့်၏ သားတယောက် အဖြစ်ယုံကြည်မိပါတယ်။
ကျွန်တော်တို့ ညီအကို ၂ ယောက် မိုးသီးအပေါ် ရိုးသားခဲ့ပါသည် ။
အားလုံးကလည်း မိုးသီးအပေါ် နှစ် ၂၀ ကျော် ယုံကြည်ခဲ့ကြပါသည် ။
ကိုသန်းဝင်းစာထွက်လာမှ မိုးသီးကစိတ်ထဲမှာ ဌေးနိုင်ကို မနာလိုခဲ့ဘူးဆိုတာပါဘဲ ။


သမိုင်းအမှန်ကို ဖျောက်ပြီး အားလုံးကို ညာခဲ့ပါသည်။
မျက်နှာဖုံးချွတ်ပြီး နာမည်ကြီးအောင် လုပ်ခါ - - - - - -
၈၈ ကို ခုတုံးလုပ်ပြီး - - - - - - - - -
တော်လှန်ရေးကြီးတရပ်လုံးကို - - - - - - - - - - - - -

ဘာဆက်လုပ်ကြမှာလဲ - - - - - - - -

ဟုတ်ပါသည် ဘယ်အဖွဲ့ ရောက်ရောက် အဖွဲ့ တွေ ကွဲတာ

ဒေါင်းယောင်ဆောင်တဲ့ ကျီးစုတ် ကျီးပုတ်ကြောင့် ပါ

ကျေးဇူးရှင်သားကို ရက်ရက် စက်စက် သတ်တဲ့ မိုးသီး

မိုးသီး မင်းကို မြေမြိုတောမယ် ။
မိုးသီးနားက ဝေးဝေးရှောင်ကြ ။


ဌေးတင့်

Htay Naing ကို ဘယ်သူတွေ ဖမ်းပြီး နှိပ်စက်တာလဲ















နောက်ဆုံး ရတဲ့ သတင်းမှန်
၂၀၁၁ ၁၂ ရက်နေ့ ပြည်ထောင်နေ့ က မမျှော်လင့်ဘဲ
Utrecht ကိုသွားရင်း ကိုထွန်းထွန်းဦး နဲ့ တွေ့ ခဲ့ပါတယ် ။
မတွေ့ တာ ၅ နှစ်ကျော်ဆိုတော့ အလာပ သလာပတွေ ပြောဖြစ်ခဲ့ပါတယ် ။
အိမ်ရှင် ကဟင်းပေါင်းစုံ ကို အရသာရှိရှိ ချက်ကျွေးသောကြောင့်
ကိုထွန်းထွန်းဦး ဝိုင် နှင့် အမြည်းကို တဝ သောက်ခဲ့ပါသည် ။
မင်းတို့ ထက် ငါပိုသိတယ် ။ ငါက မျက်စိရှေ မှာ မြင်နေ၇တာတဲ့
အရက်မူးကျွဲခိုးပေါ် ဆိုသည့် စကားအတိုင်း
အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့  ကျောင်းသားတပ်ဖွဲ့ ဟောင်းတဦးမှ
နှစ်ပေါင်းများစွာ မြိုသိပ်ခဲ့ရတဲ့  ဖြစ်ရပ်မှန်ကို ပြောပြခဲ့ပါတယ် ။
၁၉၉၃ ခုနှစ်က လူသတ်မှု ၂ ခုပေါ်လာပါသည် ။
ကိုထွန်းထွန်းဦး ပြောပြသည်မှာ
ရန်သူ့ လူ တယောက်မိသည်ဟု သတင်းကြားပြီး
သွားကြည့်ရာ ကိုဌေးနိုင်ကို အံ့သြစွာစွာ ဖြင့် မြင်လိုက်ပါသည်။
ကျွန်တော် လေးစားသော ကျောင်းသားတပ်မတော် ဦးစီးချုပ် ။
ဗဟိုမှ လက်မှတ်ထိုး ဖမ်းမိန့် ပေးထားသည့် စာမှာ သိမ်းခဲ့သော်လည်း
ပျောက်ဆုံးခဲ့ပါသည် ။
ဆီဝေရင် ကျွန်တော့ကို ချာတိတ်ဟခေါ်ကာ ပိုပေးတတ်ပါသည်ု
ကျွန်တော်က ဂျီတီအိုင်က ကျောင်းသားပါ ။
ကျွန်တောက အဲဒီတုံးက လူငယ်တယောက်ပါ ။
ကိုဌေးနိုင်ကို အထက်အရာရှိ အဖြစ်လေးစားပြီး
အကိုတယောက်ကဲ့သို့  သံယောဇဉ် ရှိပါတယ် ။
ကိုဌေးနိုင်ကို ဖမ်းထားစဉ် အကို ဖြစ်သူ ဘန်ကောက်မှာ ရှိသည်ဟု
အကြောင်းကြားလာပါသည် ။
လှဝင်း ဆိုသော ချာတိတ်ဖြစ်ပါသည် ။
မမြင်ဖူးတော့ မယုံပါဖူး။
အခု ခင်ဗျားနဲ့  မနီလွိုင်မှာတွေ့ မှ မြင်ဖူးတာကိုး ။
မိုးသီးက လက်နက်တွေကို ပဲခူးရိုးမထဲရှိ ကွန်မြူနစ်တို့ ထံပို့ ခိုင်းပါသည် ။
ကျွန်တော် ကိုယ်တိုင် ရဲဘော်အချို့ ကို ခေါ်ပြီး
သေနပ် အလက် ၂၅ လက်ပစ်ဗုံးများ
မယ်နယ်ပလော မှ လှေဆိပ်သို့  ထမ်းချပေးခဲ့ရပါတယ် ။
ကေအန်ယူမှ သိရှိသွားပြီး
ကျွန်တော်တို့ အားလုံး အဖမ်းခံရပါသည် ။
ဒေါက်တာနိုင်အောင်မှ သတင်းရပြီး
နိုင်ငံခြားသား သတင်းထောက်များ ခေါ်လာပြီး ကေအန်ယူလက်ထဲမှ ထုတ်ပါသည် ။
ဗိုလ်ချုပ်မြ မှ မင်းတို့  ကရင်နယ်မြေမှ ထွက်ရန် အမိန့် ပေးလာပါသည် ။
ကျွန်တော်တို့  ကျောင်းသားဗဟို အဖွဲ့  မယ်နယ်ပလောမှ ထွက်ခွာရန် ပြင်ဆင်ပါသည် ။
ကျွန်တော်တို့  စက်လှေကို ပြင်ဆင်ပြီး တော့
အချုပ်ခန်းထဲမှ
ဒီကောင်ကြီးကို ဘယ်လို လုပ်ကြမလဲဟုတိုင်ပင်ကြပါသည်။
နိုင်အောင်လဲ ရှိတယိ ။ လွမ်းဏီ ဘစောထွန်း တို့ လည်းရှိနေပါသည် ။
ကျွန်တော်က ပစ္စတို ၂ လက် ခါးကြားမှာ ဆိုတော့ အကောင်ပေါ့
ကျွန်တော့ ကို အမိန့် ပေးလို့ မရပါဖူး
ကရင်နီကို တပ်ပြောင်းရာမှ
ဒီ ၂ ကောင်က အခက်အခဲဖြစ်နေလို့ 
ထားခဲ့ ရန် အားလုံးက သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည် ။
ကျွန်တော်တို့ က ပညာတတ်ကျောင်းသားတွေပါ
ကိုယ်တိုင် သတ်ရန်မလိုပါဖူး
ကိုဌေးနိုင်ကို ဆေးထိုးလိုက်ပါတယ် ။
ဒီလောက်ကြီးတဲ့  ခန္တကိုယ်ကြီး ၅ မိနစ်မခံပါဖူး
ကောင်းလိုက်တဲ့ ဆေးပါ ။
ကျန်တယောက်ကိုတော့
ပစ္စတိုနဲ့  ခေါင်းကို ကျွန်တော်တို့ ထဲမှ တယောက်က
သေနပ်စမ်းလိုက်ပါတယ် ။ တချက်တည်းပါဘဲ .
မှတ်မှတိရရ သူ့ နာမည်က လှဝင်းတဲ့ 
ကျွန်တော်တို့ လည်း အဖမ်းခံ ထားရပြီး လွတ်လာခါစဆိုတော့
ညစ်နေတာပေါ့ဗျာ
ဆောရီးဘဲ ကိုဌေးတင့်
ကျွန်တော် အမှန်တကယ် စိတ်မကောင်းပါဖူး
မှတ်မှတ် ရရ ၁၉၉၃ မတ်လ ၂၂ နဲ့ ၂၇ ကြားပါ သတ်ပြီးချိန်မှာ ကရင်က လာမေးတော့
သယ်သွားမယ်ဟု ပြောပြီး လှေထဲမှာ စောင် အုပ်ပြီး
အဲဒါ ဌေးနိုင်ဟု လက်ညိုးထိုးပြခဲ့ပါသည်။
ဌေးနိုင်နဲ့  လှဝင်းအလောင်းကို ပုဆိုးစုတ်ကလေး အုပ်ပြီး
ချုံပုတ်ဘေးမှာ ပစ်ထားခဲ့ပါသည် ။
ရဲဘော်တယောက်မှ လှေထွက်ခါနီး အလောင်းထားခဲ့တယ်လို့ 
ကရင်တပ်ကို ပြောခဲ့ပါတယ် ။
မတတ်နိုင်ဖူးဗျာ တာဝန်ကြေအောင် လုပ်ပေးရတာဘဲ ။
နိုင်အောင်က မိုးသီးလောက် နိုင်ငံရေး မကောင်းဖူး
သူတို့  ၂ ယောက်က အတူတူပါဘဲလေ ။

( ရဲဘောရဲဖက်များ ကို ကျွန်တော ရသည့် သတင်းကို ပေးပို့ ပါသည်။
အမှန်တရား တခုကို ပူးပေါင်းပိတ်ဆို့ လို့ မ၇နိုင်ပါ ။
ကျွန်တော့် ဆီမှာ အသံသွင်းဖိုင်ရှိသော်လည်း
အချိန်မကြသေးလို့ မဖြန့် တော့ပါ ။
ကိုဌေးနိုင် သေဆုံးချိန်မှာ အတူတူရှိသော
့လူခြောက်ယောက် ယောက်စာရင်း
ထွက်လာပါသည် ။
ကိုဌေးနိုင်ကို သတ်မိန့် ပေးတဲ့ အဖွဲ့ ကတော့
မိုးသီး ဒေါက်တာနိုင်အောင် ဘစောထွန်း လွမ်းဏီ ဇော်ရဲ
(အောက်မှာညင်းထားပါတယ် လုပ်ကြံတာပါတဲ့) ထွန်းထွန်းဦး ဖြစ်ပါသည်။
ကိုဌေးနိုင်ကို ဖမ်းရန် အမိန့် ထုတ်ခဲ့ လက်မှတ်ထိုးသူမှာ မိုးသီး ဖြစ်ပါသည် )
ကနေဒါမှ ကျောင်းသား ရဲဘော် ရဲဘက်များက ကိုဌေးနိုင်နှင့် ပါတ်သက်
တခုခုလုပ်နိုင်ရန် တိုင်ပင်နေသည်ဟု ကို နိုင်ဦးမှ ပြောလာပါသဖြင်
သိရှိစေရန် တင်ပြပါသည်။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့  လူငယ်တိုင်းကို
တာဝန်ပေးဖို့ စဉ်းစားရန်လိုသည်ကို
ညီတယောက် ပေးသည့် သမိုင်းမှန်ဖြင့် ထောက်ခံလိုက်ပါသည် ။

ဌေးတင့်

ဖုံးရင်း ဖိရင်း ပေါ်လာတယ် ။
(ဒီပုံမှာ ရပ်နေသူ...မောင်မောင်ထွေး၊ ကျနော်ရန်နိုင်(ခ) သုအိုင်စံ၊ ကိုပြုံး၊ ဟန်ဝင်းအောင်....ထိုင်နေသူ...ကိုဇော်ဝင်းလွင်၊ အောင်ဝင်းတင်၊ စုတ်ချွန်း၊)။.....ဒါကိုမိုးသီးဗဟို အခြေစိုက်တဲ့ သေ့လောထ ဆက်သွယ်ရေးကုန်းပါ။ ဒီကုန်းမှာ နေခဲ့ရတဲ့ နောက်ဆုံးညတွေကို ဘယ်တော့မှ မမေ့ပါဘူး...ဒီကုန်းရဲ့ အနောက်ဖက်အမြင့်ဆုံးနေရာကနေ ညနေပိုင်းတွေ ညပိုင်းတွေမှာ ကိုနိုင်အောင် ဦးဆောင်တဲ့ ၂၁၄ တပ်ရင်းက ရဲဘော်တွေက သေနတ်တွေ လာလာခြောက်ပစ်ပါတယ်။ အဲဒီကာလဟာ ဗိုလ်ချုပ်မြက ကိုမိုးသီးတပ်တွေအားလုံးကို ကရင်နယ်မြေကနေမောင်းထုတ်နေချိန်ဖြစ်တယ်...ကျနော်တို့အားလုံး ကိုအောင်သူငြိမ်းရဲ့ကျေးဇူးကြောင့် မသေပဲ အားလုံးထွက်လာနိုင်ခဲ့တာပါ။ ကျနော်ကတော့ နေ့လည်ဆို စက်ကိုင်တယ်....မွေးထားတဲ့ကြက်တွေကို နေ့တိုင်းရိုက်ချက်စားတယ်...ကျနော်တို့ ရဲဘော်တွေ (ကလလတ)ဖက်ကို တဖြေးဖြေး စတင်ပြောင်းရွှေ့နေပြီကိုး...ညမှာ ကျနော့် m16 ကို ကျည်အပြည့် ကိုယ်မှာပတ်၊ ကျည်ထိုး၊ ကိုယ့်ကိုယ့်ကိုယ်သေလူအဖြစ်သတ်မှတ်ပြီး ကြက်အိပ်ကြက်နိုးအိပ်ရတယ်...ပြသနာအခြေနေအားလုံးစုံကို ကျနော်တို့ စက်သမားတွေ သိထားတယ်..မယုံမရှိပါနဲ့ အဲဒီကာလမှာ အဆင်မသင့်ရင် ကျောင်းသားအချင်းချင်းပြန်ပစ်ရမဲ့ အခြေအနေတွေ တကယ်ရှိနေခဲ့ပါတယ်...ဒါပေမဲ့ ဘာမှ မဖြစ်ခဲ့ကြပါဘူး...တညမှာ ည ၁၂နာရီလောက်ကြီး ကိုမိုးသီး ဘောင်းဘီတို အင်္ကျီချွတ်ကြီးနဲ့ ကြောက်ဒူးတုန်ပြီး ဒီကုန်းပေါ်ပြေးတက်လာတယ်...ကျနော်က "ဘာဖြစ်တာလဲ ဥက္ကဌ" လို့ ခပ်သုတ်သုတ်မေးတော့ လာဝိုင်းတယ် လာဝိုင်းတယ် လို့ ဖြေတယ်...ဟုတ်တယ် သံလွင်ကမ်းစပ်မှာ သူတို့ကောင်တွေ မီးပြပြနဲ့ ခြေရှုပ်နေတယ်...နောက် ရက်မကြာခင်မှာပဲ ကိုမိုးသီးအပြီးပဲ ခရီးထွက်သွားတယ်...အဲဒီကုန်းမှာ ဒုတိယနောက်ဆုံးည အထိကျနော် ရှိနေခဲ့တယ်..နောက်နေ့မှာ ကိုဝင်းနိုင်ဦးနဲ့ကျနော် သော်လဲထကနေ မဲစရင်းကို ထွက်ခဲ့တယ်...ဒီကုန်းရဲ့ ဘယ်အောက်ဖက် စမ်းချောင်းဘေးမှာ ကိုဌေးနိုင်ကိုထားတဲ့နေရာရှိတယ် (အရင်ကတော့ သံလွင် ဟိုဖက်ကမ်းမှာထားတယ်...ပြသနာတွေအကြီးအကျယ်တက်လာတော့ သူ့ကို ဒီဖက်ကမ်းကို ပြန်ခေါ်ထားတယ်)။ ကျနော်တို့အားလုံး ပြောင်းရွှေ့လာကြတော့ ကိုဌေးနိုင် ပါမလာတော့ပါဘူး...ဘယ်လိုပုံစံနဲ့ကျန်ခဲ့လဲဆိုတာ ကျနော်တို့ အများစု မသိသလို၊ လူအများလည်းစိတ်ဝင်စားနေတဲ့ကိစ္စတစ်ခု ဖြစ်နေတယ်။ ဗဟိုဆက်သွယ်ရေးမှာ တာဝန်ယူရတဲ့ ရဲဘော်တွေဟာ လဝတွေ ကိုင်ထားရလေ့ရှိတယ်...ကျနော်တခါတခါ စဉ်းစားမိတယ်..အဲဒါဟာ ဘယ်လောက်ကာလအထိ အကျုံးဝင်သလဲဆိုတာကို.......(တချိန်ချိန်ကျရင် အဲဒီကာလက အသက်အခြေအနေ ခြိမ်းခြောက်ခံနေတဲ့ပြသနာတွေအကြောင်း ပြည့်ပြည့်စုံစုံရေးဦးမယ်ဗျာ)။


· · · January 27 at 9:11pm

    • Min Min Aung သတိတော့ထား...လဝရှိနေသေးရင် တိတ်တိတ်နေ..ဖြိုမဲ့သူပေါ်လာအုံးမယ်..ဒါသမိုင်းဝင်တွေ..တနေ့ကျ ချပြရမှာ
      January 27 at 11:56pm · · 1
    • Zaw Ye ကံကောင်း လို တစ်အုပ်စု လုံးမျိုးပြူတ်တော မလို မှတ်မိလာ ရန်နိုင် KNU က ကျော်ပိ တို့  ဗိုလ် ရော်ဂျာ၊ ဗိုလိခေးနီ တို နဲ့ ပေါင်းပြီး ကျောင်းသား အချင်းချင်း ပြန်တိုက် ခြင်းတဲ့လူတွေ လေ ငါတို့ ဗဟို ကို လာဝိုင်း တုံး က ၁၉၉၄ မတ် လ ထဲ မှာ မင်းတို့ ဆက်သွယ်ရေး အဖွဲ့ ကို ငါလက်နက်ထုတ်ပေးထားပြီး နေရာယူထားကြတာ ဗိုလ်ခေးနီ ပြောတာ မှတ်မီလာ မင်းတို မီုးသီး အုပ်စု အတွက် ညာဥထီး မရှိတော့ဖူး ဒါဘဲရှိတယ်( လက်ညိုးကိုကွေးပြတာ) ငါ ကဗိုလိခေးနီး ကို ပြန်ပြောလိုက်တယ် ဒါ့ ကျူပ်တို့ ရဲ့ ကျောင်းသား ဗဟို ကျူပ်တို လာတိုက်ရင် ဘယ်သူ မဆိုပြန်တိုက် မှာဘဲ လို ကိုဘစော ကအနား မှာ ရပ်နေတယ် ပြီးတော့တားတယ် မကြာတော့ပါဖူး ရန်နိုင် ရေ အဲဒီ ဟာတွေ အမှန် ဖြစ်လာရမှာပေါ့ ကရင် ရူးတိုက် လို ကျောင်းသား ချင် ပြန်တိုက်ကြ ရရင် အဲဒီ တုံး က ငါတို့ ဗဟိုက လူကြီးတွေ ဦးဆောင်မူ့  မှားခဲ့ ရင် မြောက်ပိုင်း ကိစ္စ ထက်ဆိုးသွားနိုင်တယ် မှတ်တမ်းလုပ်ထားပါ တစ်နေ့ ကြရင် သမိုင်းတွေဖြစ်လာတော့မှာ
      January 28 at 1:18am · · 1
    • A'karikz Yannaing ကကြီး မိုက်ရိုင်းတာကို တသက်မမေ့ပါဘူး...ကကြီးကြပ်ပေးလို့ ကိုယ့်ကျောင်းသားချင်း လာရန်စောင်တဲ့ ဦးနှောက်မရှိတဲ့ကောင်တွေကိုလည်းမမေ့ပါဘူး...
      January 28 at 1:38am · · 2
    • Kyaw Nyi Nyi ကကြီး မိုက်ရိုင်းတာကို တသက်မမေ့ပါဘူး...
      January 29 at 6:18am · · 1
    • Aung Htun ဌေးနိုင် သေဆုံးရခြင်း နဲ့  ပါတ်သက်ပြီး အကိုအရင်းဖြစ် သူက သေဆုံး သွားရတဲ့ နေ့ ရက် အတိအကျ နှင့်  သေဆုံးရပုံ ကိုသိဖို့  တောင်းဆိုနေတာ တရားမျှတပါတယ်။ အတိအကျ သိရှိထားသော လူများက မိမိတို့ ၏ AB မိသားစု သဖွယ် သဘောထား ကူညီပြောကြား ပေးစေချင်ပါတယ်။ဒါမှလဲ ကျန်ရစ်သူ မိသားစုများ အနေနဲ့  ရက်လည် သပိတ်သွတ် လုပ်ငန်းများ ကို စိတ်ရှင်းရှင်း သန့် သန့်  နှင့် လုပ်ဆောင်သွား နိုင်မှာဖြစ်ပါတယ်။ MTZ ကို ကျနော် မေးကြည့်တဲ့  အခါ သူကိုယ်တိုင် အတိအကျ မသိရှိရကြာင်း ပြောပါ တယ်။ အပေါ်က ပိုစ့်ကို ဖတ်လိုက်ရတော့  အသက်မသေပဲ ကျန်ရစ်ခဲ့ တဲ့ သူေ တွတောင် ကံကောင်းထောက်မစွာ လွတ်မြောက်လာတာ တွေရပါတယ်။ အဲဒိအချိန်ကာလ အကျဉ်းချခံထားရသူ လူတစ်ယောက် သေဆုံးသွားရတဲ့  ကိစ္စကို အရေးတယူ လုပ်ဆောင်နိုင်ဖို့  အလွန်တရာခက်ခဲးကြောင်း သုံးသတ်မိပါ သည်။ မည်သို့ ပင်ဖြစ်စေကာမူ ကျနော် အထက်မှ ဆိုခဲ့ သည့်အတိုင်း ၀ိုင်းဝန်းကူညီပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။
      January 29 at 1:16pm · · 5
    • Soe Lwin ကိုအောင်ထွန်း...ဌေးနိင်ကိစ္စနဲ့ပတ်သက်ပြီး ကိုဌေးတင့်ကို အာလုံးပြောပြီပါပြီး...MTZတိတိကျကျမသိတာအမှန်ဘဲ..ဘကြောင့်ဆို HNကိုဖမ်းပြီးတဲ့နောက် သူ BKK ကိုပြန်တက်သွားပြီးကထဲက တောထဲကိုပြန်မလာတော့ဘူး...
      February 2 at 5:30am ·
    • Moe Zaw Aung MTZတိတိကျကျမသိတာဘဲ ဘာဖြစ်လို့ တောင်ပိုင်းအေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မတီအစည်းအဝေးမှာ ကိုဌေးနိုင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ လံကြူပ်လုပ်ပြီး တင်ပြရတာလဲ!!!
      February 2 at 12:26pm ·
    • Soe Lwin ဒါတော့ ကျနော်လဲမသိတော့ပါ...
      February 2 at 12:35pm · · 1
    • Zaw Ye (မိုးသီး တပည့်)ကိုမိုးသီး က ဗဟို ရဲ့ ဥက္ကဌ လေ သူမရှိပေ မဲ့ ဗဟို မှာဘာဖြစ်ခဲ့လဲ ဆို တာ သူရှိ ကို အစီရင်ခံ သတင်းပို့  ရတယ် သူမရှိပင်ပဲ့ သူအကုန်သိတယ် ခင်ဗျာပြောပြောနေ တဲ့ လုပ်ကြံတင်ပြ တင်ပြောပြောနေရအောင် ခင်ဗျာ က ဘယ်လောက် သိလိုလဲ  ဌေးနိုင် သတ်သေတဲ့ အခါ   
      ကျနော် တို့  အပေါ်မှာ ကွန့်မန့် ပေးသွား တဲ့ ကိုစိုးလွင် ပါရှိတယ် ဌေးနိုင် ကို ကျနော် တို့    ကောင်းကောင်း မွန်မွန် မြေမြုတ် ပေးခဲ့တယ် ဆိုတာ ခင်ဗျာနာလည်းပါ ကိုယ့် မသိတဲ့ ကိစ္စ တွေ ခင်ဗျာ လိုက်လိုက် မဖွပါနဲ့
      February 2 at 3:07pm ·
    • Moe Zaw Aung မိုးသီးရဲ့သဘောတူချက်မရဘဲ ကိုဌေးနိုင်ကိုဖမ်းလို့မရသလို ကိုဌေးနိုင်ဟာလဲသူဘာသာ နေရင်းထိုင်ရင်း အချုပ်ခန်းထဲမှာ သတ်တော့ သေမှာမဟုတ်ဘူး။ တနေရာမှာ ကွန့်မန်တခုသဘောကျလို့ဒီမှာ ပြန်ဖော်ပြပါစေ.... "မိုးသီးနောက်မှာရှိခဲ့ဘူးတဲ့ အမာခံတွေက ပုဂ္ဂိုလ်ရေးကိုးကွယ်မူ့ထက် အမှန်တရားကိုပိုချစ်မြတ်နိုးတာတွေ့ရတယ်"။ကိုဌေးတင့်မှာ ကိုဌေးနိုင်မတရား အသတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး videoနဲ့audio files တွေရှိပါတယ်။တချိန်ကြရင် သူအားလုံးကို ရှဲလုပ်နိုင်မယ်လို့ထင်ပါတယ်။ဖွတာကို လုံးဝ ဝါသနာမပါသလို အခုလို ရှင်းပြရတာတောင်းမော်လှပြီး
      February 2 at 3:54pm ·
    • Zaw Ye တင်လိုက်လေ အဲဒီ ဗွီဒီဖိုင် ကို ရီရတာပေါ့ ဗျာ
      February 2 at 4:05pm ·
    • Moe Zaw Aung ကိုဌေးနိုင်ကို ကောင်းကောင်းမွန်မွန် မြေမြုတ် ပေးခဲ့တယ်အတွက် ကျေးဇူးတင်ပါတယ်
      ။နောက်ဆုံး.....ကိုဌေးနိုင်မသေခင် သူဘာများပြောသွားခဲ့ သေးလဲဗျ။ကိုဌေးနိုင်ကို ဘယ်လို ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ် ဆိုတာလေးများသိခွင့်ရှိရင်သိပါရစေ ကိုZaw Ye ရယ်။
      February 2 at 4:59pm ·
    • Zaw Ye အမှန်တရား နဲ့နှီးစပ်ချင် ရင်လိုက်မဖွ နဲ့ပေါ့ ဖွနေရင်တော့ ဝေးနေအုံးမှာဘဲ ခင်ဗျာပြောတဲ့ အသံဖိုင် ပိုင်ရှင် ထွနိးထွန်ူဦး ပြောတာအကုန် လုပ်ဇတ်တွေဘဲ
       
      (ထိုစဉ်က KNU မှာတာဝန်ခဲ့သည့် ထောက်လှမ်းရေးမှ မိုးသီးကို ကွန်မြူနစ်ယူဂျီ အဖြစ် သတ်မှတ်ပြီး ဗိုလ်ချုပ်မြ  က ၃ ရက်ဖမ်းဆီး ထားခဲ့ပါသည် ။ နိုင်အောင်တို့ လာထုတ်မှ လွတ်သွားသည်ဟု အတည်ပြု ပြောပါသည် )
       
      February 2 at 5:06pm ·
    • Moe Zaw Aung ဟုတ်ကဲ့....အခုလိုသိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ထင်တော့ထင်မိ့သားပဲ အဲဒီပုဂ္ဂိုလ်ပြောနေတာ တခုခုလွဲနေသလိုဘဲလို့။ ကိုZaw Ye တခုခု ဖြည့်စွက်ချင်ရင်ကျနော့် Message boxက always welcome ပါ။
       
      February 2 at 5:16pm ·
    • Zaw Ye ကျတော် တို ရှိက အရင်တုံး က အဲဒီ ကိစ္စ မှာ တာဝန်ရှိတဲ့ သူတွေ မကြာခင်မှာ တရားဝင် ထုတ်ပြန်ပါ လိမ့်မယ် အခု လို အွန်လိုင်းပေါ်မှာ လျှောက်ပြောနေကြ တာ ကလဲ တကယ့် အမှန် တရားမှ မဟုတ်တာ ကျနော် လဲသိပ်မပြောချင်ဖူးအခုတောင် မှ မတတ်တာ လိုပြောနေ ရတာ ကျနော်တို လို တကယ် ဖြစ်စဉ် မှာရှိခဲ့တဲ့ ရဲဘော်တွေ ရှိပါတယ် သူတို ပြောဆိုချက်တွေ ကိုမှ မယုံဖူး ဆိုလဲ ကျတော် တိုလဲ မပြောတတ်တော့ဖူး အမှန်တရား နဲ့ဝေးဖို့ ကကြိမ်းသေဘဲ
      February 2 at 5:31pm · · 1
    • Moe Zaw Aung ဟုတ်ကဲ့......အခုလို အမှန်တရားကိုပိုချစ်မြတ်နိုတဲ့ ကို Zaw Ye လိုလူမျိုးဆီက ကြားရတာ တကယ်ဝမ်းသာစရာပါ။ ဟုတ်ပါတယ်...တကယ် အရေးကြီးတာက ကို Zaw Ye လို တကယ် ဖြစ်စဉ်မှာရှိခဲ့တဲ့ ရဲဘော်တွေရဲ့ အမှန်တရားဘက်မှရပ်တည်မူ့ဟာ
      မကဒတ အတွက်သမိုင်းတခုဖြစ်စင်ပါ။
      February 2 at 5:44pm · · 1
    • Moe Thiha အခုလိုပြောပြပေးတာ..ကျေးဇူးပါဘဲ...ဘာကြောင့်လဲဆိုတော့...ဦးတည်ရာမဲ့..နိုင်ငံရေးမဲ့.သူတွေ..လုပ်လေ့လုပ်ထရှိတဲ့သမရှိးလမ်းစဉ်ပါ...
      February 2 at 7:57pm ·


http://www.facebook.com/groups/320735344631900/doc/321612597877508/

ကျနော်သိခွင့်ရခဲ့သောမကဒတသူရဲကောင်းများ

ကျနော်ကတော့တခါတုံးကကိုဌေးနိုင်နဲ့(၂၀၅)အေဘီအက်စ်ဒီအက်ဖ်မှာအတူနေခဲ့ဘူးတယ်။
(၂၀၅)အေဘီအက်စ်ဒီအက်ဖဟာမိန်းကန့်ဖြစ်တဲ့(၂၀၆)နဲ့သိမ်မဝေးပါဘူး။
များသောအားဖြင့်စစ်သင်တန်းမျိုးစုံကိုမိန်းကန့်မှာဘဲသွားတက်ရတယ်။၂၀၅ တပ်ရင်းနဲ့၂၀၆တပ်ရင်း ကြားထဲမှာမဟာမိတ်ရဲ့ကော်သူးလေမူစလင်တပ်ရင်းတခုရှိတယ်။အဲဒီိတပ်ရင်းရင်ထဲမှာ သစ်ခွဲစက်လဲရှိတယ်,ထိုင်းဘက်ကမ်းကိုကူးသွားချင်ရင်လဲမိုးအေးမြစ်ပေါ်မှာတံတားထိုးတဲ့
အတွက်အလွန်မှဘဲအဆင်ပြေလှတယ်။အဲ…..သူတို့ရဲ့ခေါင်းရှောင်ကြီးကတော့သိတဲ့အတိုင်ဘဲ
မဲဆောက်မှာငြိမ့်နေလေရဲ့။
ကျနော်တို့အတွက်အဆင်မပြေတာကအဲဒီတပ်ရင်းကဖြတ်ပြီး
ထိုင်းဘက်ကမ်းကိုကူးသွားတိုင်လက်နက်ကိုထားခဲ့ရတယ်
,နောက်…မိုးအေးမြစ်ကိုကြိုးနဲ့ဖြတ်ပြီးထိုင်းဘက်ကမ်းကပြန်လာရင်လဲလက်နက်နဲ့ဆိုပေးမဖြတ်ဘူး။

တညနေခင်မှာတော့၂၀၅ တပ်ရင်းက ကျနော်နဲ့ရဲဘော်တချို့ဟာမိန်းကန့်ကစစ်သင်တန်းအပြီးမိုးအေးမြစ်ကန်းဘေး
တနေရာကအမိုးရဲ့ခိုးရောင်းတဲ့
ဆန်အရက်လေးနဲ့ကောင်းပြီးပြန်လာကြတယ်။ဖြစ်ချင်တော့ကိုညိုကြီး(မင်းညိုအောင်ရူပဗေဒ)
ကစပြီးပြန်လာတဲ့လမ်းမှာမဟာမိတ်ကော်သူးလေမူစလင်တပ်ရင်းရဲ့လက်နက်နဲ့
အဲဒီိ့တပ်ရင်းကဖြတ်သွားခွင်မပြုတာပြသာနာတခုဖြစ်လာပြီးအဲဒီတပ်ရင်းရှေ့ရောက်ရောအားလုံးဟာ
တိုင်ပင်မထားဘဲပြိုင်တူမျိုးစုံသောဆဲပွဲကြီးကိုဆင်နွှဲလိုက်ပါ။အားလုံးဟာကောင်းနေတော့ဂိတ်စောင့်
ကသေနတ်မိုးပေါ်ထောင်ပစ်လေကျနော်တို့ကပိုဆဲလေဘဲ။အဲဒီလိုနဲ့တပ်ရင်းကချတ်ပြုတ်ပြီးတပ်စုက
သိမ်းထားတာလေးစား သောက်ပြီးထိုး အိပ်လိုက်ကြပါတယ်။အဲ...ပြဿနာကမိုးလင်းတော့စတော့တာပါဘဲ.....
မဟာမိတ်အုပ်ခူပ်ရေးကော်မတီက
ကျနော်တို့ကိုစစ်ဆေးဘို့ဆိုပြီး၂၀၅တပ်ရင်းအုပ်ချုပ်ရေးကော်မတီကိုတောင်းပါတယ်။
အဲဒီအချိန်ထိပြသာနာကသိပ်ကြီးခဲ့မယ်လို့ထင်မထားခဲ့ပါဘူး။

ဒါပေမယ့် တပ်ရင်းမှာတတိယတာဝန်ရှိတဲ့ကိုဌေးနိုင်နဲ့
ကျနော်တို့ရဲ့တပ်ခွဲမှူးကိုထွန်းထွန်းအောင်
(ပဲခူး သမိုင်း)ဟာပြသာနာဘယ်လောက်ကြီးကြောင်းကိုကောင်းကောင်းသိနေကြတယ်။
တပ်ရင်းမှူးဖြစ်တဲ့
ကိုတင်မောင်ဆန်ဟာသိတဲ့အတိုင်းဘဲမဲဆောက်နဲ့
ဘန်ကောက်နိုင်ငံရေးသမားကြီးတွေဆီမှာပြေးလွှားနေရတာနဲ့ဘဲ
တပ်ရင်းမှာသိပ်မရှိရှာဘူး။အဲ...သူပြန်လာတဲ့အခါလက်သီးလက်မောင်းတန်ပြီးနိုင်ငံရေးသမားကြီးတွေက
ဘာဖြစ်တယ်ညာဖြစ်တယ်ပြောတော့လဲသူကန့်ထဲမှာအမြဲတမ်းမရှိတာကိုမေ့
ပြီးရဲဘော်တွေဟာလက်ခုပ်တီးခဲ့ရတာအမောပါဘဲ။ဒါကယ်တော့…
ကျနော်တို့မှာခေါင်းဆောင်ကောင်ရှားပါးမူ့
ပြသာနာရှိခဲ့ပါတယ်။နောက်ဲမိန်းကန့်၂၀၆ရဲ့တပ်ရင်းမှူးကဦးမျိုချစ်,၂၀၄ တပ်ရင်းမှူးကဖုန်းငိုဆိုတော့လဲ ပြောစရာ  စကားလုံးများရှာမတွေ.။

၂၀၅ရဲ့ဒုတပ်ရင်းမှူကိုကျော်နိုင်ကတော့မဟာမိတ်ကစစ်ဆေးဘို့တောင်းရင်ပေးလိုက်ဘို့အဆင်သင့်ဖြစ်နေပေမယ့် ကျနော်တို့လူဆိုးဒုတပ်သားတွေကိုချစ်ခင်တဲ့သူတွေများကတော့မဟာမိတ်အုပ်ချုပ်ရေးကော်မတီကိုစစ်ဆေးဘို့ပို့မယ်ဆိုရင်တပ်ရင်းထဲကတပ်ခွဲတခုလောက်နောက်ကလိုက် မယ်ဆိုလို့်ပိုရှူပ်ကုန်လိမ့်မယ်။ခက်တာကကျောင်းသားအများစုနေတဲ့တပ်ရင်းဖြစ်တဲ့အခါနားလည်မူ့နဲ့ဘဲ
အုပ်ချုပ်ကြမယ်ဆိုတဲ့အတွက်၂၀၅ တပ်ရင်းမှာအခူပ်ခန်းမရှိဘူး။

အဲဒီအခြေအနေမိုးမှာကိုဌေးနိုင်,ကိုထွန်းထွန်းအောင်တို့ကကျနော်တို့ကိုအားလုံးနဲ့
အဆင်ပြေအောင်ဆိုပြီးမိန်းကန့်မှာရှိတဲ့အခူပ်ခန်းထဲမှာသုံးပတ်လောက်
စံမြန်းနေပါ,တပ်ရင်းကလဲချတ်ပြုတ်ပြီးပို့ဆွမ်းပို့ပေးမယ်ဆိုတဲ့အတွက်မဟာမိတ်အုပ်ခူပ်ရေးကော်မတီနဲ့
လဲအဆင်ပြေ, ကျနော်တို့ကိုတွေချင်ပါတယ်ဆိုလှတဲ့မိန်းကန့်ကမချောများအတွက်လဲအဆင်ပြေအောင်ဆိုပြီး ကျနော်တို့သဘောနဲ့ကျနော်တို့မိန်းကန့်အချုပ်ခန်းကိုရောက်တဲ့အခါ…. ညနေဘက်သင်တန်းပြီး,ထမင်းစားရေးမိုးချိုးတဲ့အခါကျနော်တို့ဆီကိုအကြောင်းမရှိအကြောင်းရှာသူတို့
ခမျာလာလာပြီးပွားရတာမမောမပန်းဘဲ။ညဘက်ညဘက်ဆိုရင်လဲကိုယ်လိုအရက်မူးလို့အခူပ်ကျလာကြရတဲ့သူတွေကလဲသူအဆက်အသွယ် နဲ့အခူပ်ထဲကိုပုလင်းလေးတွေသွင်းလာတော့လဲငြင်းဆိုပြန်ရင်လဲရိုင်းရာကျမှာဖြစ်လို့အားပေးကူးညီရတယ်။
ဒီကြားထဲ မိန်းကန့်မှာသီးတင်းသုံးနေတဲ့ဘုန်းကြီးကျောင်းကဦးဇင်းမီးပေါက်တို့ကလဲ
ဒါကာကြီးတို့ဆင်ကျွေးတဲ့မြတ်လေးသုံးတက်သလားဆိုတော့ တော်လှန်ရေးကြီးမုတ် ချအောင်မြင်ရေးအတွက်အားပေးရပြန်တယ်။
သေချာတာတခုကကျနော်တို့ဟာကိုဌေးနိုင်နဲ့ကိုထွန်းထွန်းအောင်တို့ခေါင်းဆောင်ပီသစွာဖြေရှင်းပေးမူ့
ကြောင့်ကံကောင်းထောက်မစွာဖြင့်မဟာမိတ်အုပ်ခူပ်ရေးကော်မတီထံမှကံသီးပြီးလွတ်လာခဲ့သော်လည်း
ကျနော်တို့ရဲ့အသက်တွေကိုကယ်ခဲ့တဲ့ဒီလူတွေကိုမတရားအသတ်ခံခဲ့တာကြားသိရတဲ့အခါ စိတ်အရမ်းဆင်းရဲရပြီးအော်ဂလီစံအောင် ခံစားရပါတယ်။

    • Nweni Tun ကိုဌေးနိုင်..မိန်းကမ့်ထဲမှာရော..သေ့ဘောဘိုး ထဲမှာရော ဘောလီဘောကစားနေတာကို မှတ်မိနေသေးတယ်..သူအဲဒီလိုမတရားအသတ်ခံလိုက်ရတယ် ကြားတုန်းကတော်တော်စိတ်မကောင်းဖြစ်ရတယ်..
      January 28 at 1:16pm ·
    • Moe Zaw Aung ဟုတ်ပါတယ်...Ma Nweni Tun, ကျနော်ဆိုရင်၂၀၁၀ ကမှသိရတာပါ။ကျနော်တို့ခေါင်းဆောင်တွေကကျနော်သိတယ်ထင်ပြီးအသိ မပေးခဲ့ဘူး။အဲ...မကြာခင်ကဘဲ...တော်...တော်.....များများတော...့ဟိုတစဆွဲဒီတစဆွဲမူ့ကြောင့်ဘာဖြစ်လို့မတရားအသတ်ခံခဲ့ရတယ်ဆိုတာသိလာရပါပြီး။ ကျနော်တို့မကဒတအဖွဲ့ဝင်ဖြစ်ခဲ့သူတိုင်ဟာဒီမတရားလူ့အခွင့်အရေးချိုးဖောက်မှူ့ကိုကျူးလွန်ခဲ့ရတဲ့အကြောင်းရင်းအမှန်အတိုင်းအလုံးစုံသိရှိရဘို့ဟာ မကဒတ အဖွဲ့ဝင်အားလုံး၏တာဝန်ဖြစ်ပါတယ်။
      January 28 at 1:41pm · · 2
    • Zaw Ye Nweni Tun ရယ် မဟုတ်ရ ပါဖူးကွယ် သတင်းမှားတွေ နဲ့ ဖွနေကြတာပါ အဖမ်းခံရတယ် ဆိုတာတော့ ဟုတ်ပါတယ်
      January 28 at 2:08pm · · 1
    • Poe Kay ကျနော်လည်း ဒီလိုဘဲသိထားတယ်။
      January 28 at 8:06pm ·
    • Moe Zaw Aung
      ‎"အေဘီမြောက်ပိုင်းလုပ်ကြံမှုများရဲ့ နောက်ဆက် အေဘီတောင်ပိုင်းအရေးအခင်းအကြောင်း"။ Moe Sal: ကိုဌေးနိုင်သေဆုံးတဲ့ကိစ္စ ကိုမိုးသီး ဘက်ခြမ်းမှာ ဖြစ်ခဲ့တာ မြောက်ပိုင်းကမနန်းအောင်ထွေးကြည်မှ ကိုစိုးလင်းကို ထောက်လှမ်းရေးလို့ ၀န်ခံခဲ့ရ, ကိုစိုးလင်းက ကိုနေ၀င်းအောင်ကို ထောက်လှမ်းရေးလို့ ၀န်ခံခဲ့ရ, ကိုနေ၀င်းအောင်က ကိုဌေးနိုင်ကို ထောက်လှမ်းရေးလို့ ၀န်ခံခဲ့ရတာပါ။တကယ်လို့ မနန်းအောင်ထွေးကြည်,ကိုစိုးလင်းနဲ့ ကိုနေ၀င်းအောင်တို့ထောက်လှမ်းရေး မဟုတ်ဘဲလွတ်ပေးလိုက်ရရင် ကိုဌေးနိုင်ဟာ ထောက်လှမ်းရေး ဟုတ်ကို မဟုတ်နိုင်တော့ပါဘူး။ ကိုဌေးနိုင်ကိစ္စနဲ့ ဥက္ကဌကို စွပ်စွဲနေတာ တိုက်ခိုက်နေတာ မဟုတ်ဘူးဗျ ဘာဖြစ်လို့ ဘယ်လို သေဆုံးခဲ့သလဲ ဆိုတာ မေးနေတာပါ။ ကိုအောင်သူငြိမ်းကတော့ သူ့ဘာသာ သတ်သေတယ်ပြောတယ် သူဘာသာ နေရင်းထိုင်ရင်း အချုပ်ထဲ သတ်တော့ မသေလောက်ဘူးဗျ သေလောက်အောင် အကြောင်းရှိမယ်လို့ ထင်ပါတယ်။ဒါတွေကို ဖြောက်ဖျက်ပြစ်တိုင်း မပျောက်ဘူး ဆိုတာတော့ ဥက္ကဌ သိမှာပါ။ ခုလို ကျနော်ရေးတာ ဥက္ကဌကို မနာလို လို့ မကျေနပ်လို့ ပုဂ္ဂရေး အရတိုက်ခိုက်နေတာ မဟုတ်ပါဘူး။ တိုက်စရာလဲ မရှိပါဘူး ဥက္ကဌပြောတဲ့ ဒါ မတရားဘူး ထင်ရင် မတရားဘူး ပြောပါဆိုလို့ ပြောတာပါ။ ကျနော့်နံမည်ရင်းက တင်နိုင်ထွန်းပါ မြောင်းမြ လူဘောင်သစ်ဒီမိုကရက်တစ်က ဗကသရဲဘော်ပါ။ မတရားဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသူ ရဲဘော်နေ၀င်းအောင်၏ ၁၉၉၆ ခုနှစ်ထုတ်ဖော်ချက် အပြည့်အစုံ ထွက်ရှိ- မိုးမခ ဇန်န၀ါရီ ၂၇၊ ၂၀၁၂
      http://moemaka.com/2012/01/nay-win-aung-%E1%80%B1%E1%80%A1%E1%80%98%E1%80%AE%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%AF%E1%80%AF/
      moemaka.com
      အေဘီမြောက်ပိုင်းလုပ်ကြံမှုများရဲ့ နောက်ဆက် အေဘီတောá€...
      January 29 at 7:09am · · 1
    • Aung Htun ဌေးနိုင် သေဆုံးရခြင်း နဲ့  ပါတ်သက်ပြီး အကိုအရင်းဖြစ် သူက သေဆုံး သွားရတဲ့ နေ့ ရက် အတိအကျ နှင့်  သေဆုံးရပုံ ကိုသိဖို့  တောင်းဆိုနေတာ တရားမျှတပါတယ်။ အတိအကျ သိရှိထားသော လူများက မိမိတို့ ၏ AB မိသားစု သဖွယ် သဘောထား ကူညီပြောကြား ပေးစေချင်ပါတယ်။ဒါမှလဲ ကျန်ရစ်သူ မိသားစုများ အနေနဲ့  ရက်လည် သပိတ်သွတ် လုပ်ငန်းများ ကို စိတ် သန့် သန့် ရှင်းရျင်း နှင့် လုပ်ဆောင်သွား နိုင်မှာဖြစ်ပါတယ်။


ဆရာကြီးမိုးသီး
ကျွေးတဲ့လက်ကို ပြန်ကိုက်ခြင်း
အမေရိကန်နိုင်ငံဆိုတာ ဥရောပတိုက်သားတွေ ရှာဖွေတွေ့ ရှိပြီး
နယ်မြေသစ်လို့ ခေါ်ဝေါ်ကာ အခြေချနေထိုင်ခဲ့ ကြတဲ့ ဒေသကြီးပေါ့ ။
လူမျိုးပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ အတွေး အမြင်သစ်ပေါင်းစုံ
လျှင်သူစားစတမ်း စုပေါင်းနေကြတဲ့ သူရဲကောင်းတို့ တိုင်းပြည်တခုပေါ့။
တကယ်တော် တကယ်တတ်ရင် ဝင်တိုးကြည့် စမ်းကြည့်ကြပေါ့ ။
မိမိတိုင်းပြည်အတွက် မိမိအတွက် အောင်မြင်သူတွေ အများကြီးပါ ။
အခြားတိုင်းပြည်က လူတွေ အလုပ်တွေလုပ်ကြပြီး
မိမိခေါင်းဆောင်ကို ထောက်ပံ့ကြလို့  လွတ်လပ်သွားတဲ့ တိုင်းပြည်တွေ အများကြီးပါ ။
မြန်မာပြည်သားတွေကကော ဘယ်သူ့ ကိုထောက်ပံ့ ပံ့ပိုးကြမှာလည်း၊
အမေရိကန်အစိုးရကလည်း ကူညီဖို့ စောင့်နေတယ် ။
ရည်မှန်းချက် မရတဲ့သူတွေကတော့ ဒီလိုသုံးသပ်ကြတယ် ။

အမေရိကန်က မြန်မာပြည်မှာ သူ့အကျိုးစီးပွါးမရှိနိုင်တဲ့ အတွက်
စိတ်မဝင်စားနိုင်ကြောင်းကို ကိုမိုးသီးဇွန်နှင့် ကိုနေနွယ် တို့က ဆွေးနွေးထားတာပါ။
ဗီဒီယို - နေ့သစ် (မီဒီယာ)



No comments:

Post a Comment