ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, April 13, 2010

မြတ်စိုး ဝန်ချတာလား

ကိုကျော်မြတ်ထူး နဲ့ ၈၈၈၈ ပြည်သူ့နေ့စဉ်ခင်ဗျား

ဆရာဒေါက်တာလွမ်းဆွေ၊ ဆရာရွှေထီး၊ ဆရာ မောင်မောင်စိုး၊ ဆရာ ကျော်သက်၊ ဆရာအောင်မိုးဝင်း၊
ဆရာမ အတာ၊ ဆရာ နေလင်း ၊ ဆရာ ခင်မောင်စိုး ( RFA) တို့ကို မိန်းကလေးနာမည်နဲ့ အီးမေးသုံးတိုက်ခိုက်မိတာ
ကျနော် မြတ်စိုးဖြစ်ပါတယ်။ ကျနော် အလုပ်မရှိတာ နှစ်ချီနေပြီဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပါဘူး။
လုပ်မိလုပ်ရာလုပ်လိုက်တာကိုခွင့်လွှတ်ကြပါခင်ဗျား။

ဟိုတခါကလည်း အင်္ဂလန်ကဘုန်းကြီးဦးဥတ္တမ ကို ဆရာအောင်မိုးဝင်းလိုဂို ကို သုံးပြီး အဓိကရေးတိုက်ခိုက်ခဲ့တာ
ကျနော် မြတ်စိုး ပါ။ သခင်သန်းထွန်းနာမည်သုံးပြီး လူထုဒေါ်အမာ ကိုစော်ကားတာလည်း
ကျနော်နဲ့ကျနော့အဖေ ဦးဘိုဘိုကျော်ငြိမ်းဖြစ်ပါတယ်။ ဦးဘိုဘိုကျော်ငြိမ်းက ကျနော့အမေရဲ့ပထမအိမ်ထောင်ပါ။
နိုင်ငံရေးတခါမှမလုပ်ခဲ့ဘူးတဲ့ ကျနော်ဟာ ဗမာအမျိုးသမီးတွေကိုလည်း မကူညီတဲ့အပြင်
အမျိုးမျိုးစော်ကားခဲ့ပါတယ်။ ဒါကြောင့်လည်း ဆရာကျော်သက် က ကျနော့ကို ပါးရိုက်ဆုံးမခဲ့ပါတယ်။
ပြုပြင်ဖို့ပြောခဲ့ပါတယ်။ ဒါကြောင့် ဆရာကျော်သက်ကိုမကျေနပ်ပါ။
ကိုရမ်းကားရဲ့မိန်းမက မြတ်စိုး နင်သာ နိုင်ငံရေးလုပ်လို့ကတော့ ငါကိုယ်တိုင်းတက်ပြီးပါးရိုက်မယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါကြောင့်ကျနော်နိုင်ငံရေးမလုပ်တာပါ။ ကျနော့ကိုနိုင်ငံရေးလုပ်စေချင်ရင်၊ ကိုရမ်းကားမိန်းမ ကို ထိန်းပေးပါ။

ကိုမိုးသီးကြွားပြောတဲ့ ရှစ်လေးလုံးကျောင်းသားတွေအစည်းအဝေးလုပ်တာမဟုတ်ဘူးဆိုတာကို
ဆရာမောင်မောင်ကျော်နဲ့ ဆရာ နိုင်အောင် တို့ က အားလုံးကိုရှင်းပြပြီးပါပြီ။
တကယ်တော့ ကျနော့ရဲ့ဆရာမ မခင်ဥမ္မာမွေးနေ့ပွဲ ကို ကျင်းပရင်း အားလုံးကိုချစ်ချစ်ကြည်ကြည်ထမင်းစားတာပါ။
ကိုမိုးသီး ဖိန့်ဖိန့်ဖိန့်ဖိန့်လုပ်တာ လူတိုင်းသိပြီးပါပြီ။
ဆရာနိုင်အောင်တို့အုပ်စုက ကျနော်တို့ ကိုမိုးသီးအုပ်စုလိုမဟုတ်ပါဘူး။ အားလုံးကိုလေးလေးစားစားဆက်ဆံပါတယ်။
ကျနော်တို့ကတော့ လူတွေအပေါ်ရိုင်းပါတယ်။ ဘာလို့ ကျနော် ဒါလောက်ရိုင်းရသလဲဆိုတာ
အမေ့ကို ညကျရင်ကျနော်ကိုယ်တိုင်မေးပါမယ်။
( ကျနော့ အမေ ဘာ အလုပ်လုပ်တယ်။ ဘယ်မှာနေတယ်ဆိုတာ ကို ဆရာ ကိုရွှေထီးလျှောက်မပြောစေချင်ပါ။
ကျနော်နောက်ထပ်အမှားလုပ်မိရင်တော့ ပြောပေါ့)
ဆရာ ကိုရွှေထီးခင်ဗျား
အလုပ်ရှာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်နောင်လည်းကူညီပါအုံး။
ကျနော့ဘဝက ကမ်းမမြင်၊ လေမမြင်မို့ပါ။

မြတ်စိုး ( ဝီဝင်း ဝီကိုက်)

No comments:

Post a Comment